[Zawgyi]

မန္စီးတီးမွာ အိပ္မက္ေတြထပ္မွ်ားဦးမလား ဂြါဒီယိုလာ Guardiola

ဂြါဒီယိုလာ Guardiola ၊ မန္စီးတီးမွာအိပ္မက္ေတြထပ္မွ်ားဦးမလား။ မန္စီးတီးဟာ ဂြါဒီယုိလာနဲ႔ သူတို႔အၾကား စာခ်ဳပ္သက္တမ္းကို ထပ္မံတိုးျမွင့္ဖို႔ စီစဥ္ေနပါၿပီ။ စာခ်ဳပ္သက္တမ္းတိုးဖို႔ ဂြါဒီယိုလာဘက္က သေဘာတူညီေနၿပီလို႔လည္း သိရတယ္။ ဂြါဒီယုိလာရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းက လာမယ့္ရာသီကုန္မွာ အဆံုးသတ္ပါမယ္။ မန္စီးတီးဘက္က သူတို႔အသင္းကို ေဖ်ာ္ေျဖေရးဆန္ဆန္ေျပာင္းလဲေပးထားႏုိင္သလို၊ ခ်န္ပီယံေမွ်ာ္လင့္ခ်က္ေတြနဲ႔ အနီးဆံုးေနရာကို ပို႔ေဆာင္ထားႏုိင္တဲ့ ဂြါဒီယိုလာကို ဆံုး႐ႈံးရမွာစိုးထိတ္ၿပီး ၂၀၂၁ခုႏွစ္အထိ သက္တမ္းတိုးဖို႔စီစဥ္ေနတာပါပဲ။ စာခ်ဳပ္သစ္အရ ဂြါဒီယုိလာဟာ တစ္ႏွစ္လစာေပါင္ (၂၁)၀န္းက်င္ရမယ္။ လက္ရွိလစာေငြထက္ ေပါင္သံုးသန္း၀န္းက်င္ပိုမ်ားေနပါတယ္။

စာခ်ဳပ္သစ္ဟာ အာဆင္နယ္နဲ႔ လိဂ္ဖလားဗိုလ္လုပြဲမတိုင္မီ ဂြါဒီယိုလာအတြက္ စိတ္ဓာတ္စာပါပဲ။ မန္စီးတီးအတြက္ စာခ်ဳပ္သစ္ဟာ သူတို႔ရဲ႕ေအာင္ျမင္မႈအိပ္မက္ေတြကို ထပ္မွ်ားႏုိင္မယ့္ အႀကိဳျပင္ဆင္မႈပဲ။ ဂြါဒီယိုလာအတြက္လည္း လာလီဂါ၊ ဘြန္ဒစ္လီဂါစတဲ့ ေအာင္ေျမမ်ားကို ျဖတ္သန္းခဲ့ၿပီး ေနာက္ အဂၤလန္ေျမမွာ သူ႕ရဲ႕ ေအာင္ျမင္ျခင္းေရႊေရာင္အိပ္မက္ေတြကို မွ်ားယူဖို႔အတြက္ တုိက္ပြဲေခၚသံသေဘာတူစာခ်ဳပ္ပါပဲ။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မန်စီးတီးမှာ အိပ်မက်တွေထပ်မျှားဦးမလား ဂွါဒီယိုလာ Guardiola

ဂွါဒီယိုလာ Guardiola ၊ မန်စီးတီးမှာအိပ်မက်တွေထပ်မျှားဦးမလား။ မန်စီးတီးဟာ ဂွါဒီယိုလာနဲ့ သူတို့အကြား စာချုပ်သက်တမ်းကို ထပ်မံတိုးမြှင့်ဖို့ စီစဉ်နေပါပြီ။ စာချုပ်သက်တမ်းတိုးဖို့ ဂွါဒီယိုလာဘက်က သဘောတူညီနေပြီလို့လည်း သိရတယ်။ ဂွါဒီယိုလာရဲ့ လက်ရှိစာချုပ်သက်တမ်းက လာမယ့်ရာသီကုန်မှာ အဆုံးသတ်ပါမယ်။ မန်စီးတီးဘက်က သူတို့အသင်းကို ဖျော်ဖြေရေးဆန်ဆန်ပြောင်းလဲပေးထားနိုင်သလို၊ ချန်ပီယံမျှော်လင့်ချက်တွေနဲ့ အနီးဆုံးနေရာကို ပို့ဆောင်ထားနိုင်တဲ့ ဂွါဒီယိုလာကို ဆုံးရှုံးရမှာစိုးထိတ်ပြီး ၂၀၂၁ခုနှစ်အထိ သက်တမ်းတိုးဖို့စီစဉ်နေတာပါပဲ။ စာချုပ်သစ်အရ ဂွါဒီယိုလာဟာ တစ်နှစ်လစာပေါင် (၂၁)ဝန်းကျင်ရမယ်။ လက်ရှိလစာငွေထက် ပေါင်သုံးသန်းဝန်းကျင်ပိုများနေပါတယ်။

စာချုပ်သစ်ဟာ အာဆင်နယ်နဲ့ လိဂ်ဖလားဗိုလ်လုပွဲမတိုင်မီ ဂွါဒီယိုလာအတွက် စိတ်ဓာတ်စာပါပဲ။ မန်စီးတီးအတွက် စာချုပ်သစ်ဟာ သူတို့ရဲ့အောင်မြင်မှုအိပ်မက်တွေကို ထပ်မျှားနိုင်မယ့် အကြိုပြင်ဆင်မှုပဲ။ ဂွါဒီယိုလာအတွက်လည်း လာလီဂါ၊ ဘွန်ဒစ်လီဂါစတဲ့ အောင်မြေများကို ဖြတ်သန်းခဲ့ပြီး နောက် အင်္ဂလန်မြေမှာ သူ့ရဲ့ အောင်မြင်ခြင်းရွှေရောင်အိပ်မက်တွေကို မျှားယူဖို့အတွက် တိုက်ပွဲခေါ်သံသဘောတူစာချုပ်ပါပဲ။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။