[Zawgyi] 

Grand Theft Auto Game ေတြကို Gamer ေတာ္ေတာ္မ်ားမ်ား ရင္းႏွီးၾကမွာပါ။ Rockstar Games က 2013 ခုႏွစ္မွာစတင္ျဖန္႔ခ်ီခဲ့ပါတယ္။ အစပိုင္းမွာေတာ့ Sony PlayStaton 3 နဲ႔ Microsoft Xbox 360  တို႔အတြက္ပဲထုတ္ေပးခဲ့တာပါ။ 2014 ထဲေရာက္လာေတာ့မွ PlayStation 4 နဲ႔  Xbox 360 တို႔အတြက္ ထုတ္ေပးခဲ့ပါတယ္။ စတင္ေရာင္းခ်ခ်ိန္ကစလို႔ အခုခ်ိန္အထိ ေရာင္းရေနဆဲျဖစ္တဲ့ Game တစ္ခုပါပဲ။ PC Gamer ေတြကလည္းေတာင္းဆိုလာတာေၾကာင့္ PC Version ကုိလည္းထုတ္ေရာင္းခဲ့ပါေသးတယ္။ 

Game Footage

GTA V ဟာ လြန္ခဲ့တဲ့လက စလို႔ ဝင္ေငြအေကာင္းဆံုး Game စာရင္းထဲဝင္ခဲ့ပါတယ္။ အေမရိကန္ ေဒၚလာ ၆ ဘီလီယံအထိဝင္ေငြရရွိခဲ့ပါတယ္။ GTA V ဟာ ေဖ်ာ္ေျဖေရးနယ္ပယ္ထဲမွာ ပါဝင္တဲ့ စာအုပ္ေတြ၊ ႐ုပ္ရွင္ေတြနဲ႔ အျခား Video Game ေတြရဲ႕ဝင္ေငြေတြထက္ ပိုမ်ားတဲ့ဝင္ေငြပမာဏကို ရရွိေစခဲ့တဲ့ပါတယ္။ GTA V ဟာ ဝင္ေငြအေကာင္းဆံုး ေဖ်ာ္ေျဖေရးထုတ္ကုန္တစ္ခုအျဖစ္ စာရင္းဝင္သြားခဲ့ပါတယ္။ 

GTA V Character Trevor Philips

GTA V ရဲ႕အဓိကေအာင္ျမင္မႈကိုယူေဆာင္လာေပးတာကေတာ့ GTA Online ျဖစ္ပါတယ္။ Rockstar ကလည္း GTA Online အတြက္ အဆက္မျပတ္ Update ေတြ၊ DLC ေတြထုတ္ေပးေနတာေၾကာင့္ အခုအခ်ိန္အထိ တည္ၿငိမ္တဲ့ ပရိတ္သတ္ကို ပိုင္ဆိုင္ထားပါေသးတယ္။ GTA V ထက္ေအာင္ျမင္တယ္လို႔ထင္ရတဲ့ Game တစ္ခုကေတာ့ Minecraft ပဲျဖစ္ပါတယ္။ Minecraft ကေတာ့ Platform ေတာ္ေတာ္မ်ားမ်ားမွာေဆာ့လို႔ရတာေၾကာင့္ ဝယ္ယူေဆာ့ကစားသူလည္း မ်ားျပားပါတယ္။ GTA V ထက္ပိုမ်ားတဲ့အေရအတြက္နဲ႔ ေရာင္းရေပမယ့္ Minecraft ရဲ႕ေစ်းႏႈန္းက နည္းတာေၾကာင့္ GTA V ေလာက္ဝင္ေငြမေကာင္းခဲ့ပါဘူး။ Star Wars လို႐ုပ္ရွင္ေကာင္းရဲ႕ ဝင္ေငြထက္ပိုမ်ားတဲ့ ပမာဏကို GTA V ကရွာေပးႏိုင္ခဲ့ပါတယ္။ GTA VI အတြက္လည္းခန္႔မွန္းခ်က္ေတြ၊ ေကာလဟာလေတြ ထြက္ေပၚေနၿပီး GTA V ထက္ပိုေအာင္ျမင္တဲ့ Game ျဖစ္လာမယ္ဆိုတာကေတာ့ ေသျခာသေလာက္ပါပဲ။ 

