This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ပရိသတ္ေတြရဲ႕ ေအာ္ဟစ္ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရတဲ့ ဂ်ာမနီ ကြင္းလယ္လူ ဂန္ဒိုဂန္

ကမၻာ႔ဖလားၿပိဳင္ပြဲ မတိုင္ခင္ ေနာက္ဆံုးကစားခဲ့တဲ့ ေဆာ္ဒီအသင္းနဲ႔ ေျခစမ္းပြဲမွာ ဂ်ာမနီ ကြင္းလယ္လူ ဂန္ဒိုဂန္ Gundogan ဟာ ပရိသတ္ေတြရဲ႕ ေအာ္ဟစ္ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရပါတယ္။ ကြင္းလယ္လူ ဂန္ဒိုဂန္ Gundogan ေဘာလံုးထိတဲ့ အခ်ိန္တိုင္းမွာ ပရိသတ္ေတြက က်ယ္ေလာင္စြာ ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့ၾကတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေမလအတြင္း တူရကီႏိုင္ငံ သမၼတ အာဒိုဂန္ Erdogan နဲ႔ ေတြ႔ဆံုခဲ့စဥ္ ‘ကၽြန္ေတာ့္ရဲ႕ သမၼတ’ ဆိုတဲ့ အသံုးအႏႈန္းကို ဂန္ဒိုဂန္ Gundogan အသံုးျပဳခဲ့လို႔ ဂ်ာမန္ပရိသတ္ေတြက ေဒါသထြက္ခဲ့တာျဖစ္ပါတယ္။ လန္ဒန္ၿမိဳ႕ကို တူရကီ သမၼတ အာဒိုဂန္ Erdogan လာေရာက္ခဲ့စဥ္ သြားေရာက္ေတြ႔ဆံုခဲ့တဲ့ ဂ်ာမနီကြင္းလယ္လူေတြျဖစ္တဲ့ အိုေဇးလ္ Ozil နဲ႔ ဂန္ဒိုဂန္ Gundogan တို႔ကို ဂ်ာမန္ေဘာလံုးအဖြဲ႔ခ်ဳပ္က ျပစ္တင္ ေဝဖန္ခဲ့သလို ၿပီးခဲ့တဲ့ စေနေန႔က ကစားခဲ့တဲ့ ၾသစႀတီးယားအသင္းနဲ႔ ေျခစမ္းပြဲမွာလည္း ပရိသတ္ေတြရဲ႕ ေအာ္ဟစ္ေလွာင္ေျပာင္ျခင္းကို ခံခဲ့ၾကရပါတယ္။ ေဆာ္ဒီအသင္းနဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာေတာ့ ဒဏ္ရာျပႆနာ အနည္းငယ္ရွိေနတဲ့ ကြင္းလယ္လူ အိုေဇးလ္ Ozil မပါဝင္ႏိုင္ခဲ့ပါဘူး။

Gundogan-and-Ozil-met-Turkeys-President

Gundogan-and-Ozil-met-Turkeys-President

ဂ်ာမနီအသင္းနည္းျပ ဂ်ိဳအာခ်င္လိုး Joachim Low ကေတာ့ ဂန္ဒိုဂန္ Gundogan ကို ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့တဲ့ အသင္းပရိသတ္ေတြကို ေဒါသထြက္ခဲ့ၿပီး အၿပီးသတ္ လူစာရင္းမွာ ပါဝင္လာတဲ့ တူရကီႏြယ္ဖြား ကစားသမားေတြကို အားေပးစကား ေျပာၾကားခဲ့ပါတယ္။ ပရိသတ္ရဲ႕ ေအာ္ဟစ္ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရေပမယ့္ ေဆာ္ဒီနဲ႔ ပြဲစဥ္မွာ ဂန္ဒိုဂန္ Gundogan အေနနဲ႔ အေရးပါတဲ့ ဖ်က္ထုတ္မႈ (၂)ႀကိမ္ခန္႔ ျပဳလုပ္ခဲ့ပါတယ္။ အခုတစ္ပတ္ အေစာပိုင္းမွာထဲက ပရိသတ္ေတြရဲ႕ တံု႔ျပန္မႈေတြေၾကာင့္ ေျခစြမ္းပိုင္း ရုန္းကန္ခဲ့ရေၾကာင္း ဂန္ဒိုဂန္ Gundogan က ေျပာၾကားခဲ့ပါတယ္။ ဂန္ဒိုဂန္ Gundogan ဟာ ဂ်ာမနီႏိုင္ငံမွာ ေမြးဖြားခဲ့တဲ့ တူရကီလူမ်ိဳးတစ္ေယာက္ ျဖစ္ပါတယ္။

