[Zawgyi]

ကြန္တီ Conte ကို ဂြါဒီယိုလာ Guardiola ရိခဲ့သလား

မတ္လရဲ႕ ပထမဆံုးတနဂၤေႏြမွာ ဂြါဒီယိုလာ Guardiola ရဲ႕ မန္စီတီးနဲ႔ ကြန္တီ Conte ရဲ႕ ခ်ယ္လ္ဆီး စီခ်င္းထုိးပါမယ္။ ပြဲမတုိင္မီမွာ ဂြါဒီယိုလာက ကြန္တီကို စကားတစ္ခြန္းေျပာလုိက္ပါတယ္။ ကြန္တီဟာ Master Tactician နည္းစနစ္မာစတာလို႔ ခ်ီးက်ဴးခဲ့တာပါပဲ။ ဒီခ်ီးက်ဴးစကားဟာ အေပၚယံေတြးၾကည့္ရင္ ကြန္တီအတြက္ ဂုဏ္ယူစရာ၊ ဒါေပမဲ့ ဂြါဒီယိုလာရဲ႕ ေနာက္ဆက္တြဲစကားကိုၾကားရတဲ့အခါ ကြန္တီစိတ္ဆိုးေနမလား။ ဂြါဒီယိုလာက “ ကြန္တီက အဂၤလန္ေဘာလံုးေလာကက ထြက္ခြာသြားမယ္ဆိုရင္လည္း သူ ခ်န္ထားခဲ့တဲ့နည္းဗ်ဴဟာတစ္ခု ရွိေနပါဦးမယ္။ ခံစစ္မွာ ကစားသမား(၅)ဦးထားၿပီး ဘယ္လုိတုိက္စစ္ဆင္မလဲဆိုတာကုိ အဂၤလန္မွာ သူမိတ္ဆက္ေပးခဲ့တာပါပဲ။ အာဆင္နယ္အပါအ၀င္အသင္းေပါင္းမ်ားစြာဟာ သူ႕ရဲ႕ နည္းဗ်ဴဟာကို လုိက္ၿပီးသံုးစြဲခဲ့တယ္မဟုတ္လား။ သူဟာ နည္းစနစ္မာစတာပါပဲ။ အီတလီနဲ႔ ဂ်ဴဗင္တပ္စ္အသင္းမွာ သူ စြမ္းေဆာင္ခဲ့တာေတြကအံ့အားသင့္စရာေကာင္းပါတယ္” လို႔ ဆုိခဲ့တာပါပဲ။

ဂြါဒီယိုလာရဲ႕ စကားဟာ ကြန္တီကို ေဘာလံုးတစ္လံုးလို မိုးေပၚကိုျမွင့္တင္ၿပီးမွ ျပန္႐ိုက္ခ်လုိက္တာမ်ဳိးပဲ။ လက္ရွိအခ်ိန္မွာ ကြန္တီနဲ႔ ခ်ယ္လ္ဆီးအနာဂတ္ဟာ မေရရာဘူးမဟုတ္လား။ ဒီလုိအခ်ိန္မ်ဳိးမွာ ဂြါဒီယိုလာရဲ႕ စကားဟာ ကြန္တီကို ရိသဲ့သဲ့ေျပာခဲ့တယ္လုိ႔ပဲ ဆုိုရမယ္။ ကြန္တီကေတာ့ ဂြါဒီယိုလာရဲ႕ မန္စီးတီးဟာ Unstoppable Team လို႔ တံဆိပ္ကပ္ခဲ့ပါတယ္။ ဂြါဒီယိုလာရဲ႕ အသင္းဟာ ေငြသံုးႏုိင္တယ္။ နည္းျပေကာင္းကို ပုိင္ဆုိင္ထားတယ္။ ၿပီးေတာ့ နည္းျပနဲ႔ ကစားသမားၾကား ဆက္ဆံေရးေကာင္းရိွတယ္။ ရည္မွန္းခ်က္တူညီတယ္လို႔ ကြန္တီက မွတ္ခ်က္ျပဳခဲ့ပါတယ္။

ခ်ယ္လ္ဆီးဟာ မန္စီးတီးနဲ႔ (၂၂)မွတ္အထိ ကြာဟေနပါတယ္။ ဒီပြဲမွာသာထပ္ၿပီး႐ႈံးနိမ့္မယ္ဆိုရင္ လက္ရွိခ်န္ပီယံခ်ယ္လ္ဆီးဟာ ခ်န္ပီယံေလာင္း မန္စီးတီးကို ဂုဏ္သိကၡာအရ ထပ္ၿပီးအေရးနိမ့္ရပါဦးမယ္။  ၿပီးေတာ့ ကြန္တီနဲ႔ ခ်ယ္လ္ဆီးရဲ႕ အနာဂတ္ဟာလည္း ပိုိလို႔မႈန္၀ါးသြားမယ္မဟုတ္လား။ ဂြါဒီယိုလာဟာ ကြန္တီကို ခ်ီးက်ဴးသလိုလိုနဲ႔ ရိသဲ့သဲ့လုပ္ၿပီး စကားလံုးတုိက္ပြဲ ဆင္ႏႊဲလုိက္ပါတယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကွန်တီ Conte ကို ဂွါဒီယိုလာ Guardiola ရိခဲ့သလား

