[Zawgyi]

ဂြါဒီယိုလာ (Guardiola)သာ ၀ီဂန္အသင္းမွာကစားခဲ့ရင္

ဘာစီလိုနာနဲ႔ စပိန္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း ဂြါဒီယိုလာ (Guardiola) ဟာ နည္းျပဘ၀မတုိင္မီမွာ အဂၤလန္ေျမမွာ အေျခခြင့္ႀကံဳလာတယ္ဆုိရင္ ယံုမလား။ အသက္ (၃၄)ႏွစ္အရြယ္ေရာက္လာခ်ိန္မွာ ဂြါဒီယိုလာရဲ႕ ကစားသမားဘ၀ဇာတာ အေရာင္က်လာခဲ့ပါတယ္။ Free Agent ကစားသမားတစ္ဦးဘ၀ကို ေရာက္ေနခ်ိန္မွာ အဲဒီတုန္းက ၀ီဂန္အသင္းနည္းျပ ေပါလ္ဂ်ီ၀ဲလ္(Paul Jewell) ဟာ ဂြါဒီယိုလာကို ဖုန္းဆက္ၿပီး သူ႕အသင္းမွာလာကစားဖို႔ ဖိတ္ေခၚဖူးပါတယ္။ ဒီအေၾကာင္းကို ေပါလ္ဂ်ီ၀ဲလ္က “ ဂြါဒီယိုလာကို ကၽြန္ေတာ္ဖုန္းဆက္ၿပီး မက္ေဆ့ခ်္ခ်န္ထားခဲ့ပါတယ္။ (၅)မိနစ္ေလာက္အၾကာမွာ သူ အေၾကာင္းျပန္လာတယ္။ ၀ီဂန္အသင္းရဲ႕ကစားသမားေတြကို သူသိၿပီး ပရီးမီးယားလိဂ္မွာ ကစားဖို႔လည္း စိတ္၀င္စားတယ္လို႔ ဆုိခဲ့ပါတယ္။ ဒါေပမဲ့ တစ္ခ်ိန္တည္းမွာပဲ ကာတာလိဂ္က မက္ေမာေလာက္စရာကမ္းလွမ္းမႈကို သူရထားလုိ႔ ကၽြန္ေတာ္တို႔ကို ျငင္းခဲ့ပါတယ္” လို႔ ျပန္ေျပာျပတယ္။

၀ီဂန္မွာ ကစားဖို႔ ဂြါဒီယိုလာ (Guardiola) နီးစပ္ခဲ့ဖူး

၀ီဂန္မွာ ကစားဖို႔ ဂြါဒီယိုလာ (Guardiola) နီးစပ္ခဲ့ဖူး

၀ီဂန္ကစားသမားဘ၀ေရာက္ဖုိ႔ နီးစပ္ခဲ့တဲ့အေၾကာင္းကို ဂြါဒီယိုလာဟာ အက္ဖ္ေအဖလားပဥၥမအဆင့္ ၀ီဂန္နဲ႔ပြဲမတုိင္မီ ၀န္ခံခဲ့ပါတယ္။ တကယ္လုိ႔မ်ား အသက္ (၃၄)ႏွစ္အရြယ္မွာ ဂြါဒီယိုလာ ပရီးမီးယားလိဂ္ကို ေရာက္လာခဲ့ရင္ဆိုၿပီး ေတြးမိပါတယ္။ ကာတာကို မသြားျဖစ္ေတာ့တဲ့ ဂြါဒီယိုလာဟာ ကာတာသန္းၾကြယ္ရွိတ္ေစာ္ဘြားေတြနဲ႔ ပုဂၢိဳလ္ေရးရင္းႏွီးရမွာမဟုတ္ဘူး။ ဒီေတာ့ သူဟာ လက္ရွိအခ်ိန္မွာ မန္စီးတီးနည္းျပ ျဖစ္လာမယ္မထင္ဘူး။ ၀ီဂန္မွာသာကစားျဖစ္မယ္ဆိုရင္ ဂြါဒီယိုလာဟာ အဂၤလန္ေျမမွာပဲ နည္းျပဘ၀ကို ကူးေျပာင္းမလားပဲ။ ဒီလုိသာဆုိရင္ ဘာစီလုိနာ လက္ေထာက္နည္းျပဘ၀ကို သူပုိင္ဆုိင္မွာမဟုတ္၊ ဘာစီလုိနာနည္းျပရာထူးကို ပိုင္ဆုိင္မွာမဟုတ္၊ ဘာစီလိုနာအသင္းဟာလည္း ဂြါဒီယိုလာနဲ႔အတူ ေရႊေရာင္ေခတ္တစ္ေခတ္ကိုျဖတ္သန္းခြင့္ရမွာမဟုတ္ပါဘူး။

