ဒီသတင်းရေးဖြစ်တာကတော့ GTA ဂိမ်းအသစ်တွက် Rockstar ဖန်တီးနေတယ်ဆိုတဲ့ Project Americas နာမည်ကြောင့်ပါပဲ။ ပုံမှန်အတိုင်းဆိုရင် ၆ နှစ်လောက်ကို အချိန်ယူပြီး ပြင်ဆင်ထားရတဲ့ GTA ဂိမ်း Time Line ဟာ သီအိုရီတခုလို သွားနေတဲ့အတွက် လာမယ့်နှစ်ထဲ မဟုတ်ရင်တောင် မကြာခင် မြင်တွေ့ရတော့မယ်လို့ ပြောနိုင်ပါတယ်။

လက်ရှိ အရောင်းရဆုံး ဂိမ်းစာရင်းထဲမှာလည်း GTA V နံပတ် ၁ နေရာယူထားရသလို ကစားသူဦးရေ စတုတ္ထအများဆုံး ဂိမ်းအဖြစ် ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၇ နှစ် လောက်ကြာသွားပြီဆိုတော့ ဘယ်လိုပဲ ဆော့ကောင်းတယ်ပြောပြော GTA ဂိမ်းသစ်ထုတ်ပေးဖို့ အချိန်ကျနေပြီလို့လည်း သုံးသပ်ရမှာဖြစ်ပါတယ်။

Photo: CGMag Online

ဖြစ်ချင်တော့ Fans Theory နဲ့ Leak ထားတဲ့ GTA 6 Project နဲ့ အလိမ်အညာ သတင်းတွေ အများကြီးရှိနေလို့ တရားဝင်ကြေညာထားတဲ့ သတင်းတွေကိုသာ ယုံကြည်စေလိုပါတယ်။ ကျနော် ဖော်ပြထားရသလောက်ဆိုရင် GTA 6 အတွက် ဒေါ်လာ သန်း ၂၃၀ Budget ကျထားပြီ ဖြစ်ပါတယ်။

ထုံးစံအတိုင်း Take Two Interactive ကပဲ တာဝန်ယူသွားမှာဖြစ်ပြီး အတွင်းပိုင်း ပေါက်ကြားချက်တွေအရ အာရှနိုင်ငံတစ်နိုင်ငံကို ခြေကုပ်ယူထားမယ်လို့ သိထားရပါတယ်။ ဒီ ၂ ချက်ကတော့ GTA 6 နဲ့ ပတ်သက်လို့ Official ထုတ်ပြန်ချက်တွေပဲ ဖြစ်ပြီး Project Americas ဆိုတာ GTA 6 လားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။

ဒီသတင်းကို Gaming Leaks and Rumours မှာ ဖော်ပြထားတာဖြစ်ပြီး ဖြစ်နိုင်ချေက မူရင်းသတင်းကို သွေဖီအောင်ရေးသားသူ Redditor တွေကြောင့် Misleading ဖြစ်နေတယ်လို့ သုံးသပ်ထားပါတယ်။ ဘာလို့လဲဆိုတော့ GTA 6 ကို ၂၀၁၂ ကတည်းက Run နေတာဖြစ်ပြီး Red Dead Redemption 2 ကြောင့် နှောင့်နှေးသွားတယ်လို့ ဖော်ပြထားပါတယ်။

ဒါနဲ့တင် Fake New ဖြစ်သွားတယ်လို့ အတည်ပြောလို့ရပြီး ခိုင်မာတဲ့ Source တွေအရ GTA 6 ဟာ ခေတ်နောက်ပြန် သွားနိုင်တဲ့ အထောက်ထားရှိနေတယ်လို့ သုံးသပ်ထားပါတယ်။ ဖြစ်နိုင်ချေကတော့ ၁၉၇၀ ကာလပဲ ဖြစ်ပြီး စဉ်းစားရမှာက Open World Title မှာ လူကြိုက်မျာနေးတဲ့ Mafia ဂိမ်းနဲ့ သွား Conflict ဖြစ်သွားနိုင်ပါတယ်။

Photo: Word Press

တဖက်မှာလည်း အာရှနိုင်ငံတစ်နိုင်ငံကို ဖန်တီးမယ်လို့ ပြောထားတဲ့အတွက် ရာဇဝင်မှာ တခါမှမမြင်ဖူးသေးတဲ့ Old School GTA ဂိမ်း ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒါကြောင့် နောက်ကွယ်မှာ Spoil ထားတဲ့ Fan Theory ပါနေတယ်လို့ သုံးသပ်ရပြီး အတည်ဖြစ်မလာနိုင်ဘူးလို့ ပြောနိုင်ပါတယ်။

တကယ်လို့သာ ၁၉၇၀ ဝန်းကျင်ကို ဇာတ်အိမ်တည်ပြီး GTA ဂိမ်းထုတ်မယ်ဆိုရင်လည်း ကျနော်သာဆို Welcome လုပ်မိမှာပါ။ ဒါပေမယ့် Red Dead Redemption ရှိပြီးသားဆိုတော့ မလိုဘူးထင်ပါတယ်။ သိတဲ့အတိုင်း ဒီ Rockstar ဂိမ်း ၂ ခုဟာ Timeline နဲ့ Detailing လုပ်နိုင်တဲ့အချက်ပဲကွာလို့ GTA 6 ဟာ ၁၉၇၀ ကာလကို ခေတ်နောက်ပြန်ဆွဲမှာမဟုတ်ဘူးလို့ ပြောရင်း နိဂုံးချုပ်လိုက်ရပါတယ်။

Source: Reddit
2B (Akhayar)
www.akhayar.com