[Zawgyi]

Kate Upton ကုိ လိင္ပိုင္းဆိုင္ရာထိပါးမႈေတြေၾကာင့္ ႏႈတ္ထြက္လိုက္ရတဲ့ GUESS ရဲ႕ Co-Founder

ကမ႓ာေက်ာ္ Luxury High End Brand ႀကီးျဖစ္တဲ့ GUESS ရဲ႕ Co-Founder Paul Marciano ကေတာ့ ႐ုပ္ရွင္မင္းသမီးနဲ႔ ေမာ္ဒယ္လ္ျဖစ္သူ Kate Upton အေပၚ လိင္ပိုင္းဆိုင္ရာေႏွာင္႔ယွက္မႈေတြလုပ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခံရမႈေတြအၿပီးမွာ ၃၇ ႏွစ္တာ တာဝန္ထမ္းေဆာင္ခဲ့ရတဲ့ GUESS ရဲ႕ Executive Chairman အျဖစ္ကေန ႏႈတ္ထြက္ေပးခဲ့ရပါၿပီ။

ဒီသတင္းကို Kate Upton ဟာ January လတုန္းက Twitter မွာ မွ်ေဝခဲ့တာျဖစ္ၿပီး သူမအသက္ ၁၈ ႏွစ္အရြယ္တုန္းက Paul Marciano ဟာ သူမကို ပြတ္သပ္ထိေတြ႕ၿပီး လိင္ပိုင္းဆိုင္ရာစိတ္အေႏွာင့္အယွက္ျဖစ္ေစမယ့္ အျပဳအမူေတြျပဳလုပ္ခဲ့ပါတယ္လို႔ ဆိုခဲ့ပါတယ္။ သူမဟာ ဒီသတင္းကို တစ္ကမ႓ာလံုးက အမ်ိဳးသမီးေတြ လိင္ပိုင္းဆိုင္ရာနဲ႔အၾကမ္းဖက္မႈေတြအေပၚဆန္႔က်င္ေနၾကတဲ့ #metoo ဆိုတဲ့ Campaign ထဲမွာ ပါဝင္ ေဝမွ်ခဲ့တာျဖစ္ပါတယ္။

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

GUESS Lingerie Campaign ရဲ႕ ပထမဆံုး Shooting ရက္မွာ Paul ဟာ သူမနဲ႔ေတြ႕ခ်င္တယ္ဆိုတာေၾကာင့္ သူမဟာ ဓါတ္ပံုဆရာ Yu Tsai နဲ႔အတူ အခန္းထဲဝင္လာတဲ့အခါ Paul ဟာ သူမဆီကို တည့္တည့္လာၿပီး သူမရဲ႕ရင္သားေတြကို အားနဲ႔ဖိကိုင္ကာ အသားယူခဲ့ပါတယ္တဲ့။ သူမတြန္းထုတ္လိုက္တဲ့အခါမွာေတာ့ Paul က ရင္သား စစ္၊ မစစ္ ေသခ်ာေအာင္စမ္းသပ္တာလို႔ ေျပာခဲ့ပါတယ္။

Kate က ထပ္မံၿပီး အေသအခ်ာေျပာဆိုခဲ့တာက ေတြ႕ဆံုပြဲတစ္ေလွ်ာက္လံုးမွာလည္း Paul ဟာ သူမရဲ႕ ဦးေခါင္းေနာက္ကေန ဆြဲလွည့္ၿပီး သူမရဲ႕မ်က္ႏွာကို အတင္းအၾကပ္နမ္းဖို႔လည္း ၾကံခဲ့ပါေသးတယ္တဲ့။ သူမရဲ႕ ဆက္တိုက္ ျငင္းဆန္မႈေတြေၾကာင့္ ေနာက္ဆံုးေတာ့ ေတြ႕ဆံုပြဲအၿပီးမွာ Paul ရဲ႕ ဆႏၵကိုမလိုက္ေလ်ာခဲ့မႈေတြေၾကာင့္ အလုပ္ကိစၥေတြပယ္ဖ်က္ခံခဲ့ရပါတယ္။

Paul ဟာ Kate Upton တစ္ေယာက္တည္းသာမကဘဲ တျခားေသာ Model ေတြထဲကတစ္ေယာက္ျဖစ္သူ Lindsey Ring ကိုလည္း အဲ့လိုလိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္မႈေတြလုပ္ခဲ့ပါေသးတယ္။

Mega

အဲ့လို အမ်ိဳးသမီးေတြအေပၚထိပါးေႏွာင့္ယွက္မႈေတြျပဳလုပ္ခဲ့တယ္လို႔ စြပ္စြဲခ်က္ေတြ ဆက္တိုက္ထြက္လာခဲ့ၿပီးေနာက္ ကုမၸဏီကိုယ္တိုင္ အထူးစစ္ေဆးေရးတစ္ရပ္ဖြဲ႕ခဲ့ၿပီး လူ ၄၀ ေက်ာ္ကို စစ္ေဆးေမးျမန္းမႈေတြလုပ္ခဲ့တဲ့အၿပင္ လူမႈကြန္ရက္ေပၚက စာရြက္စာတမ္း၊ Email ေတြ၊ ဗီဒီယိုေတြ၊ အသံဖိုင္ေတြ၊ ဓါတ္ပံုေတြနဲ႔ တျခားစာရြက္စာတမ္းေပါင္း ၁.၅ သန္းေက်ာ္နဲ႔ ေသခ်ာစစ္ေဆးခဲ့ပါတယ္။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္ 