စိတ္ကူးယဥ္သိပၸံ၀တၳဳေတြထဲကလုိ အခ်ိန္ခရီးသြားတစ္ဦးဟာ ဂြါဒီယိုလာကို အသက္(၃၄)ႏွစ္အရြယ္ဆီျပန္ေခၚသြား၊ ၀ီဂန္မွာ ျပန္လည္ကစားခုိင္းမယ္ဆုိရင္ ဆက္စပ္ေျပာင္းလဲမႈေတြဟာ ေဘာလံုးေလာကရဲ႕ အေရးပါတဲ့အခ်ဳိးအေကြ႕ေတြ ျဖစ္သြားႏိုင္ပါေသးတယ္။  ဒါေတြဟာ အတိတ္မွာ ၀ီဂန္နဲ႔ ဂြါဒီယိုလာပတ္သက္ခဲ့ာရာ အပုိင္းအစေတြက ဆင့္ပြားၿပီး ေတြးမိတာေလးေတြပါပဲ။ ဂြါဒီယိုလာအတြက္ေတာ့ ဒီတနလၤာည (ေဖေဖာ္၀ါရီလ ၁၉ ရက္)မွာကစားရမယ့္ ၀ီဂန္နဲ႔ပြဲကသာ ပကတိအေျခအေနပါပဲ။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဂွါဒီယိုလာ (Guardiola)သာ ဝီဂန်အသင်းမှာကစားခဲ့ရင်

ဘာစီလိုနာနဲ့ စပိန်ကွင်းလယ်ကြယ်ပွင့်ဟောင်း ဂွါဒီယိုလာ (Guardiola) ဟာ နည်းပြဘဝမတိုင်မီမှာ အင်္ဂလန်မြေမှာ အခြေခွင့်ကြုံလာတယ်ဆိုရင် ယုံမလား။ အသက် (၃၄)နှစ်အရွယ်ရောက်လာချိန်မှာ ဂွါဒီယိုလာရဲ့ ကစားသမားဘဝဇာတာ အရောင်ကျလာခဲ့ပါတယ်။ Free Agent ကစားသမားတစ်ဦးဘဝကို ရောက်နေချိန်မှာ အဲဒီတုန်းက ဝီဂန်အသင်းနည်းပြ ပေါလ်ဂျီဝဲလ်(Paul Jewell) ဟာ ဂွါဒီယိုလာကို ဖုန်းဆက်ပြီး သူ့အသင်းမှာလာကစားဖို့ ဖိတ်ခေါ်ဖူးပါတယ်။ ဒီအကြောင်းကို ပေါလ်ဂျီဝဲလ်က “ ဂွါဒီယိုလာကို ကျွန်တော်ဖုန်းဆက်ပြီး မက်ဆေ့ချ်ချန်ထားခဲ့ပါတယ်။ (၅)မိနစ်လောက်အကြာမှာ သူ အကြောင်းပြန်လာတယ်။ ဝီဂန်အသင်းရဲ့ကစားသမားတွေကို သူသိပြီး ပရီးမီးယားလိဂ်မှာ ကစားဖို့လည်း စိတ်ဝင်စားတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကာတာလိဂ်က မက်မောလောက်စရာကမ်းလှမ်းမှုကို သူရထားလို့ ကျွန်တော်တို့ကို ငြင်းခဲ့ပါတယ်” လို့ ပြန်ပြောပြတယ်။

