[Zawgyi]

ပဲြပယ္ျပစ္ဒဏ္ကာလကုိ တိုးျမႇင့္ခဲ့လုိ႔ ကမၻာ႔ဖလားၿပိဳင္ပဲြနဲ႔ လြဲေခ်ာ္မယ့္ ပီ႐ူး၀ါရင့္တိုက္စစ္မွဴး ဂြါရဲ႐ုိး Guerrero

တားျမစ္ေဆးက်႐ႈံးမႈေၾကာင့္ (၆)လပဲြပယ္ခံခဲ့ရတဲ့ ပီ႐ူး၀ါရင့္တိုက္စစ္မွဴး ဂြါရဲ႐ုိး Guerrero ရဲ႕ ပဲြပယ္ျပစ္ဒဏ္ ကာလကုိ ႏုိင္ငံတကာအားကစားခုံ႐ုံး(CAS)က ထပ္မံတိုးျမႇင့္ခဲ့တာေၾကာင့္ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြကုိ လဲြေခ်ာ္ဖုိ႔ ေသခ်ာသြားပါၿပီ။ ဂြါရဲ႐ုိးဟာ ၿပီးခဲ့တဲ့ႏွစ္၊ ေအာက္တိုဘာလတုန္းက အာဂ်င္တီးနားနဲ႔ကစားခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြအၿပီး တားျမစ္ေဆး စစ္ေဆးမႈခံရာမွာ ေဆးက်ခဲ့တာျဖစ္ၿပီး ဖီဖာက (၆)လပဲြပယ္ျပစ္ဒဏ္ ခ်မွတ္ခဲ့ပါတယ္။ ဂြါရဲ႐ုိးရဲ႕ ေရွ႕ေနကေတာ့ ဂြါရဲ႐ုိးဟာ တားျမစ္ေဆးသုံးစဲြခဲ့တာမဟုတ္ဘဲ တားျမစ္ေဆးသေဘာမ်ိဳးပါ၀င္တဲ့ လက္ဖက္ရည္ကုိ မေတာ္တဆ ေသာက္သုံးမိတာျဖစ္တယ္ဆုိၿပီး တုံ႔ျပန္ခဲ့တယ္။ တရား႐ုံးက ဂြါရဲ႐ုိးအေနနဲ႔ သူ႔ရဲ႕စြမ္းေဆာင္ရည္တိုးတက္လာဖုိ႔အတြက္ တားျမစ္ေဆးေတြကုိ ရည္ရြယ္ခ်က္ရွိရွိ ေသာက္သုံးျခင္းမရွိဘူး ဆုိတဲ့အခ်က္ကုိ လက္ခံခဲ့ေပမယ့္ သတိမထားဘဲ အသုံးျပဳခဲ့တာက အမွားျဖစ္ခဲ့တယ္လုိ႔ သုံးသပ္ခဲ့တယ္။ ဖီဖာဟာ အစပုိင္းမွာ ဂြါရဲ႐ုိးကုိ (၁၂)ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခဲ့တာျဖစ္ေပမယ့္ ဂြါရဲ႐ုိးတို႔ဘက္က ဖီဖာအယူခံေကာ္မတီထံ အယူခံတင္သြင္းခဲ့တာေၾကာင့္ (၆)လ ေလွ်ာ႔ခ်ေပးခဲ့တာပါ။

Paolo-Guerrero-banned-from-World-Cup-for-doping

Paolo-Guerrero-banned-from-World-Cup-for-doping

ဂြါရဲ႐ုိးရဲ႕ပဲြပယ္ကာလက အခုေမလမွာ ျပစ္ဒဏ္ေစ့မွာျဖစ္တာေၾကာင့္ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြကုိ လြတ္လြတ္ကၽြတ္ကၽြတ္ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ရမွာျဖစ္ၿပီး ပီ႐ူးအသငး္ကလည္း ျပင္သစ္၊ ဒိန္းမတ္၊ ၾသစေၾတးလ် တို႔နဲ႔ကစားမယ့္ ေျခစစ္ပဲြေတြအတြက္ ပဏာမ လူစာရင္းမွာ ဂြါရဲ႐ုိးကုိ ထည့္သြင္းခဲ့တယ္။ ဒါေပမဲ့ ကမၻာ႔တား ျမစ္ေဆးတိုက္ဖ်က္ေရး ေအဂ်င္စီ (WADA)က ဂြါရဲ႐ုိးရဲ႕ပဲြပယ္ကာလကုိ (၁၄)လအထိ တိုးျမႇင့္ေပးဖုိ႔ ႏုိင္ငံတကာ အားကစားခုံ႐ုံး(CAS)ထံ ေတာင္းဆုိခဲ့တာေၾကာင့္ ဂြါရဲ႐ုိးဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြကုိ လဲြေခ်ာ္ဖုိ႔ ေသခ်ာသြားၿပီျဖစ္သလုိ လာမယ့္ႏွစ္၊ ဇန္န၀ါရီလမတိုင္ခင္အထိ ပဲြပယ္ခံရမွာပါ ။ အသက္(၃၄)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဂြါရဲ႐ုိးဟာ ပီ႐ူးအသင္းမွာ ၂၀၀၄ ခုႏွစ္ကတည္းက ေရြးခ်ယ္ခံခဲ့ရသူျဖစ္ၿပီး (၈၆)ပဲြကစား၊ (၃၂)ဂုိး သြင္းယူထားသလုိ အသင္းအတြက္ အားထားရတဲ့ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ ပီ႐ူးအသငး္ဟာ ၁၉၈၂ ေနာက္ပုိင္း ပထမဆုံးအႀကိမ္ ကမၻာ႔ဖလားေျခစစ္ပဲြေအာင္ျမင္ခဲ့တာျဖစ္ၿပီး ဒီလုိ အဓိကႏုိင္ငံတကာ ၿပိဳင္ပဲြႀကီးကုိ ဂြါရဲ ရုိး လဲြေခ်ာ္မွာျဖစ္လုိ႔ သူ႔အတြက္ ႀကီးမားတဲ့ နစ္နာမႈတစ္ခုလုိ႔ ဆုိရမွာပါ။

