[Zawgyi]

ဆုဖလားေတြဆုိတာက ဂြါဒီယုိလာ Guardiola ရယူဖုိ႔အတြက္ သတ္မွတ္ေပးထားတာလား

အရင္တုန္းကဆုိရင္ ဂြါဒီယုိလာ Guardiola ကုိ (၁၀)ႏွစ္အတြင္း ဆုဖလား(၂၄)ခုအထိ ရယူႏုိင္လိမ့္မယ္လုိ႔ ဘယ္သူမွေတာင္ ထင္ထားမွာ မဟုတ္ဘူး။ ဘာစီလုိနာလူငယ္အသင္းကေန စီနီယာအသင္းကုိ စတင္ကုိင္တြယ္ေတာ့ ပထမဆုံးပဲြမွာ ႏူမန္စီယာကုိ ႐ႈံး၊ ဒုတိယပဲြမွာ ေရးဆင္းနဲ႔ သေရက်ခဲ့တဲ့အထိ ရလဒ္ဆုိးခဲ့တဲ့ နည္းျပတစ္ေယာက္ကုိ အားလုံးက ေလွာင္ေျပာင္တဲ့မ်က္လုံးေတြနဲ႔ ၾကည့္ခဲ့ၾကတယ္။ ဒါေပမဲ့ အဲဒီအခ်ိန္က စလုိ႔ ဂြါဒီယုိလာဆိုတာ ဆုဖလားေတြ ရယူဖုိ႔အတြက္ ျဖစ္တည္လာသလားလုိ႔ေတာင္ ေမးယူရတယ္။ ယူလုိက္တဲ့ ဆုဖလားေတြ၊ ရလုိက္တဲ့ ေအာင္ျမင္မႈေတြ။

Guardiola-Trophy-Record-At-Barcelona

Guardiola-Trophy-Record-At-Barcelona

ၿပီးခ့ဲတဲ့စေနေန႔က ခ်ယ္လ္ဆီးကုိ အႏုိင္ယူၿပီး ကြန္ျမဴနတီဒုိင္း ရယူခဲ့တဲ့ ဂြါဒီယုိလာဟာ သူ႔ရဲ႕ Trophy Cabinet ထဲ ပထမဆုံး ကြန္ျမဴနတီဒုိင္းကုိ ထည့္သြင္းႏုိင္ခဲ့တာျဖစ္သလုိ ေဘာလုံးေလာကရဲ႕ အေကာင္းဆုံး နည္းျပေတြထဲက တစ္ဦးဆုိတဲ့ ဂုဏ္ပုဒ္ကုိ ဆုဖလားေတြနဲ႔ သက္ေသျပေနတာလည္းျဖစ္ပါတယ္။

Guardiola-with-Premier-League-Trophy

Guardiola-with-Premier-League-Trophy

ဘာစီလုိနာအသင္းမွာ ျဖတ္သန္းခဲ့တဲ့ (၄)ရာသီအတြင္း ဆုဖလား(၁၄)ခုအထိ ရယူခဲ့တယ္၊ ဘုိင္ယန္ျမဴးနစ္အသင္းနဲ႔လည္း (၃)ႏွစ္အတြင္းမွာ ဖလား(၇)လုံးအထိရခဲ့သူ။ ဂြါဒီယုိလာရဲ႕ Emperor က အဂၤလန္အထိ ျဖန္႔က်က္ခဲ့တယ္။ ဒါေပမဲ့ အရင္ေလာက္ မလြယ္ခဲ့ဘူး။ မန္စီးတီးနည္းျပဘ၀ ပထမဆုံးရာသီမွာ ဖလားလက္မဲ့ျဖစ္ခဲ့ရတဲ့အထိ အျဖစ္ဆုိးခဲ့ေပမယ့္ ၿပီးခဲ့တဲ့ရာသီမွာေတာ့ ပရီးမီးယားလိဂ္၊ လိဂ္ဖလားေတြ ရယူခဲ့တယ္။ မန္ခ်က္စတာၿမိဳ႕ကုိ ေျခခ်တာက (၂)ရာသီပဲရွိေသးတယ္ ဂြါဒီယုိလာ ရယူခဲ့တဲ့ ဆုဖလားက(၃)ခုအထိရွိေနၿပီ။

