[Zawgyi]

စတာလင္ကို အသင္းမွာ ကာလရွည္ ဆက္ရွိဖို႔ ဆႏၵရွိေနတဲ့ ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ဂြါဒီယုိလာ Guardiola ဟာ ေတာင္ပံတိုက္စစ္ကစားသမား စတာလင္ Sterling ကို အသင္းမွာ ကာလရွည္ ဆက္ရွိဖို႔ ဆႏၵရွိေနပါတယ္။ စတာလင္ကို ကာလရွည္ စာခ်ဳပ္ခ်ဳပ္ဆုိႏိုင္မယ္လို႔ နည္းျပ ဂြါဒီယုိလာက ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။ အခုႏွစ္ေဘာလံုးရာသီမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ စတာလင္ဟာ သူ႔ရဲ႕ ကစားသမားဘဝ အျမင့္ဆံုးစြမ္းေဆာင္ရည္ေတြကို စြမ္းေဆာင္ျပႏိုင္ခဲ့ပါတယ္။ အသင္းအတြက္ ပရီးမီးယားလိဂ္ သြင္းဂိုး (၁၈)ဂိုးအထိ ရယူေပးႏိုင္ခဲ့သလို အသင္းေဖာ္ေတြကို (၁၁)ဂိုးအထိ ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ စတာလင္ကို မန္စီးတီးအသင္းနဲ႔ နည္းျပ ဂြါဒီယိုလာတို႔က စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖုိ႔ ဆႏၵရွိေနေပမယ့္ ကစားသမားကေတာ့ ကမၻာ႔ဖလားၿပိဳင္ပြဲၿပီးမွ စာခ်ဳပ္သစ္ကိစၥကို စဥ္းစားသြားမွာ ျဖစ္ေၾကာင့္ ေျပာၾကားထားပါတယ္။

အဓိက တိုက္စစ္မွဴး အဂြဲရိုး Aguero အသင္းက ထြက္ခြာဖို႔ ရွိေနလို႔ စတာလင္လို ပံုစံေကာင္းျပေနတဲ့ ကစားသမားေတြကို နည္းျပ ဂြါဒီယိုလာက စာခ်ဳပ္သက္တမ္းတိုးဖို႔ အလ်င္အျမန္ ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။ နည္းျပ ဂြါဒီယိုလာက “ကလပ္အသင္း၊ အသင္းပိုင္ရွင္နဲ႔ ကၽြန္ေတာ္ ကိုယ္တိုင္က စတာလင္ကို ကာလရွည္ ဆက္ရွိေနဖို႔ ဆႏၵရွိေနတာျဖစ္လို႔ သူနဲ႔ ကာလရွည္ စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။ နည္းျပ ဂြါဒီယိုလာဟာ မန္စီးတီးအသင္းကို အခုႏွစ္ေဘာလံုးရာသီမွာ ျပည္တြင္း အမွတ္ေပးဖလားနဲ႔ ကာရာေဘာင္ဖလားေတြ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ေပမယ့္ အသင္းကို ေျပာင္းလဲမႈေတြ ဆက္လက္ျပဳလုပ္သြားဖို႔ ရွိေနပါတယ္။ ကြင္းလယ္လူ ယာယာတိုေရး Yaya Toure ေနရာမွာ အစားထိုးဖို႔ နာပိုလီကြင္းလယ္လူ ေယာ္ဂ်င္ဟို Jorginho ကို ေစာင့္ၾကည့္ေနသလို လီဗာကူဆင္အသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား လီယြန္ဘိုင္လီ Leon Baily ကိုလည္း ပစ္မွတ္ထားေနေၾကာင္း သိရပါတယ္။

REF:Goal
Photo:Manchester City Twitter
Aung Kyaw Wai(Akhayar)
www.akhayar.com

[Unicode]

စတာလင်ကို အသင်းမှာ ကာလရှည် ဆက်ရှိဖို့ ဆန္ဒရှိနေတဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာ Guardiola ဟာ တောင်ပံတိုက်စစ်ကစားသမား စတာလင် Sterling ကို အသင်းမှာ ကာလရှည် ဆက်ရှိဖို့ ဆန္ဒရှိနေပါတယ်။ စတာလင်ကို ကာလရှည် စာချုပ်ချုပ်ဆိုနိုင်မယ်လို့ နည်းပြ ဂွါဒီယိုလာက မျှော်လင့်နေတာ ဖြစ်ပါတယ်။ အခုနှစ်ဘောလုံးရာသီမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ စတာလင်ဟာ သူ့ရဲ့ ကစားသမားဘဝ အမြင့်ဆုံးစွမ်းဆောင်ရည်တွေကို စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး (၁၈)ဂိုးအထိ ရယူပေးနိုင်ခဲ့သလို အသင်းဖော်တွေကို (၁၁)ဂိုးအထိ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ စတာလင်ကို မန်စီးတီးအသင်းနဲ့ နည်းပြ ဂွါဒီယိုလာတို့က စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒရှိနေပေမယ့် ကစားသမားကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှ စာချုပ်သစ်ကိစ္စကို စဉ်းစားသွားမှာ ဖြစ်ကြောင့် ပြောကြားထားပါတယ်။

အဓိက တိုက်စစ်မှူး အဂွဲရိုး Aguero အသင်းက ထွက်ခွာဖို့ ရှိနေလို့ စတာလင်လို ပုံစံကောင်းပြနေတဲ့ ကစားသမားတွေကို နည်းပြ ဂွါဒီယိုလာက စာချုပ်သက်တမ်းတိုးဖို့ အလျင်အမြန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာက “ကလပ်အသင်း၊ အသင်းပိုင်ရှင်နဲ့ ကျွန်တော် ကိုယ်တိုင်က စတာလင်ကို ကာလရှည် ဆက်ရှိနေဖို့ ဆန္ဒရှိနေတာဖြစ်လို့ သူနဲ့ ကာလရှည် စာချုပ်ချုပ်ဆိုသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ နည်းပြ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို အခုနှစ်ဘောလုံးရာသီမှာ ပြည်တွင်း အမှတ်ပေးဖလားနဲ့ ကာရာဘောင်ဖလားတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အသင်းကို ပြောင်းလဲမှုတွေ ဆက်လက်ပြုလုပ်သွားဖို့ ရှိနေပါတယ်။ ကွင်းလယ်လူ ယာယာတိုရေး Yaya Toure နေရာမှာ အစားထိုးဖို့ နာပိုလီကွင်းလယ်လူ ယော်ဂျင်ဟို Jorginho ကို စောင့်ကြည့်နေသလို လီဗာကူဆင်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား လီယွန်ဘိုင်လီ Leon Baily ကိုလည်း ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

REF:Goal
Photo:Manchester City Twitter
Aung Kyaw Wai(Akhayar)
www.akhayar.com