[Zawgyi]

အ၀ါေရာင္ဖဲႀကိဳးဟာ အျပစ္ျဖစ္ေတာ့မွာလား

ဂြါဒီယိုလာ Guardiola ကို သတိထားၾကည့္မိရင္ အ၀ါေရာင္ဖဲႀကိဳးေလးဆင္ျမန္းထားတာ ေတြ႕ရလိမ့္မယ္။

အ၀ါေရာင္ဖဲႀကိဳးေလးဟာ လြတ္ေျမာက္လိုျခင္းသေဘာကို ကိုယ္စားျပဳထားတယ္။ ေတာ္လွန္ေရးအဓိပၸာယ္ကို  ေဖာ္က်ဴးေနတယ္။ အ၀ါေရာင္ဖဲႀကိဳးေလးနား တိုးတုိးေလးနားေထာင္ၾကည့္ရင္ ကတ္တလန္လြတ္ေျမာက္ေရးေတာင္းဆိုသံေတြကို ၾကားရမလားပဲ။ ကတ္တလန္ဟာ စပိန္ႏုိင္ငံရဲ႕ စီးပြားေရးအခ်က္အျခာက်ရာေဒသေလး။ ဘာစီလုိနာဆိုတဲ့ ကမၻာကိုလႊမ္းမိုးထားတဲ့ ေဘာလံုးအသင္းလည္းရွိတယ္။ နာမည္ေက်ာ္ကစားသမားေတြလည္းရွိတယ္။ ကုိယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဆုိေပမယ့္ စပိန္အစိုးရဲ႕ လက္ေအာက္ခံဘ၀၊ ဒီေတာ့ ကတ္တလန္သားေတြရဲ႕ ခြဲထြက္ေရးေတာင္းဆိုသံဟာ ေခတ္အဆက္ဆက္ေပါက္ကဲြထြက္လာစၿမဲ။ ၿပီးခဲ့တဲ့ႏွစ္အတြင္းမွာ ကတ္တလန္ခြဲထြက္ေရးေတာင္းဆုိသံဟာ စပိန္ႏုိင္ငံရဲ႕ က်ယ္ျပန္႔ေသာလမ္းမေတြေပၚ ထုထည္ႀကီးမားေသာ လူအုပ္ႀကီးနဲ႔အတူ ကမၻာရဲ႕ေနရာအႏွံ႔အျပားကို က်ယ္ျပန္႔စြာပ်ံ႕ႏွ႔ံခဲ့ပါတယ္။ ဒါေပမဲ့ သမုိင္းထဲကလိုပဲ ကတ္တလန္သားေတြရဲ႕ လြတ္ေျမာက္ေရးေတာင္းဆိုသံဟာ လမ္းခုလတ္မွာပဲ က်ကြဲသြားရတယ္။ ကတ္တလန္ေခါင္းေဆာင္ေတြ ထိန္းသိမ္းခံခဲ့ရတယ္။