REF:BBC Sports
Photo:itv.com, sportsdroid
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်ခြင်းကို ခံခဲ့ရတဲ့ ဂျာမနီ ကွင်းလယ်လူ ဂန်ဒိုဂန်

ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ဆော်ဒီအသင်းနဲ့ ခြေစမ်းပွဲမှာ ဂျာမနီ ကွင်းလယ်လူ ဂန်ဒိုဂန် Gundogan ဟာ ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။ ကွင်းလယ်လူ ဂန်ဒိုဂန် Gundogan ဘောလုံးထိတဲ့ အချိန်တိုင်းမှာ ပရိသတ်တွေက ကျယ်လောင်စွာ အော်ဟစ်လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်း တူရကီနိုင်ငံ သမ္မတ အာဒိုဂန် Erdogan နဲ့ တွေ့ဆုံခဲ့စဉ် ‘ကျွန်တော့်ရဲ့ သမ္မတ’ ဆိုတဲ့ အသုံးအနှုန်းကို ဂန်ဒိုဂန် Gundogan အသုံးပြုခဲ့လို့ ဂျာမန်ပရိသတ်တွေက ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။ လန်ဒန်မြို့ကို တူရကီ သမ္မတ အာဒိုဂန် Erdogan လာရောက်ခဲ့စဉ် သွားရောက်တွေ့ဆုံခဲ့တဲ့ ဂျာမနီကွင်းလယ်လူတွေဖြစ်တဲ့ အိုဇေးလ် Ozil နဲ့ ဂန်ဒိုဂန် Gundogan တို့ကို ဂျာမန်ဘောလုံးအဖွဲ့ချုပ်က ပြစ်တင် ဝေဖန်ခဲ့သလို ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ သြစတြီးယားအသင်းနဲ့ ခြေစမ်းပွဲမှာလည်း ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်ခြင်းကို ခံခဲ့ကြရပါတယ်။ ဆော်ဒီအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာတော့ ဒဏ်ရာပြဿနာ အနည်းငယ်ရှိနေတဲ့ ကွင်းလယ်လူ အိုဇေးလ် Ozil မပါဝင်နိုင်ခဲ့ပါဘူး။

Gundogan-and-Ozil-met-Turkeys-President

Gundogan-and-Ozil-met-Turkeys-President

ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုး Joachim Low ကတော့ ဂန်ဒိုဂန် Gundogan ကို အော်ဟစ်လှောင်ပြောင်ခဲ့တဲ့ အသင်းပရိသတ်တွေကို ဒေါသထွက်ခဲ့ပြီး အပြီးသတ် လူစာရင်းမှာ ပါဝင်လာတဲ့ တူရကီနွယ်ဖွား ကစားသမားတွေကို အားပေးစကား ပြောကြားခဲ့ပါတယ်။ ပရိသတ်ရဲ့ အော်ဟစ်လှောင်ပြောင်ခြင်းကို ခံခဲ့ရပေမယ့် ဆော်ဒီနဲ့ ပွဲစဉ်မှာ ဂန်ဒိုဂန် Gundogan အနေနဲ့ အရေးပါတဲ့ ဖျက်ထုတ်မှု (၂)ကြိမ်ခန့် ပြုလုပ်ခဲ့ပါတယ်။ အခုတစ်ပတ် အစောပိုင်းမှာထဲက ပရိသတ်တွေရဲ့ တုံ့ပြန်မှုတွေကြောင့် ခြေစွမ်းပိုင်း ရုန်းကန်ခဲ့ရကြောင်း ဂန်ဒိုဂန် Gundogan က ပြောကြားခဲ့ပါတယ်။ ဂန်ဒိုဂန် Gundogan ဟာ ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့တဲ့ တူရကီလူမျိုးတစ်ယောက် ဖြစ်ပါတယ်။

REF:BBC Sports
Photo:itv.com, sportsdroid
Aung Kyaw Wai (Akhayar)
www.akhayar.com