ဒီသတင်းက ဂိမ်မာတွေအတွက် မင်္ဂလာသတင်းလေးပါ။ အရင်က ဒေါ်လာ ၁၀၀၀ မပြောနဲ့ ၂၀၀၀ နီးပါး (လက်ရှိ GTX 1060 မော်ဒယ်များ) ရင်းထားရင်တောင် ဂိမ်းတွေကို Full HD Resolution မှာ 100 fps ပြေးအောင် မစွမ်းနိုင်ပါဘူး။

Developer ကြီး Nvidia ကတော့ Graphics ဘီလူးကြီး GTX 1660 Ti နဲ့ GTX 1650 Max-Q မော်ဒယ် ၂ မျိုးကို လက်တော့တွေအတွက် ကြေညာလိုက်ပြီဖြစ်ပါတယ်။ ချစ်စရာအကောင်းဆုံးအချက်က ဒီ Graphics Card တွေပါဝင်လာမယ့် Gaming Laptop တွေဟာ ဒေါ်လာ ၁၀၀၀ ဝန်းကျင်ပဲရှိမှာဖြစ်ပါတယ် (1650 ဆိုရင်တော့ ၈၀၀ လောက်သာ ကျသင့်တော့မှာပါ)

Image (Razer)

ဒီလိုဆိုရင် ၁၄ သိန်း၊ ၁၅ သိန်းဝန်းကျင်နဲ့ လက်ရှိ GTX 1070 နီးနီးစွမ်းဆောင်နိုင်တဲ့ Gaming Machine ပိုင်ဆိုင်နိုင်တော့မှာပါ။ လက်တော့ဆိုတော့ ဘာပဲပြောပြော Mobility Gamer တွေ ရူးသွပ်လောက်ပါတယ်။ Nvidia အဆိုရပြောရင်လည်း GTX 1660 Ti မိုဘိုင်း Version ဟာ Desktop Version နဲ့ Performance ၅% ပဲကွာတယ်လို့သိရပါတယ်။ TDP 60 နဲ့ 80 Watt သုံးစွဲမှာဖြစ်တဲ့အတွက် နည်းနည်းလေးတော့ Power Hungry ဖြစ်တာပေါ့နော်၊ ဒါမယ့်လည်း မှုစရာမလိုပါဘူး။

Credit The Verge

GTX 1660 Ti နဲ့ GTX 1650 စွမ်းဆောင်ရည်ကို Table Chart ထဲမှာ လေ့လာနိုင်ပြီး Nvidia အဆိုရ Maxwell GTX 960M ထက် ၄ ဆ ၊ GTX 950M ထက၂ ဆ ခွဲ ပိုမြန်တယ်လို့ သိရပါတယ်။ GTX 1060 နဲ့ဆဆိုရင်တော့ ၁ ဆ ခွဲ ပိုမြန်မာဖြစ်တဲ့အတွက် အကယ်၍ $1000 တန် ကိုမျက်စိကျနေတယ်ဆိုရင် Upgrade လုပ်သင့် မလုပ်သင့် အထောက်ကူဖြစ်စေမှာပါ။

Credit The Verge

လက်ရှိအချိန်မှာတော့ ASUS ကုမ္ဂဏီက ပါးပါးလျလျနဲ့ ဆွဲဆောင်မှုရှိတဲ့ Zephyrus G မော်ဒယ်အသစ်ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒီမော်ဒယ်မှာ Ryzen 7 CPU ၊ GTX 1660 Ti ၊ 16GB RAM နဲ့ 512GB SSD တို့ပါဝင်မှာဖြစ်ပြီး ဒေါ်လာ ၁၂၀၀ ဝန်းကျင်သာ ကျသင့်မယ်လို့ သိရပါတယ် (ရေလည် လန်းတယ်နော် ဂိမ်မာတို့ရေ)

Image (ASUS)

Lenovo ထဲမှာဆိုရင်လည်း ဒေါ်လာ ၈၇၀ တန် GTX 1650 မော်ဒယ်နဲ့ ဒေါ်လာ ၁၂၁၀ တန် GTX 1660 TI မော်ဒယ်တွေကို မေလကုန်တာနဲ့ ဝယ်ယူနိုင်တော့မှာပါ။ အခုဖော်ပြထားတဲ့မော်ဒယ်တွေက ၁၅ လက်မတွေဖြစ်ပြီး 9th Gen Intel Processor တွေနဲ့ ပွဲထွက်လာမှာလည်းဖြစ်ပါတယ်။

Image (Lenovo)

ဒီလိုပဲ Acer ကလည်း Predator Helios နဲ့ Nitro စီးရီးတွေကို 9th Gen Intel Processor ၊ RTX ၊ GTX Graphics Card အသစ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး Dell XPS 15 မော်ဒယ်မှာ GTX 1650 ပါဝင်လာမယ်လို့ သိရပါတယ်။ အလားတူ MSI ၊ Alienware နဲ့ Razer တို့လို Elite Gaming Machine တွေကို Powerful Hardware တွေနဲ့ အဆင့်မြင့်သွားမှာဖြစ်ပြီး မော်ဒယ်အလိုက ဒေါ်လာ ၈၀၀ ဝန်းကျင်ကနေ ၂၅၀၀ အထိ ရောင်းချသွားနိုင်ပါတယ်။

Source: The VergeEngadget