Paul ဟာ ဒီစြပ္စြဲခ်က္ေတြကို ျငင္းဆန္ခဲ့ေပမယ့္ ကုမၸဏီကေနထြက္ဖို႔ေတာ့ ျပင္ဆင္ခဲ့ရပါၿပီ။ စြပ္စြဲခ်က္ေတြေတာ္ေတာ္မ်ားမ်ားဟာ အတိအက် သက္ေသျပဖို႔ခဲယဥ္းတဲ့အျပင္ ၊ ကိုယ္တိုင္သက္ေသထြက္ဆိုဖို႔ အဆင္မေျပသူေတြ၊ သတင္းအခ်က္အလက္ေပးပို႔မႈ မျပည့္စံုတာေတြေၾကာင့္ အတိအက် စြပ္စြဲဖို႔ခဲယဥ္းခဲ့ပါတယ္။ ဒါ့အျပင္ Paul ဘက္ကလည္း ေမာ္ဒယ္လ္ေတြ ၊ ဓါတ္ပံုဆရာေတြနဲ႔ ဆက္ဆံေရးေတြအေပၚယံုၾကည္ရေလာက္တဲ့ ထြက္ဆိုမႈေတြ ဆိုခဲ့တာမို႔ အျပစ္ေပးဖို႔ ခဲယဥ္းခဲ့ပါတယ္။

ဘာပဲျဖစ္ျဖစ္ Paul ကေတာ့ ႏႈတ္ထြက္ဖို႔ ျပင္ဆင္ထားၿပီး လုပ္ငန္းခြင္စာခ်ဳပ္အရ သူ႕ရဲ႕လစာေတြကိုေတာ့ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၃၀ ရက္ေန႔အထိ ရရွိေနဦးမွာ ျဖစ္ပါတယ္။

ကုမၸဏီအေနနဲ႔လည္း အဲ့ဒီလို စြပ္စြဲခ်က္ေတြျဖစ္လာေစတဲ့ လူငါးဦးနဲ႔ ညွိႏိႈင္းခဲ့ရၿပီး ေဒၚလာ ငါးသိန္းထိ ေက်ေအးေငြေပးခဲ့ရပါတယ္။ အဲ့ဒီ လူ ၅ ဦးရဲ႕ အမည္ကို ထုတ္ေဖာ္မေျပာခဲ့တာမို႔ Kate Upton လည္း ပါဝင္မလားဆိုတာေတာ့ မေသခ်ာခဲ့ပါဘူး။

EiEiKhineMinn (Akhayar)

[Unicode]

Kate Upton အပေါ် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေကြောင့် နှုတ်ထွက်လိုက်ရတဲ့ GUESS ရဲ့ Co-Founder

ကမ္ဘာကျော် Luxury High End Brand ကြီးဖြစ်တဲ့ GUESS ရဲ့ Co-Founder Paul Marciano ကတော့ ရုပ်ရှင်မင်းသမီးနဲ့ မော်ဒယ်လ်ဖြစ်သူ Kate Upton အပေါ် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲခံရမှုတွေအပြီးမှာ ၃၇ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ရတဲ့ GUESS ရဲ့ Executive Chairman အဖြစ်ကနေ နှုတ်ထွက်ပေးခဲ့ရပါပြီ။

ဒီသတင်းကို Kate Upton ဟာ January လတုန်းက Twitter မှာ မျှဝေခဲ့တာဖြစ်ပြီး သူမအသက် ၁၈ နှစ်အရွယ်တုန်းက Paul Marciano ဟာ သူမကို ပွတ်သပ်ထိတွေ့ပြီး လိင်ပိုင်းဆိုင်ရာစိတ်အနှောင့်အယှက်ဖြစ်စေမယ့် အပြုအမူတွေပြုလုပ်ခဲ့ပါတယ်လို့ ဆိုခဲ့ပါတယ်။ သူမဟာ ဒီသတင်းကို တစ်ကမ္ဘာလုံးက အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာနဲ့အကြမ်းဖက်မှုတွေအပေါ်ဆန့်ကျင်နေကြတဲ့ #metoo ဆိုတဲ့ Campaign ထဲမှာ ပါဝင် ဝေမျှခဲ့တာဖြစ်ပါတယ်။

