အများသိကြတဲ့အတိုင်း VR (Virtual Reality) ဆိုတာ Headset တပ်ဆင်အသုံးပြုလိုက်တာနဲ့ ကိုယ့်ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲပြီး ကမ္ဘာသစ်တစ်ခုထဲကို ရောက်သွားစေနိုင်တဲ့ ကိရိယာမျိုးပါ။

Facebook က ပိုင်ဆိုင်ထားတဲ့ Oculus လိုမျိုး Sony က နောက်ဆုံးထုတ်ထားတဲ့ Playstation VR လိုမျိုး Device တွေဟာ တဖြည်းဖြည်း ဈေးကလဲသက်သာလာ၊ ကောင်းလဲ ပိုကောင်းလာတဲ့အခါမှာတော့ ဂိမ်းထုတ်လုပ်သူတွေအနေနဲ့ VR ဂိမ်းတွေ ထုတ်ဖို့ စိုင်းပြင်းလာကြပါပြီ။

ဒါပေမယ့် ခဏနေပါဦး…

တကယ်လို့များ GTA (Grand Theft Auto) ဂိမ်းကို VR နဲ့ အပြင်မှာ တကယ်ဖြစ်နေသလို ကစားရမယ်ဆိုရင် ဘယ်လိုနေမယ်လို့ထင်သလဲ? ကောင်းကျိုးများမယ်ထင်လား ဆိုးကျိုးများမယ်ထင်ပါသလား?

Youtube Channel တစ်ခုဖြစ်တဲ့ Corridor ကနေပြီး Youtube Video တစ်ခု တင်ခဲ့ပါတယ်။ ဒီ Video ထဲမှာ GTA V ကို VR နဲ့ ကစားတဲ့ ပုံစံမျိုး ရိုက်ပြထားပါတယ်။

ကျွန်တော်တို့ ကြည့်ကြည့်လိုက်ရအောင်။

 

အောင်မွန်ချမ်း

www.akhayar.com