မတ်လရဲ့ ပထမဆုံးတနင်္ဂနွေမှာ ဂွါဒီယိုလာ Guardiola ရဲ့ မန်စီတီးနဲ့ ကွန်တီ Conte ရဲ့ ချယ်လ်ဆီး စီချင်းထိုးပါမယ်။ ပွဲမတိုင်မီမှာ ဂွါဒီယိုလာက ကွန်တီကို စကားတစ်ခွန်းပြောလိုက်ပါတယ်။ ကွန်တီဟာ Master Tactician နည်းစနစ်မာစတာလို့ ချီးကျူးခဲ့တာပါပဲ။ ဒီချီးကျူးစကားဟာ အပေါ်ယံတွေးကြည့်ရင် ကွန်တီအတွက် ဂုဏ်ယူစရာ၊ ဒါပေမဲ့ ဂွါဒီယိုလာရဲ့ နောက်ဆက်တွဲစကားကိုကြားရတဲ့အခါ ကွန်တီစိတ်ဆိုးနေမလား။ ဂွါဒီယိုလာက “ ကွန်တီက အင်္ဂလန်ဘောလုံးလောကက ထွက်ခွာသွားမယ်ဆိုရင်လည်း သူ ချန်ထားခဲ့တဲ့နည်းဗျူဟာတစ်ခု ရှိနေပါဦးမယ်။ ခံစစ်မှာ ကစားသမား(၅)ဦးထားပြီး ဘယ်လိုတိုက်စစ်ဆင်မလဲဆိုတာကို အင်္ဂလန်မှာ သူမိတ်ဆက်ပေးခဲ့တာပါပဲ။ အာဆင်နယ်အပါအဝင်အသင်းပေါင်းများစွာဟာ သူ့ရဲ့ နည်းဗျူဟာကို လိုက်ပြီးသုံးစွဲခဲ့တယ်မဟုတ်လား။ သူဟာ နည်းစနစ်မာစတာပါပဲ။ အီတလီနဲ့ ဂျူဗင်တပ်စ်အသင်းမှာ သူ စွမ်းဆောင်ခဲ့တာတွေကအံ့အားသင့်စရာကောင်းပါတယ်” လို့ ဆိုခဲ့တာပါပဲ။

ဂွါဒီယိုလာရဲ့ စကားဟာ ကွန်တီကို ဘောလုံးတစ်လုံးလို မိုးပေါ်ကိုမြှင့်တင်ပြီးမှ ပြန်ရိုက်ချလိုက်တာမျိုးပဲ။ လက်ရှိအချိန်မှာ ကွန်တီနဲ့ ချယ်လ်ဆီးအနာဂတ်ဟာ မရေရာဘူးမဟုတ်လား။ ဒီလိုအချိန်မျိုးမှာ ဂွါဒီယိုလာရဲ့ စကားဟာ ကွန်တီကို ရိသဲ့သဲ့ပြောခဲ့တယ်လို့ပဲ ဆိုရမယ်။ ကွန်တီကတော့ ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ Unstoppable Team လို့ တံဆိပ်ကပ်ခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့ အသင်းဟာ ငွေသုံးနိုင်တယ်။ နည်းပြကောင်းကို ပိုင်ဆိုင်ထားတယ်။ ပြီးတော့ နည်းပြနဲ့ ကစားသမားကြား ဆက်ဆံရေးကောင်းရှိတယ်။ ရည်မှန်းချက်တူညီတယ်လို့ ကွန်တီက မှတ်ချက်ပြုခဲ့ပါတယ်။

ချယ်လ်ဆီးဟာ မန်စီးတီးနဲ့ (၂၂)မှတ်အထိ ကွာဟနေပါတယ်။ ဒီပွဲမှာသာထပ်ပြီးရှုံးနိမ့်မယ်ဆိုရင် လက်ရှိချန်ပီယံချယ်လ်ဆီးဟာ ချန်ပီယံလောင်း မန်စီးတီးကို ဂုဏ်သိက္ခာအရ ထပ်ပြီးအရေးနိမ့်ရပါဦးမယ်။  ပြီးတော့ ကွန်တီနဲ့ ချယ်လ်ဆီးရဲ့ အနာဂတ်ဟာလည်း ပိုလို့မှုန်ဝါးသွားမယ်မဟုတ်လား။ ဂွါဒီယိုလာဟာ ကွန်တီကို ချီးကျူးသလိုလိုနဲ့ ရိသဲ့သဲ့လုပ်ပြီး စကားလုံးတိုက်ပွဲ ဆင်နွှဲလိုက်ပါတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။