Guardiola-with-League-Cup

Guardiola-with-League-Cup

အခု သူ႔ရဲ႕ပစ္မွတ္က ခ်န္ပီယံလိဂ္ျဖစ္လာၿပီ။ ၂၀၁၁ ေနာက္ပုိင္း ခ်န္ပီယံလိဂ္ဖလားနဲ႔ ေ၀းကြာေနတဲ့ ဂြါဒီယုိလာ၊ ၁၉၆၉-၇၀ ရာသီတုန္းက European Cup Winners’ Cup ဆြတ္ခူးၿပီးေနာက္ပုိင္း ဥေရာပေအာင္ျမင္မႈနဲ႔ ေ၀းကြာေနတဲ့ မန္စီးတီးအသင္းတို႔ရဲ႕ အဓိက ရည္ရြယ္ခ်က္ကလည္း ခ်န္ပီယံလိဂ္ဖလားပါပဲ။ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္၊ လိဂ္ဖလားေတြနဲ႔ မန္စီးတီးပရိသတ္ေတြကုိ ေပ်ာ္ရႊင္ေစခဲ့တဲ့ ဂြါဒီယုိလာ ဒီရာသီမွာလည္း ခ်န္ပီယံလိဂ္ဖလားကုိ ရယူေပးႏုိင္မလားဆုိတာကေတာ့ . . .

နည္းျပဘ၀တစ္ေလွ်ာက္ ဂြါဒီယုိလာ ရယူခဲ့တဲ့ ဆုဖလားမ်ား

Barcelona
La Liga: 2008–09, 2009–10, 2010–11
Copa del Rey: 2008–09, 2011–12
Supercopa de España: 2009, 2010, 2011
UEFA Champions League: 2008–09, 2010–11
UEFA Super Cup: 2009, 2011
FIFA Club World Cup: 2009, 2011

Bayern Munich
Bundesliga: 2013–14, 2014–15, 2015–16
DFB-Pokal: 2013–14, 2015–16
UEFA Super Cup: 2013
FIFA Club World Cup: 2013

Manchester City
Premier League: 2017–18
EFL Cup: 2017–18
FA Community Shield: 2018

REF:Marca
Photo:Evening Standard,.nbcsports,reuters,Sportnews
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဆုဖလားတွေဆိုတာက ဂွါဒီယိုလာ Guardiola ရယူဖို့အတွက် သတ်မှတ်ပေးထားတာလား

အရင်တုန်းကဆိုရင် ဂွါဒီယိုလာ Guardiola ကို (၁၀)နှစ်အတွင်း ဆုဖလား(၂၄)ခုအထိ ရယူနိုင်လိမ့်မယ်လို့ ဘယ်သူမှတောင် ထင်ထားမှာ မဟုတ်ဘူး။ ဘာစီလိုနာလူငယ်အသင်းကနေ စီနီယာအသင်းကို စတင်ကိုင်တွယ်တော့ ပထမဆုံးပွဲမှာ နူမန်စီယာကို ရှုံး၊ ဒုတိယပွဲမှာ ရေးဆင်းနဲ့ သရေကျခဲ့တဲ့အထိ ရလဒ်ဆိုးခဲ့တဲ့ နည်းပြတစ်ယောက်ကို အားလုံးက လှောင်ပြောင်တဲ့မျက်လုံးတွေနဲ့ ကြည့်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအချိန်က စလို့ ဂွါဒီယိုလာဆိုတာ ဆုဖလားတွေ ရယူဖို့အတွက် ဖြစ်တည်လာသလားလို့တောင် မေးယူရတယ်။ ယူလိုက်တဲ့ ဆုဖလားတွေ၊ ရလိုက်တဲ့ အောင်မြင်မှုတွေ။