REF:BBC,Daily Mail,Sky Sports
Photo: Scroll.in, InfoGlitz
Naing Linn(Akhayar)
www.akhayar.com

 

[Unicode]

ပွဲပယ်ပြစ်ဒဏ်ကာလကို တိုးမြှင့်ခဲ့လို့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်မယ့် ပီရူးဝါရင့်တိုက်စစ်မှူး ဂွါရဲရိုး Guerrero

တားမြစ်ဆေးကျရှုံးမှုကြောင့် (၆)လပွဲပယ်ခံခဲ့ရတဲ့ ပီရူးဝါရင့်တိုက်စစ်မှူး ဂွါရဲရိုး Guerrero ရဲ့ ပွဲပယ်ပြစ်ဒဏ် ကာလကို နိုင်ငံတကာအားကစားခုံရုံး(CAS)က ထပ်မံတိုးမြှင့်ခဲ့တာကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖို့ သေချာသွားပါပြီ။ ဂွါရဲရိုးဟာ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက အာဂျင်တီးနားနဲ့ကစားခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီး တားမြစ်ဆေး စစ်ဆေးမှုခံရာမှာ ဆေးကျခဲ့တာဖြစ်ပြီး ဖီဖာက (၆)လပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဂွါရဲရိုးရဲ့ ရှေ့နေကတော့ ဂွါရဲရိုးဟာ တားမြစ်ဆေးသုံးစွဲခဲ့တာမဟုတ်ဘဲ တားမြစ်ဆေးသဘောမျိုးပါဝင်တဲ့ လက်ဖက်ရည်ကို မတော်တဆ သောက်သုံးမိတာဖြစ်တယ်ဆိုပြီး တုံ့ပြန်ခဲ့တယ်။ တရားရုံးက ဂွါရဲရိုးအနေနဲ့ သူ့ရဲ့စွမ်းဆောင်ရည်တိုးတက်လာဖို့အတွက် တားမြစ်ဆေးတွေကို ရည်ရွယ်ချက်ရှိရှိ သောက်သုံးခြင်းမရှိဘူး ဆိုတဲ့အချက်ကို လက်ခံခဲ့ပေမယ့် သတိမထားဘဲ အသုံးပြုခဲ့တာက အမှားဖြစ်ခဲ့တယ်လို့ သုံးသပ်ခဲ့တယ်။ ဖီဖာဟာ အစပိုင်းမှာ ဂွါရဲရိုးကို (၁၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပေမယ့် ဂွါရဲရိုးတို့ဘက်က ဖီဖာအယူခံကော်မတီထံ အယူခံတင်သွင်းခဲ့တာကြောင့် (၆)လ လျှော့ချပေးခဲ့တာပါ။

Paolo-Guerrero-banned-from-World-Cup-for-doping

Paolo-Guerrero-banned-from-World-Cup-for-doping

ဂွါရဲရိုးရဲ့ပွဲပယ်ကာလက အခုမေလမှာ ပြစ်ဒဏ်စေ့မှာဖြစ်တာကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွတ်လွတ်ကျွတ်ကျွတ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပြီး ပီရူးအသင်းကလည်း ပြင်သစ်၊ ဒိန်းမတ်၊ သြစတြေးလျ တို့နဲ့ကစားမယ့် ခြေစစ်ပွဲတွေအတွက် ပဏာမ လူစာရင်းမှာ ဂွါရဲရိုးကို ထည့်သွင်းခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာ့တား မြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီ (WADA)က ဂွါရဲရိုးရဲ့ပွဲပယ်ကာလကို (၁၄)လအထိ တိုးမြှင့်ပေးဖို့ နိုင်ငံတကာ အားကစားခုံရုံး(CAS)ထံ တောင်းဆိုခဲ့တာကြောင့် ဂွါရဲရိုးဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖို့ သေချာသွားပြီဖြစ်သလို လာမယ့်နှစ်၊ ဇန်နဝါရီလမတိုင်ခင်အထိ ပွဲပယ်ခံရမှာပါ ။ အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂွါရဲရိုးဟာ ပီရူးအသင်းမှာ ၂၀၀၄ ခုနှစ်ကတည်းက ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး (၈၆)ပွဲကစား၊ (၃၂)ဂိုး သွင်းယူထားသလို အသင်းအတွက် အားထားရတဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ပီရူးအသင်းဟာ ၁၉၈၂ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး ဒီလို အဓိကနိုင်ငံတကာ ပြိုင်ပွဲကြီးကို ဂွါရဲ ရိုး လွဲချော်မှာဖြစ်လို့ သူ့အတွက် ကြီးမားတဲ့ နစ်နာမှုတစ်ခုလို့ ဆိုရမှာပါ။

REF:BBC,Daily Mail,Sky Sports
Photo: Scroll.in, InfoGlitz
Naing Linn(Akhayar)
www.akhayar.com