[ZawGyi]

ေရေမႊးရနံ႔သစ္စတင္မိတ္ဆက္ဖို႔ အမ်ိဳးသမီးအႏုပညာရွင္ ၁၅ဦးနဲ႔ ပူးေပါင္းလိုက္တဲ့ Gucci

ေရေမႊးရနံ႔ဆိုတာ လူတစ္ေယာက္ရဲ႕ Personality ကို အေကာင္းဆံုးေဖာ္က်ဴးႏိုင္တဲ့ ျပယုဂ္တစ္ခုပါ။ ဘယ္လိုအလွအပ တစ္ကိုယ္ရည္သံုးပစၥည္းကိုမဆို လူတိုင္း အရည္အေသြးတူတူအသံုးျပဳႏိုင္ေပမယ့္ ေရေမႊးရနံ႔ကေတာ့ လူအမ်ိဳးမ်ိဳးရဲ႕ ခႏၶာကိုယ္အေရျပားေပၚမူတည္ၿပီး ရနံ႔အမ်ိဳးမ်ိဳး ကြဲတတ္တာမို႔ လူတစ္ေယာက္ဆြတ္တဲ့ ေရေမႊးရနံ႔သဘာဝအလိုက္ ေနရာတစ္ခုခုမွာ အဲ့ရနံ႔ကို ရလိုက္တာနဲ႔ သူ႔ကိုေရာ သူနဲ႔ပတ္သက္တဲ့အမွတ္တရေလးေတြကိုပါ အၿမဲျပန္မွတ္မိေနတတ္တာ ေရေမႊးေတြရဲ႕ အားသာခ်က္တစ္ခုပါ။

Gucci Bloom Acqua Di Fiori

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

ဒီလိုေရေမႊးေတြထဲမွာ ထိပ္တန္း Brand ေတြထဲက တစ္ခုျဖစ္တဲ့ Gucci ကေတာ့ သူတို႔ရဲ႕ ေနာက္ဆံုးထြက္မယ့္ ေရေမႊးရနံ႔သစ္ကို အမ်ိဳးသမီးအႏုပညာ၊ လက္မႈပညာရွင္ေပါင္း ၁၅ ဦးရဲ႕ အႏုပညာလက္ရာေတြနဲ႔ ပူးေပါင္းၿပီး “Gucci Bloom Acqua Di Fiori” ဆိုတဲ့ နာမည္နဲ႔ တမူထူးျခားစြာ စတင္ထုတ္ေဝေတာ့မွာျဖစ္ပါတယ္။

Illistration by Fee Greening

Jasmine၊ Tuberose နဲ႔ Cassic Buds တို႔လို ထူးျခားတဲ့ရနံ႕ေပါင္းစပ္မႈေတြေၾကာင့္ ပိုမိုႏုပ်ိဳတဲ့ စိတ္ခံစားခ်က္၊ ရင္းႏွီးခ်စ္ၾကည္မႈနဲ႔ စစ္မွန္တဲ့ ကိုယ့္ကိုကိုယ္ ျပန္လည္ရွာေဖြေတြ႕ရွိႏိုင္မွာပါတဲ့။

Gucci Bloom Acqua Di Fiori

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

ဒီေရေမႊးသစ္အတြက္ မိတ္ဆက္ပံုေဖာ္မႈမွာ Langley Fox Hemingway၊ Frances Cannon၊ Emma Allegretti ၊ Joy Miessi ၊ Joana Avillez ၊ Fee Greening စတဲ့ အမ်ိဳးသမီး အႏုပညာနဲ႔ လက္မႈပညာရွင္ေတြပါဝင္ၿပီး အားလံုးေပါင္း ၁၅ ေယာက္တိတိျဖစ္မယ္လို႔ ေၾကညာခဲ့ပါတယ္။

Illustration by Joana Avillez

Illustration by Frances Cannon

ဒီပူးေပါင္းမႈဟာ Gucci ရဲ႕ ပထမဆံုး Instagram-focused Beauty Campaign ျဖစ္ၿပီး အႏုပညာရွင္ေတြကို Melbourne မွေန Rome ထိငွားရမ္းေခၚယူခဲ့တာျဖစ္ပါတယ္။

Illustrations by Phoebe Collings-James

Illustration by Emma Allegretti

အႏုပညာပန္းခ်ီလက္မႈပညာရွင္ေတြရဲ႕ အေသးစိတ္ဉာဏ္လႊာကြန္႔ျမဴးႏိုင္မႈေတြ၊ ရႈပ္ေထြးနက္နဲတဲ့ စုတ္ခ်က္ေတြ၊ လြတ္လပ္မွီခိုမႈကင္းတဲ့ အႏုပညာလက္ရာေတြနဲ႔ Gucci ရဲ႕ “Bloom Acqua Di Fiori” ဆိုတဲ့ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ ေရေမႊးပုလင္းေလးကို ပန္းကႏုတ္ေလးမ်ားက ဦးၫႊတ္ေနဟန္၊ လြတ္လပ္လူငယ္ဆန္တဲ့ မိန္းကေလးနဲ႔ ပံုေဖာ္ထားဟန္ စတဲ့ အမ်ိဳးသမီးပညာရွင္ေတြရဲ႕ လက္ရာေတြထဲက အခ်ိဳ႕ကို ELLE Magazine ရဲ႕တရားဝင္ေဖာ္ျပခ်က္အရ ေတြ႕ျမင္ရပါတယ္။

Illustration by Fee Greening

Gucci ကေတာ့ ေရေမႊးေလာကကို အႏုပညာဆန္ဆန္ လက္ရာေျမာက္ ဘယ္လို ပံုေဖာ္မႈေတြနဲ႔ တဖန္ျပန္လည္ဝင္ေရာက္ၿပီး ေစ်းကြက္ေနရာကို လႊမ္းမိုးဦးမလဲဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။