Ref: Gadgets360

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

ဝင်ငွေအကောင်းဆုံး Game ဖြစ်လာတဲ့ Grand Theift Auto V

Grand Theft Auto Game တွေကို Gamer တော်တော်များများ ရင်းနှီးကြမှာပါ။ Rockstar Games က 2013 ခုနှစ်မှာစတင်ဖြန့်ချီခဲ့ပါတယ်။ အစပိုင်းမှာတော့ Sony PlayStaton 3 နဲ့ Microsoft Xbox 360  တို့အတွက်ပဲထုတ်ပေးခဲ့တာပါ။ 2014 ထဲရောက်လာတော့မှ PlayStation 4 နဲ့  Xbox 360 တို့အတွက် ထုတ်ပေးခဲ့ပါတယ်။ စတင်ရောင်းချချိန်ကစလို့ အခုချိန်အထိ ရောင်းရနေဆဲဖြစ်တဲ့ Game တစ်ခုပါပဲ။ PC Gamer တွေကလည်းတောင်းဆိုလာတာကြောင့် PC Version ကိုလည်းထုတ်ရောင်းခဲ့ပါသေးတယ်။ 

Game Footage

GTA V ဟာ လွန်ခဲ့တဲ့လက စလို့ ဝင်ငွေအကောင်းဆုံး Game စာရင်းထဲဝင်ခဲ့ပါတယ်။ အမေရိကန် ဒေါ်လာ ၆ ဘီလီယံအထိဝင်ငွေရရှိခဲ့ပါတယ်။ GTA V ဟာ ဖျော်ဖြေရေးနယ်ပယ်ထဲမှာ ပါဝင်တဲ့ စာအုပ်တွေ၊ ရုပ်ရှင်တွေနဲ့ အခြား Video Game တွေရဲ့ဝင်ငွေတွေထက် ပိုများတဲ့ဝင်ငွေပမာဏကို ရရှိစေခဲ့တဲ့ပါတယ်။ GTA V ဟာ ဝင်ငွေအကောင်းဆုံး ဖျော်ဖြေရေးထုတ်ကုန်တစ်ခုအဖြစ် စာရင်းဝင်သွားခဲ့ပါတယ်။ 

GTA V Character Trevor Philips

GTA V ရဲ့အဓိကအောင်မြင်မှုကိုယူဆောင်လာပေးတာကတော့ GTA Online ဖြစ်ပါတယ်။ Rockstar ကလည်း GTA Online အတွက် အဆက်မပြတ် Update တွေ၊ DLC တွေထုတ်ပေးနေတာကြောင့် အခုအချိန်အထိ တည်ငြိမ်တဲ့ ပရိတ်သတ်ကို ပိုင်ဆိုင်ထားပါသေးတယ်။ GTA V ထက်အောင်မြင်တယ်လို့ထင်ရတဲ့ Game တစ်ခုကတော့ Minecraft ပဲဖြစ်ပါတယ်။ Minecraft ကတော့ Platform တော်တော်များများမှာဆော့လို့ရတာကြောင့် ဝယ်ယူဆော့ကစားသူလည်း များပြားပါတယ်။ GTA V ထက်ပိုများတဲ့အရေအတွက်နဲ့ ရောင်းရပေမယ့် Minecraft ရဲ့ဈေးနှုန်းက နည်းတာကြောင့် GTA V လောက်ဝင်ငွေမကောင်းခဲ့ပါဘူး။ Star Wars လိုရုပ်ရှင်ကောင်းရဲ့ ဝင်ငွေထက်ပိုများတဲ့ ပမာဏကို GTA V ကရှာပေးနိုင်ခဲ့ပါတယ်။ GTA VI အတွက်လည်းခန့်မှန်းချက်တွေ၊ ကောလဟာလတွေ ထွက်ပေါ်နေပြီး GTA V ထက်ပိုအောင်မြင်တဲ့ Game ဖြစ်လာမယ်ဆိုတာကတော့ သေခြာသလောက်ပါပဲ။ 

Ref: Gadgets360

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။