ကတ္တလန္သာ စပိန္အစုိုးရအရိပ္ကေန ခြဲထြက္ခဲ့ရင္ဘာစီလုိနာဟာ လာလီဂါမွာ မေသခ်ာပါဘူး။ စပိန္ေဘာလုံုးအဖြဲ႕ခ်ဳပ္စည္းမ်ဥ္းေတြအရ ဘာစီလုိနာဟာဆက္လက္ရွင္သန္ခြင့္မရွိေတာ့ဘူး။ ဒီအေရးကို ဘာစီလုိနာအသုိင္းအ၀ုိင္းဟာ စိတ္မပူ၊ ကတ္တလန္ေသြးေတြရဲေနခဲ့ၿပီး ခြဲထြက္ေရးစီမံကိန္းကိုသာ ၀န္းရံခဲ့တယ္။ ကတ္တလန္သား ဘာစီလုနာနည္းျပေဟာင္း ဂြါဒီယိုလာရဲ႕ ခႏၶာကိုယ္ထဲမွာလည္း ခြဲထြက္လိုျခင္းအစြဲဟာ ခၽြတ္မရဘဲကပ္ပါခဲ့။ ကတ္တလန္လႈပ္ရွာမႈတုိင္းကို ဂြါဒီယိုလာေထာက္ခံခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းမွာ ဂြါဒီယိုလာက သူ႕ရင္ဘတ္မွာအ၀ါရာင္ဖဲႀကိဳးေလးကို တပ္ဆင္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္စည္းမ်ဥ္းေတြအရ အ၀ါေရာင္ဖဲႀကိဳးေလးဟာ ျပႆနာျဖစ္ေနတယ္။ အဂၤလန္ေဘာလံုးအဖြဲ႕ခ်ဳပ္က အ၀ါေရာင္ဖဲႀကိဳးေလးမ၀တ္ဆင္ဖို႔ ဂြါဒီယိုလာကို ေျပာတယ္။ ဒါေပမဲ့ဂြါဒီယိုလာက ပြဲပယ္ခံရလည္းအ၀ါေရာင္ဖဲႀကိဳးေလးကို ဆင္ျမန္းထားဦးမယ္လို႔ ခပ္ရဲရဲတု႔ံျပန္တယ္။ “ ဒီဖဲႀကိဳးေလးကို ကၽြန္ေတာ္အၿမဲ၀တ္ဆင္ေနမယ္ဆုိတာကို တာ၀န္ရွိသူေတြသိေနတာပဲ။ ဘယ္ေနရာမွာမဆို ကၽြန္ေတာ္ ၀တ္ဆင္သြားမွာပါ။ UEFA က ေလးစားသမႈနဲ႔၀တ္တယ္ဆုိၿပီး ကၽြန္ေတာ့္ကိုခြင့္ျပဳထားပါတယ္။ ဒါေပမဲ့ အဂၤလန္မွာမတူညီျခားနားေနပါတယ္” လို႔ ဂြါဒီယိုလာက ဆိုခဲ့ပါတယ္။

အ၀ါေရာင္ဖဲႀကိဳးေလးဟာ မလြတ္ေျမာက္သူတုိ႔အတြက္ ကိုယ္ခ်င္းစာသေကၤတ၊ စပိန္ရဲ႕ ေထာင္နံရံေတြၾကား မွာ ကိုယ့္အိပ္မက္ကိုယ္ေလွာင္ပိတ္ခံထားရသူေတြအတြက္ က႐ုဏာသေကၤတ၊ အျပစ္မရွိဘဲခ်ဳပ္ေႏွာင္ခံထားရသူေတြ အျမန္ဆံုးလြတ္ေျမာက္ေရးအတြက္ ေတာင္းဆိုျခင္းသေကၤတ၊ လူေတြထဲကလူ ဂြါဒီယိုလာဟာ အ၀ါေရာင္ဖဲႀကိဳးေလးကို ကတ္တလန္သားေတြ ကိုယ္စားမဟုတ္ဘဲ လူသားဆန္စြာ ဆင္ျမန္းထားျခင္းပါပဲ။ ေထာင္နံရံေတြေနာက္က ထိန္းသိမ္းခံကတ္တလန္သားေလးဦးဟာ လက္နက္ကိုင္ေဆာင္ခဲ့တာမဟုတ္ဘူး။ ကတ္တလန္ခြဲထြက္ေရးဆႏၵခံယူပြဲမွာ မဲေပးခဲ့႐ံုမွ်သာ၊ ဒါေပမဲ့ သူတို႔ဟာ ႏုိင္ငံေတာ္ပုန္ကန္မႈလုပ္ခဲ့သူေတြလို ဆက္ဆံခံေနရတယ္။ သူတုိ႔ေတြအတြက္ ဂြါဒီယိုလာဟာ အ၀ါေရာင္ဖဲႀကိဳးေလးကို ခ်စ္ျမတ္ႏုိးစြာဆင္ျမန္းထား။