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

GUESS Lingerie Campaign ရဲ့ ပထမဆုံး Shooting ရက်မှာ Paul ဟာ သူမနဲ့တွေ့ချင်တယ်ဆိုတာကြောင့် သူမဟာ ဓါတ်ပုံဆရာ Yu Tsai နဲ့အတူ အခန်းထဲဝင်လာတဲ့အခါ Paul ဟာ သူမဆီကို တည့်တည့်လာပြီး သူမရဲ့ရင်သားတွေကို အားနဲ့ဖိကိုင်ကာ အသားယူခဲ့ပါတယ်တဲ့။ သူမတွန်းထုတ်လိုက်တဲ့အခါမှာတော့ Paul က ရင်သား စစ်၊ မစစ် သေချာအောင်စမ်းသပ်တာလို့ ပြောခဲ့ပါတယ်။

Kate က ထပ်မံပြီး အသေအချာပြောဆိုခဲ့တာက တွေ့ဆုံပွဲတစ်လျှောက်လုံးမှာလည်း Paul ဟာ သူမရဲ့ ဦးခေါင်းနောက်ကနေ ဆွဲလှည့်ပြီး သူမရဲ့မျက်နှာကို အတင်းအကြပ်နမ်းဖို့လည်း ကြံခဲ့ပါသေးတယ်တဲ့။ သူမရဲ့ ဆက်တိုက် ငြင်းဆန်မှုတွေကြောင့် နောက်ဆုံးတော့ တွေ့ဆုံပွဲအပြီးမှာ Paul ရဲ့ ဆန္ဒကိုမလိုက်လျောခဲ့မှုတွေကြောင့် အလုပ်ကိစ္စတွေပယ်ဖျက်ခံခဲ့ရပါတယ်။

Paul ဟာ Kate Upton တစ်ယောက်တည်းသာမကဘဲ တခြားသော Model တွေထဲကတစ်ယောက်ဖြစ်သူ Lindsey Ring ကိုလည်း အဲ့လိုလိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေလုပ်ခဲ့ပါသေးတယ်။

Mega

အဲ့လို အမျိုးသမီးတွေအပေါ်ထိပါးနှောင့်ယှက်မှုတွေပြုလုပ်ခဲ့တယ်လို့ စွပ်စွဲချက်တွေ ဆက်တိုက်ထွက်လာခဲ့ပြီးနောက် ကုမ္ပဏီကိုယ်တိုင် အထူးစစ်ဆေးရေးတစ်ရပ်ဖွဲ့ခဲ့ပြီး လူ ၄၀ ကျော်ကို စစ်ဆေးမေးမြန်းမှုတွေလုပ်ခဲ့တဲ့အပြင် လူမှုကွန်ရက်ပေါ်က စာရွက်စာတမ်း၊ Email တွေ၊ ဗီဒီယိုတွေ၊ အသံဖိုင်တွေ၊ ဓါတ်ပုံတွေနဲ့ တခြားစာရွက်စာတမ်းပေါင်း ၁.၅ သန်းကျော်နဲ့ သေချာစစ်ဆေးခဲ့ပါတယ်။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန် 

Paul ဟာ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပေမယ့် ကုမ္ပဏီကနေထွက်ဖို့တော့ ပြင်ဆင်ခဲ့ရပါပြီ။ စွပ်စွဲချက်တွေတော်တော်များများဟာ အတိအကျ သက်သေပြဖို့ခဲယဉ်းတဲ့အပြင် ၊ ကိုယ်တိုင်သက်သေထွက်ဆိုဖို့ အဆင်မပြေသူတွေ၊ သတင်းအချက်အလက်ပေးပို့မှု မပြည့်စုံတာတွေကြောင့် အတိအကျ စွပ်စွဲဖို့ခဲယဉ်းခဲ့ပါတယ်။ ဒါ့အပြင် Paul ဘက်ကလည်း မော်ဒယ်လ်တွေ ၊ ဓါတ်ပုံဆရာတွေနဲ့ ဆက်ဆံရေးတွေအပေါ်ယုံကြည်ရလောက်တဲ့ ထွက်ဆိုမှုတွေ ဆိုခဲ့တာမို့ အပြစ်ပေးဖို့ ခဲယဉ်းခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Paul ကတော့ နှုတ်ထွက်ဖို့ ပြင်ဆင်ထားပြီး လုပ်ငန်းခွင်စာချုပ်အရ သူ့ရဲ့လစာတွေကိုတော့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ရရှိနေဦးမှာ ဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့လည်း အဲ့ဒီလို စွပ်စွဲချက်တွေဖြစ်လာစေတဲ့ လူငါးဦးနဲ့ ညှိနှိုင်းခဲ့ရပြီး ဒေါ်လာ ငါးသိန်းထိ ကျေအေးငွေပေးခဲ့ရပါတယ်။ အဲ့ဒီ လူ ၅ ဦးရဲ့ အမည်ကို ထုတ်ဖော်မပြောခဲ့တာမို့ Kate Upton လည်း ပါဝင်မလားဆိုတာတော့ မသေချာခဲ့ပါဘူး။

EiEiKhineMinn (Akhayar)