Guardiola-Trophy-Record-At-Barcelona

Guardiola-Trophy-Record-At-Barcelona

ပြီးခဲ့တဲ့စနေနေ့က ချယ်လ်ဆီးကို အနိုင်ယူပြီး ကွန်မြူနတီဒိုင်း ရယူခဲ့တဲ့ ဂွါဒီယိုလာဟာ သူ့ရဲ့ Trophy Cabinet ထဲ ပထမဆုံး ကွန်မြူနတီဒိုင်းကို ထည့်သွင်းနိုင်ခဲ့တာဖြစ်သလို ဘောလုံးလောကရဲ့ အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးဆိုတဲ့ ဂုဏ်ပုဒ်ကို ဆုဖလားတွေနဲ့ သက်သေပြနေတာလည်းဖြစ်ပါတယ်။

Guardiola-with-Premier-League-Trophy

Guardiola-with-Premier-League-Trophy

ဘာစီလိုနာအသင်းမှာ ဖြတ်သန်းခဲ့တဲ့ (၄)ရာသီအတွင်း ဆုဖလား(၁၄)ခုအထိ ရယူခဲ့တယ်၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့လည်း (၃)နှစ်အတွင်းမှာ ဖလား(၇)လုံးအထိရခဲ့သူ။ ဂွါဒီယိုလာရဲ့ Emperor က အင်္ဂလန်အထိ ဖြန့်ကျက်ခဲ့တယ်။ ဒါပေမဲ့ အရင်လောက် မလွယ်ခဲ့ဘူး။ မန်စီးတီးနည်းပြဘ၀ ပထမဆုံးရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့အထိ အဖြစ်ဆိုးခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ ပရီးမီးယားလိဂ်၊ လိဂ်ဖလားတွေ ရယူခဲ့တယ်။ မန်ချက်စတာမြို့ကို ခြေချတာက (၂)ရာသီပဲရှိသေးတယ် ဂွါဒီယိုလာ ရယူခဲ့တဲ့ ဆုဖလားက(၃)ခုအထိရှိနေပြီ။

Guardiola-with-League-Cup

Guardiola-with-League-Cup

အခု သူ့ရဲ့ပစ်မှတ်က ချန်ပီယံလိဂ်ဖြစ်လာပြီ။ ၂၀၁၁ နောက်ပိုင်း ချန်ပီယံလိဂ်ဖလားနဲ့ ဝေးကွာနေတဲ့ ဂွါဒီယိုလာ၊ ၁၉၆၉-၇၀ ရာသီတုန်းက European Cup Winners’ Cup ဆွတ်ခူးပြီးနောက်ပိုင်း ဥရောပအောင်မြင်မှုနဲ့ ဝေးကွာနေတဲ့ မန်စီးတီးအသင်းတို့ရဲ့ အဓိက ရည်ရွယ်ချက်ကလည်း ချန်ပီယံလိဂ်ဖလားပါပဲ။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်၊ လိဂ်ဖလားတွေနဲ့ မန်စီးတီးပရိသတ်တွေကို ပျော်ရွှင်စေခဲ့တဲ့ ဂွါဒီယိုလာ ဒီရာသီမှာလည်း ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်မလားဆိုတာကတော့ . . .

နည်းပြဘဝတစ်လျှောက် ဂွါဒီယိုလာ ရယူခဲ့တဲ့ ဆုဖလားများ

Barcelona
La Liga: 2008–09, 2009–10, 2010–11
Copa del Rey: 2008–09, 2011–12
Supercopa de España: 2009, 2010, 2011
UEFA Champions League: 2008–09, 2010–11
UEFA Super Cup: 2009, 2011
FIFA Club World Cup: 2009, 2011

Bayern Munich
Bundesliga: 2013–14, 2014–15, 2015–16
DFB-Pokal: 2013–14, 2015–16
UEFA Super Cup: 2013
FIFA Club World Cup: 2013

Manchester City
Premier League: 2017–18
EFL Cup: 2017–18
FA Community Shield: 2018

REF:Marca
Photo:Evening Standard,.nbcsports,reuters,Sportnews
Naing Linn(Akhayar)
www.akhayar.com