အဲဒီအ၀ါေရာင္ဖဲႀကိဳးဆင္ျမန္းမႈေၾကာင့္ အဂၤလန္ေဘာလံုးအဖြဲ႕ခ်ဳပ္(FA)ရဲ႕ သတိေပးျခင္းကို ဂြါဒီယိုလာခံထားရပါတယ္။ ဒါေပမဲ့သူဟာ အ၀ါေရာင္ဖဲႀကိဳးေလးကို ျမတ္ႏုိးစြာဆင္ျမန္ထားဆဲ။ FA ကသတိေပးထားတာ ၿပီးခဲ့တဲ့ဒီဇင္ဘာလအတြင္းမွာျဖစ္ၿပီး (၂)ႀကိမ္တုိင္တုိင္ သတိေပးထားတာပါပဲ။ ဒါေပမဲ့ ဂြါဒီယိုလာက သူဟာ ကတ္တလန္သားတစ္ဦး၊ ကမၻာေက်ာ္နည္းျပဘ၀မေရာက္မီမွာ သာမန္လူသားတစ္ဦး၊ ဒီေတာ့ သာမန္လူသားတစ္ဦးလိုပဲ သူ ယံုၾကည္ရာႏုိင္ငံေရးခံယူခ်က္ကို ေဖာ္ထုတ္ခြင့္ရွိတယ္လို႔ ဆိုခဲ့ပါတယ္။

ဒါေပမဲ့ FA အမႈေဆာင္ခ်ဳပ္မာတင္ဂလင္း Martin Glenn က ဂြါဒီယိုလာခႏၶာကိုယ္ေပၚမွာ ဆင္ျမန္းထားတဲ့ အ၀ါေရာင္ဖဲႀကိဳးကို ဘယ္လုိမွမႏွစ္ၿမိဳ႕ႏုိင္ဘူး။ ေဘာလံုးမွာ ႏုိင္ငံေရးသေကၤတ မရွိေစခ်င္ဘူးလို႔ မာတင္ဂလင္းက ဆိုပါတယ္။ “ ေဘာလံုးအားကစားနည္းကို ႏုိင္ငံေရးသေကၤတတစ္ခုေဖာ္ျပဖို႔အတြက္ အသံုးခ်ခံမျဖစ္ေစခ်င္ဘူး။ အ၀ါေရာင္ဖဲႀကိဳးဟာ ႏုိင္ငံေရးသေကၤတတစ္ခုဆိုတာ ရွင္းေနတာပဲ။ ကတ္တလန္လြတ္ေျမာက္ေရးအတြက္ သေကၤတေလ” လို႔ မာတင္ဂလင္းက ေျပာခဲ့ပါတယ္။

FA က ႏိုင္ငံေရးသေကၤတအ၀ါေရာင္ဖဲႀကိဳး မတပ္ဆင္ဖို႔ သတိေပးထားေပမယ့္ ဆက္လက္က်ဴးလြန္ေနတဲ့ ဂြါဒီယိုလာကို မတ္လ (၅)ရက္ေနာက္ဆံုးထားၿပီးေျဖရွင္းခုိုင္းထားပါတယ္။ အ၀ါေရာင္ဖဲႀကိဳးေလးေၾကာင့္ ဂြါဒီယိုလာ အျပစ္ျဖစ္ေတာ့မွာလား။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အဝါရောင်ဖဲကြိုးဟာ အပြစ်ဖြစ်တော့မှာလား

ဂွါဒီယိုလာ Guardiola ကို သတိထားကြည့်မိရင် အဝါရောင်ဖဲကြိုးလေးဆင်မြန်းထားတာ တွေ့ရလိမ့်မယ်။