ဝီဂန်မှာ ကစားဖို့ ဂွါဒီယိုလာ (Guardiola) နီးစပ်ခဲ့ဖူး

ဝီဂန်မှာ ကစားဖို့ ဂွါဒီယိုလာ (Guardiola) နီးစပ်ခဲ့ဖူး

ဝီဂန်ကစားသမားဘဝရောက်ဖို့ နီးစပ်ခဲ့တဲ့အကြောင်းကို ဂွါဒီယိုလာဟာ အက်ဖ်အေဖလားပဉ္စမအဆင့် ဝီဂန်နဲ့ပွဲမတိုင်မီ ဝန်ခံခဲ့ပါတယ်။ တကယ်လို့များ အသက် (၃၄)နှစ်အရွယ်မှာ ဂွါဒီယိုလာ ပရီးမီးယားလိဂ်ကို ရောက်လာခဲ့ရင်ဆိုပြီး တွေးမိပါတယ်။ ကာတာကို မသွားဖြစ်တော့တဲ့ ဂွါဒီယိုလာဟာ ကာတာသန်းကြွယ်ရှိတ်စော်ဘွားတွေနဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးရမှာမဟုတ်ဘူး။ ဒီတော့ သူဟာ လက်ရှိအချိန်မှာ မန်စီးတီးနည်းပြ ဖြစ်လာမယ်မထင်ဘူး။ ဝီဂန်မှာသာကစားဖြစ်မယ်ဆိုရင် ဂွါဒီယိုလာဟာ အင်္ဂလန်မြေမှာပဲ နည်းပြဘဝကို ကူးပြောင်းမလားပဲ။ ဒီလိုသာဆိုရင် ဘာစီလိုနာ လက်ထောက်နည်းပြဘဝကို သူပိုင်ဆိုင်မှာမဟုတ်၊ ဘာစီလိုနာနည်းပြရာထူးကို ပိုင်ဆိုင်မှာမဟုတ်၊ ဘာစီလိုနာအသင်းဟာလည်း ဂွါဒီယိုလာနဲ့အတူ ရွှေရောင်ခေတ်တစ်ခေတ်ကိုဖြတ်သန်းခွင့်ရမှာမဟုတ်ပါဘူး။

စိတ်ကူးယဉ်သိပ္ပံဝတ္ထုတွေထဲကလို အချိန်ခရီးသွားတစ်ဦးဟာ ဂွါဒီယိုလာကို အသက်(၃၄)နှစ်အရွယ်ဆီပြန်ခေါ်သွား၊ ဝီဂန်မှာ ပြန်လည်ကစားခိုင်းမယ်ဆိုရင် ဆက်စပ်ပြောင်းလဲမှုတွေဟာ ဘောလုံးလောကရဲ့ အရေးပါတဲ့အချိုးအကွေ့တွေ ဖြစ်သွားနိုင်ပါသေးတယ်။  ဒါတွေဟာ အတိတ်မှာ ဝီဂန်နဲ့ ဂွါဒီယိုလာပတ်သက်ခဲ့ာရာ အပိုင်းအစတွေက ဆင့်ပွားပြီး တွေးမိတာလေးတွေပါပဲ။ ဂွါဒီယိုလာအတွက်တော့ ဒီတနင်္လာည (ဖေဖော်ဝါရီလ ၁၉ ရက်)မှာကစားရမယ့် ဝီဂန်နဲ့ပွဲကသာ ပကတိအခြေအနေပါပဲ။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။