ဒအရင်က ဒေါ်လာ ၁,၀၀၀ မပြောနဲ့ ၂,၀၀၀ သုံးလိုက်ရင်တောင် (လက်ရှိ GTX 1060 မော်ဒယ်များ) ဂိမ်းတွေကို Full HD Resolution မှာ 100 fps ပြေးအောင် မစွမ်းနိုင်ပါဘူး။

ဒိအတွက် ပိုအကျိုးရှိအောင် Developer ကြီး Nvidia ကတော့ Graphics ဘီလူးကြီး GTX 1660 Ti နဲ့ GTX 1650 (Max-Q Option) မော်ဒယ် ၂ မျိုးကို လက်တော့တွေအတွက် မိတ်ဆက်ထားပါပြီ။

Deskop Level Performance ကို ဒေါ်လာ ၁,၀၀၀ နဲ့ရနိုင်ပြီ

ချစ်စရာအကောင်းဆုံးအချက်က ဒီ Graphics Card တွေပါဝင်လာမယ့် Gaming Laptop တွေဟာ ဒေါ်လာ ၁,၀၀၀ ဝန်းကျင်ပဲရှိမှာပါ။

1650 ပါတဲ့ကောင်ဆိုရင်တောင် ၈၀၀ ဝန်းကျင်ပဲ ကျသင့်မှာဖြစ်တဲ့အတွက် eSports မှန်းထားတဲ့ဂိမ်မာတွေအတွက် အကိုက်ပါ (Nvidia အဆိုရ 1650 ဟာ 1050Ti ထက်ပိုမြန်ပါတယ်)

Image (Razer)

အဲ့ဒါထက် GTX 1070 (Laptop) လောက်ကို စွမ်းဆောင်နိုင်တဲ့ Gaming Laptop ကို ဒေါ်လာ ၁,၁၀၀ နဲ့ဝယ်လို့ ရပြီဆိုရင် မင်းဘာပြောမလဲ၊ ဟျောင်?

အဲ့ဒါကတော့ Mid-range Level မှာ ရေပန်းစားနေတဲ့ GTX 1660 Ti ပါပဲ။ Nvidia အဆိုရ GTX 1660 Ti Laptop Version ဟာ Desktop Version နဲ့ Performance ၅% ပဲကွာပါတယ်။

GTX 1660 Ti

TDP 60 နဲ့ 80 Watt သုံးစွဲမှာဖြစ်တဲ့အတွက် 1060 ထက် မဆိုစလောက် ပါဝါပိုစားတယ်လို့ ပြောနိုင်ပါတယ်။ ဒါမယ့် Who Cares?

Credit The Verge

Gaming Performance ကိုတော့ Nvidia အတိုင်း ဖော်ပြထားပြီး GTX 1660 Ti နဲ့ GTX 1650 တို့ဟာ GTX 960M ထက် ၄ ဆ ၊ GTX 950M ထက ၂ ဆ ခွဲ ပိုမြန်ပါတယ်။
GTX 1060 နဲ့ ဆိုရင် ဆ ခွဲ ပိုမြန်တဲ့အတွက် ဒေါ်လာ ၁,၁၀၀ ဆိုတာ ခုချိန် သုံးပျော်ပါပြီ။

Credit The Verge

အဲ့ဒီတော့ Manufacturer ကြီးတွေလည်း GTX 1070 Killer ကြီးကို တန်ဖိုးသင့် Laptop တွေအပြင် ပါးလွာတဲ့ မော်ဒယ်တွေမှာ ထည့်သုံးလာပါပြီ။

ဥပမာ… Zephyrus Lineup က GA502 လိုမျိုးပေါ့။

ဒီကောင့်ကို Linus Tech Tips ကတောင် Recommend ပေးထားပြီး ဒေါ်လာ ၁,၂၀၀ ဝန်းကျင်ပဲ ကျသင့်မှာပါ။ WTF… တန်လွန်းတယ် မထင်ဘူးလား?

Zephyrus GA502 က အကောင်းဆုံးရွေးချယ်မှုပါပဲ

Build Quality ကောင်းသလို Ryzen 7 CPU ၊ GTX 1660 Ti ၊ 16GB RAM နဲ့ 512GB SSD ပါလာမယ်။ 2.1 Kg နဲ့ 76Whr Battery ထည့်ထားလို့ Work and Play အတွက် ပြည့်စုံတယ်။

ဒါမကြိုက်သေးဘူးလား?

ASUS မှာ TUF Series နဲ့ Strix G တို့ရှိပါတယ်။ GTX 1660Ti သုံးတဲ့ TUF ကို ဒေါ်လာ ၁,၁၀၀ နဲ့ ဝယ်နိုင်တယ်၊ Strix ကိုတော့ ၁,၃၈၉ နဲ့ မတူညီတဲ့ Categories အဖြစ်ဝယ်နိုင်မှာပါ။

ဒီမော်ဒယ် ၂ မျိုးကို Review လုပ်ထားတဲ့ TUF FX505 နဲ့ Strix G Video ကို Hyperlink နှိပ်ပြီး လေ့လာနိုင်ပါတယ်။

Lenovo ထဲမှာဆိုရင် ဒေါ်လာ ၈၇၀ တန် GTX 1650 မော်ဒယ်နဲ့ ဒေါ်လာ ၁၂၁၀ တန် GTX 1660 TI မော်ဒယ်တွေကို ဝယ်ယူနိုင်ပါပြီ။

Image (Lenovo)

ဒီလိုပဲ Acer ကလည်း Predator Helios နဲ့ Nitro စီးရီးတွေကို 9th Gen Intel Processor ၊ RTX ၊ GTX Graphics Card အသစ်နဲ့ ရောင်းချသွားမှာပါ။

Dell XPS 15 မော်ဒယ်မှတောင်ာ GTX 1650 ပါဝင်လာပါပြီ။ MSI ၊ Alienware နဲ့ Razer တို့လည်း ဒေါ်လာ ၈၀၀ ဝန်းကျင်ကနေ ၂၅၀၀ အထိ နှစ်သက်ရာ Specification နဲ့ဝယ်ယူနိုင်အောင် ရောင်းချနေပါပြီ။

Source: The VergeEngadget