အဝါရောင်ဖဲကြိုးလေးဟာ လွတ်မြောက်လိုခြင်းသဘောကို ကိုယ်စားပြုထားတယ်။ တော်လှန်ရေးအဓိပ္ပာယ်ကို  ဖော်ကျူးနေတယ်။ အဝါရောင်ဖဲကြိုးလေးနား တိုးတိုးလေးနားထောင်ကြည့်ရင် ကတ်တလန်လွတ်မြောက်ရေးတောင်းဆိုသံတွေကို ကြားရမလားပဲ။ ကတ်တလန်ဟာ စပိန်နိုင်ငံရဲ့ စီးပွားရေးအချက်အခြာကျရာဒေသလေး။ ဘာစီလိုနာဆိုတဲ့ ကမ္ဘာကိုလွှမ်းမိုးထားတဲ့ ဘောလုံးအသင်းလည်းရှိတယ်။ နာမည်ကျော်ကစားသမားတွေလည်းရှိတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပေမယ့် စပိန်အစိုးရဲ့ လက်အောက်ခံဘဝ၊ ဒီတော့ ကတ်တလန်သားတွေရဲ့ ခွဲထွက်ရေးတောင်းဆိုသံဟာ ခေတ်အဆက်ဆက်ပေါက်ကွဲထွက်လာစမြဲ။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကတ်တလန်ခွဲထွက်ရေးတောင်းဆိုသံဟာ စပိန်နိုင်ငံရဲ့ ကျယ်ပြန့်သောလမ်းမတွေပေါ် ထုထည်ကြီးမားသော လူအုပ်ကြီးနဲ့အတူ ကမ္ဘာရဲ့နေရာအနှံ့အပြားကို ကျယ်ပြန့်စွာပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမဲ့ သမိုင်းထဲကလိုပဲ ကတ်တလန်သားတွေရဲ့ လွတ်မြောက်ရေးတောင်းဆိုသံဟာ လမ်းခုလတ်မှာပဲ ကျကွဲသွားရတယ်။ ကတ်တလန်ခေါင်းဆောင်တွေ ထိန်းသိမ်းခံခဲ့ရတယ်။

ကတ်တလန်သာ စပိန်အစိုးရအရိပ်ကနေ ခွဲထွက်ခဲ့ရင်ဘာစီလိုနာဟာ လာလီဂါမှာ မသေချာပါဘူး။ စပိန်ဘောလုံးအဖွဲ့ချုပ်စည်းမျဉ်းတွေအရ ဘာစီလိုနာဟာဆက်လက်ရှင်သန်ခွင့်မရှိတော့ဘူး။ ဒီအရေးကို ဘာစီလိုနာအသိုင်းအဝိုင်းဟာ စိတ်မပူ၊ ကတ်တလန်သွေးတွေရဲနေခဲ့ပြီး ခွဲထွက်ရေးစီမံကိန်းကိုသာ ဝန်းရံခဲ့တယ်။ ကတ်တလန်သား ဘာစီလုနာနည်းပြဟောင်း ဂွါဒီယိုလာရဲ့ ခန္ဓာကိုယ်ထဲမှာလည်း ခွဲထွက်လိုခြင်းအစွဲဟာ ချွတ်မရဘဲကပ်ပါခဲ့။ ကတ်တလန်လှုပ်ရှာမှုတိုင်းကို ဂွါဒီယိုလာထောက်ခံခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဂွါဒီယိုလာက သူ့ရင်ဘတ်မှာအဝါရာင်ဖဲကြိုးလေးကို တပ်ဆင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်စည်းမျဉ်းတွေအရ အဝါရောင်ဖဲကြိုးလေးဟာ ပြဿနာဖြစ်နေတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က အဝါရောင်ဖဲကြိုးလေးမဝတ်ဆင်ဖို့ ဂွါဒီယိုလာကို ပြောတယ်။ ဒါပေမဲ့ဂွါဒီယိုလာက ပွဲပယ်ခံရလည်းအဝါရောင်ဖဲကြိုးလေးကို ဆင်မြန်းထားဦးမယ်လို့ ခပ်ရဲရဲတုံ့ပြန်တယ်။ “ ဒီဖဲကြိုးလေးကို ကျွန်တော်အမြဲဝတ်ဆင်နေမယ်ဆိုတာကို တာဝန်ရှိသူတွေသိနေတာပဲ။ ဘယ်နေရာမှာမဆို ကျွန်တော် ဝတ်ဆင်သွားမှာပါ။ UEFA က လေးစားသမှုနဲ့ဝတ်တယ်ဆိုပြီး ကျွန်တော့်ကိုခွင့်ပြုထားပါတယ်။ ဒါပေမဲ့ အင်္ဂလန်မှာမတူညီခြားနားနေပါတယ်” လို့ ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။

