[Zawgyi]






Android – Play Store

Apple – App Store

Ref;PhoneArena


[Unicode]

ဂီတပညာလေ့လာနေသူတွေအတွက် အသုံးပြုသင့်တဲ့ GuitarTuna

ဒီတစ်ခေါက်မှာတော့ ဂစ်တာတီး ပညာကို စိတ်ပါဝင်စားပြီး ကိုယ်တိုင် Self-study လုပ်ချင်တဲ့သူတွေအတွက် အထောက်အကူဖြစ်စေမယ့် GuitarTuna ဆိုတဲ့ App အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

အရင်ကဆို ဂစ်တာတီးလေ့ကျင့်နေရင်း Key ညှိဖို့လိုလာတဲ့အခါမှာ ကိုယ်ညှိလိုက်တဲ့ Key ကမှန်မမှန်ပြန်စစ်ဖို့မလွယ်လှပါဘူး။ ဒါပေမယ့် ယခုနောက်ပိုင်းမှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ စမတ်ဖုန်းတစ်လုံးရှိယုံနဲ့ ဂီတာ Key တွေကိုမှန်ကန်စွာချိန်ညှိပေးနိုင်နေပြီဖြစ်ပါတယ်။ ဒီလို ပြုလုပ်ဖို့အတွက် Application အကူအညီတော့ ရယူဖို့လိုအပ်မှာဖြစ်ပြီး ဖုန်းနဲ့ သက်ဆိုင်ရာ App Store မှာလည်း များစွာတော့ App တွေကို တွေ့မြင်ရပါတယ်။ အဲ့ထဲကမှ တစ်ကယ်ထိထိရောက်ရောက်အသုံးဝင်တဲ့ App ကိုရွေးထုတ်ရာမှာတော့ နောက်ဆုံးမှာ GuitarTuna ကိုရွေးခဲ့ပါတယ်။

GuitarTuna ဟာ Android ရော iOS မှာပါ အသီးသီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။၎င်း App ကို ဖုန်းမှာ ဖွင့်ထားပြီး ဂစ်တာတီးလိုက်တာနဲ့ ကိုယ်တီးနေတာ ဘာ Key လဲဆိုတာရယ် Key က ဘယ်ဘက်ကို ရောက်နေလဲဆိုတာရယ် အသေးစိတ်မှန်ကန်စွာဖော်ပြပေးနိုင်တာပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ၊ အခြားဂီတ တူရိယာပစ္စည်းတွေဖြစ်တဲ့ bass, ukulele, violin, cello, banjo, နဲ့ အခြား Popular string Instruments တွေကိုပါ ချိန်ညှိပေးနိုင်ပါသေးတယ်။ ဒါကြောင့် GuitarTuna ရှိနေရင်သင်ဟာ App Store မှာတခြား App တွေကိုသီးသန့်ရှာနေဖို့မလိုတော့ပါဘူး။

Download ပြုလုပ်ချင်တယ်ဆိုရင်တော့

Android – Play Store

Apple – App Store

Ref;PhoneArena

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။