Illustration by Langley Fox Hemingway

Gucci Bloom Acqua Di Flori

EiEiKhineMinn ( Akhayar )

[Unicode]

ရေမွှေးရနံ့သစ်စတင်မိတ်ဆက်ဖို့ အမျိုးသမီးအနုပညာရှင် ၁၅ဦးနဲ့ ပူးပေါင်းလိုက်တဲ့ Gucci

ရေမွှေးရနံ့ဆိုတာ လူတစ်ယောက်ရဲ့ Personality ကို အကောင်းဆုံးဖော်ကျူးနိုင်တဲ့ ပြယုဂ်တစ်ခုပါ။ ဘယ်လိုအလှအပ တစ်ကိုယ်ရည်သုံးပစ္စည်းကိုမဆို လူတိုင်း အရည်အသွေးတူတူအသုံးပြုနိုင်ပေမယ့် ရေမွှေးရနံ့ကတော့ လူအမျိုးမျိုးရဲ့ ခန္ဓာကိုယ်အရေပြားပေါ်မူတည်ပြီး ရနံ့အမျိုးမျိုး ကွဲတတ်တာမို့ လူတစ်ယောက်ဆွတ်တဲ့ ရေမွှေးရနံ့သဘာဝအလိုက် နေရာတစ်ခုခုမှာ အဲ့ရနံ့ကို ရလိုက်တာနဲ့ သူ့ကိုရော သူနဲ့ပတ်သက်တဲ့အမှတ်တရလေးတွေကိုပါ အမြဲပြန်မှတ်မိနေတတ်တာ ရေမွှေးတွေရဲ့ အားသာချက်တစ်ခုပါ။

Gucci Bloom Acqua Di Fiori

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

ဒီလိုရေမွှေးတွေထဲမှာ ထိပ်တန်း Brand တွေထဲက တစ်ခုဖြစ်တဲ့ Gucci ကတော့ သူတို့ရဲ့ နောက်ဆုံးထွက်မယ့် ရေမွှေးရနံ့သစ်ကို အမျိုးသမီးအနုပညာ၊ လက်မှုပညာရှင်ပေါင်း ၁၅ ဦးရဲ့ အနုပညာလက်ရာတွေနဲ့ ပူးပေါင်းပြီး “Gucci Bloom Acqua Di Fiori” ဆိုတဲ့ နာမည်နဲ့ တမူထူးခြားစွာ စတင်ထုတ်ဝေတော့မှာဖြစ်ပါတယ်။

Illistration by Fee Greening

Jasmine၊ Tuberose နဲ့ Cassic Buds တို့လို ထူးခြားတဲ့ရနံ့ပေါင်းစပ်မှုတွေကြောင့် ပိုမိုနုပျိုတဲ့ စိတ်ခံစားချက်၊ ရင်းနှီးချစ်ကြည်မှုနဲ့ စစ်မှန်တဲ့ ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေတွေ့ရှိနိုင်မှာပါတဲ့။

Gucci Bloom Acqua Di Fiori

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

ဒီရေမွှေးသစ်အတွက် မိတ်ဆက်ပုံဖော်မှုမှာ Langley Fox Hemingway၊ Frances Cannon၊ Emma Allegretti ၊ Joy Miessi ၊ Joana Avillez ၊ Fee Greening စတဲ့ အမျိုးသမီး အနုပညာနဲ့ လက်မှုပညာရှင်တွေပါဝင်ပြီး အားလုံးပေါင်း ၁၅ ယောက်တိတိဖြစ်မယ်လို့ ကြေငြာခဲ့ပါတယ်။

Illustration by Joana Avillez

Illustration by Frances Cannon

ဒီပူးပေါင်းမှုဟာ Gucci ရဲ့ ပထမဆုံး Instagram-focused Beauty Campaign ဖြစ်ပြီး အနုပညာရှင်တွေကို Melbourne မှနေ Rome ထိ ဌားရမ်းခေါ်ယူခဲ့တာဖြစ်ပါတယ်။

Illustrations by Phoebe Collings-James

Illustration by Emma Allegretti

အနုပညာပန်းချီလက်မှုပညာရှင်တွေရဲ့ အသေးစိတ်ဉာဏ်လွှာကွန့်မြူးနိုင်မှုတွေ၊ ရှုပ်ထွေးနက်နဲတဲ့ စုတ်ချက်တွေ၊ လွတ်လပ်မှီခိုမှုကင်းတဲ့ အနုပညာလက်ရာတွေနဲ့ Gucci ရဲ့ “Bloom Acqua Di Fiori” ဆိုတဲ့ ပန်းရောင်ဖျော့ဖျော့ ရေမွှေးပုလင်းလေးကို ပန်းကနုတ်လေးများက ဦးညွှတ်နေဟန်၊ လွတ်လပ်လူငယ်ဆန်တဲ့ မိန်းကလေးနဲ့ ပုံဖော်ထားဟန် စတဲ့ အမျိုးသမီးပညာရှင်တွေရဲ့ လက်ရာတွေထဲက အချို့ကို ELLE Magazine ရဲ့တရားဝင်ဖော်ပြချက်အရ တွေ့မြင်ရပါတယ်။

Illustration by Fee Greening

Gucci ကတော့ ရေမွှေးလောကကို အနုပညာဆန်ဆန် လက်ရာမြောက် ဘယ်လို ပုံဖော်မှုတွေနဲ့ တဖန်ပြန်လည်ဝင်ရောက်ပြီး ဈေးကွက်နေရာကို လွှမ်းမိုးဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Illustration by Langley Fox Hemingway

Gucci Bloom Acqua Di Flori

EiEiKhineMinn ( Akhayar )