အဝါရောင်ဖဲကြိုးလေးဟာ မလွတ်မြောက်သူတို့အတွက် ကိုယ်ချင်းစာသင်္ကေတ၊ စပိန်ရဲ့ ထောင်နံရံတွေကြား မှာ ကိုယ့်အိပ်မက်ကိုယ်လှောင်ပိတ်ခံထားရသူတွေအတွက် ကရုဏာသင်္ကေတ၊ အပြစ်မရှိဘဲချုပ်နှောင်ခံထားရသူတွေ အမြန်ဆုံးလွတ်မြောက်ရေးအတွက် တောင်းဆိုခြင်းသင်္ကေတ၊ လူတွေထဲကလူ ဂွါဒီယိုလာဟာ အဝါရောင်ဖဲကြိုးလေးကို ကတ်တလန်သားတွေ ကိုယ်စားမဟုတ်ဘဲ လူသားဆန်စွာ ဆင်မြန်းထားခြင်းပါပဲ။ ထောင်နံရံတွေနောက်က ထိန်းသိမ်းခံကတ်တလန်သားလေးဦးဟာ လက်နက်ကိုင်ဆောင်ခဲ့တာမဟုတ်ဘူး။ ကတ်တလန်ခွဲထွက်ရေးဆန္ဒခံယူပွဲမှာ မဲပေးခဲ့ရုံမျှသာ၊ ဒါပေမဲ့ သူတို့ဟာ နိုင်ငံတော်ပုန်ကန်မှုလုပ်ခဲ့သူတွေလို ဆက်ဆံခံနေရတယ်။ သူတို့တွေအတွက် ဂွါဒီယိုလာဟာ အဝါရောင်ဖဲကြိုးလေးကို ချစ်မြတ်နိုးစွာဆင်မြန်းထား။

အဲဒီအဝါရောင်ဖဲကြိုးဆင်မြန်းမှုကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ သတိပေးခြင်းကို ဂွါဒီယိုလာခံထားရပါတယ်။ ဒါပေမဲ့သူဟာ အဝါရောင်ဖဲကြိုးလေးကို မြတ်နိုးစွာဆင်မြန်ထားဆဲ။ FA ကသတိပေးထားတာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းမှာဖြစ်ပြီး (၂)ကြိမ်တိုင်တိုင် သတိပေးထားတာပါပဲ။ ဒါပေမဲ့ ဂွါဒီယိုလာက သူဟာ ကတ်တလန်သားတစ်ဦး၊ ကမ္ဘာကျော်နည်းပြဘဝမရောက်မီမှာ သာမန်လူသားတစ်ဦး၊ ဒီတော့ သာမန်လူသားတစ်ဦးလိုပဲ သူ ယုံကြည်ရာနိုင်ငံရေးခံယူချက်ကို ဖော်ထုတ်ခွင့်ရှိတယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမဲ့ FA အမှုဆောင်ချုပ်မာတင်ဂလင်း Martin Glenn က ဂွါဒီယိုလာခန္ဓာကိုယ်ပေါ်မှာ ဆင်မြန်းထားတဲ့ အဝါရောင်ဖဲကြိုးကို ဘယ်လိုမှမနှစ်မြို့နိုင်ဘူး။ ဘောလုံးမှာ နိုင်ငံရေးသင်္ကေတ မရှိစေချင်ဘူးလို့ မာတင်ဂလင်းက ဆိုပါတယ်။ “ ဘောလုံးအားကစားနည်းကို နိုင်ငံရေးသင်္ကေတတစ်ခုဖော်ပြဖို့အတွက် အသုံးချခံမဖြစ်စေချင်ဘူး။ အဝါရောင်ဖဲကြိုးဟာ နိုင်ငံရေးသင်္ကေတတစ်ခုဆိုတာ ရှင်းနေတာပဲ။ ကတ်တလန်လွတ်မြောက်ရေးအတွက် သင်္ကေတလေ” လို့ မာတင်ဂလင်းက ပြောခဲ့ပါတယ်။

FA က နိုင်ငံရေးသင်္ကေတအဝါရောင်ဖဲကြိုး မတပ်ဆင်ဖို့ သတိပေးထားပေမယ့် ဆက်လက်ကျူးလွန်နေတဲ့ ဂွါဒီယိုလာကို မတ်လ (၅)ရက်နောက်ဆုံးထားပြီးဖြေရှင်းခိုင်းထားပါတယ်။ အဝါရောင်ဖဲကြိုးလေးကြောင့် ဂွါဒီယိုလာ အပြစ်ဖြစ်တော့မှာလား။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။