[Zawgyi]

အုပ္စု(က)မွာ ဆီမီးဖုိင္နယ္(၂)ေနရာကုိ ဘယ္အသင္း ရယူသြားမလဲ

၂၀၁၈ ဆူဇူကီးဖလားၿပိဳင္ပဲြ အုပ္စုအဆင့္ေတြကေတာ့ Tempo ျမင့္တက္လာေနပါၿပီ။ အုပ္စု(က)မွာ ျမန္မာ၊ ဗီယက္နမ္၊ မေလးရွား၊ အုပ္စု(ခ)မွာ ထုိင္း၊ ဖိလစ္ပုိင္၊ စင္ကာပူတို႔ ဆီမီးဖုိင္နယ္ အိပ္မက္ မက္ခြင့္ရဖုိ႔အတြက္ အႀကိတ္အနယ္ကစားရေတာ့မွာပါ။ ဒီေနရာမွာ ကၽြန္ေတာ္တို႔ ျမန္မာအသင္း ပါ၀င္ေနတဲ့ အုပ္စု(က)ရဲ႕ အေနအထားကုိပဲ ဦးစားေပးေျပာခ်င္ပါတယ္။ ပထမဆုံးအေနနဲ႔ အုပ္စုတြင္း သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကုိ ေဖာ္ျပလုိက္ပါရေစ . .

၁ . အမွတ္အမ်ားဆုံး (၂)သင္း
၂ . ဂုိးကြာျခားခ်က္
၃ .သြင္းဂုိး

Myanmar-vs-Vietnam

Myanmar-vs-Vietnam

တကယ္လုိ႔ (၂)သင္း ဒါမွမဟုတ္ (၃)သင္းဟာ ဒီစည္းမ်ဥ္း(၃)ခုနဲ႔ တူညီေနတယ္ဆုိရင္ေတာ့ ေနာက္ထပ္ ဆုံးျဖတ္မယ့္စည္းမ်ဥ္းေတြက . .
၁ .သက္ဆုိင္ရာအသင္းေတြ ေတြ႕ဆုံခဲ့တ့ဲ ရလဒ္
၂.ဒီအသင္းေတြရဲ႕ ပယ္နယ္တီဧရိယာအတြင္း ဂုိးေပါက္ကန္သြင္းမႈ
၃.Fair Play စည္းမ်ဥ္းမွာ အမွတ္အနည္းဆုံး
၄.ဆူဇူကီးၿပိဳင္ပဲြ တာ၀န္ခံေတြရဲ႕ မဲခဲြမႈ ေတြပဲျဖစ္ပါတယ္။ အုပ္စု(က)ရပ္တည္မႈ ဇယားကုိ ၾကည့္ရေအာင္ .

Myanmar-Group-Standing

Myanmar-Group-Standing

ဒီစာရင္းအရေတာ့ ဗီယက္နမ္အသင္းဟာ ဆီမီးဖုိင္နယ္ကုိ တက္ဖုိ႔ ရာႏႈန္းျပည့္ေသခ်ာေနၿပီလုိ႔ ဆုိရမွာပါ။ မေလးရွားနဲ႔ ျမန္မာ သေရက်ခဲ့ရင္ ဗီယက္နမ္အသင္းဟာ ကမၻာဒီးယားကုိ အနည္းဆုံး(၅)ဂုိးျပတ္ ႐ႈံးမွ အုပ္စုက ထြက္ရမယ့္အေနအထားပါပဲ။ မေလးရွားနဲ႔ ျမန္မာတို႔ဟာ ဆီမီးဖုိင္နယ္တစ္ေနရာကုိ အသည္းအသန္လုရမွာျဖစ္ပါတယ္။ မေလးရွားအသင္းက အႏုိင္ရမွတက္မယ္ဆုိေပမယ့္ ျမန္မာအသင္းကေတာ့ သေရတစ္မွတ္ဆုိရင္ အေျခအေနေကာင္းသြားပါၿပီ။ အားရစရာတစ္ခုက ျမန္မာအသင္းဟာ မေလးရွားနဲ႔ စီနီယာအဆင့္ ေနာက္ဆုံး(၄)ပဲြဆက္ ေတြ႕ဆုံမႈမွာ တစ္ပဲြမွ မ႐ႈံးခဲ့ဘဲ (၂)ပဲြႏုိင္၊ (၂)ပဲြသေရက်ခ့ဲတယ္။ ကဲ .. ပရိသတ္ႀကီးေရ ..မေလးရွားနဲ႔ ျမန္မာေတြ႕ဆုံမႈမွာ ဘယ္သူႏုိင္မလဲ၊ ဆီမီးဖုိင္နယ္တစ္ေနရာကုိ ဘယ္အသင္း ရယူသြားမလဲဆုိတာ ရင္ခုန္စြာနဲ႔ ေစာင့္ၾကည့္လုိက္ရေအာင္လား . .

REF:foxsportsasia
Photo:The Myanmar Times,FOX Sports Asia,Goal
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အုပ်စု(က)မှာ ဆီမီးဖိုင်နယ်(၂)နေရာကို ဘယ်အသင်း ရယူသွားမလဲ

၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုအဆင့်တွေကတော့ Tempo မြင့်တက်လာနေပါပြီ။ အုပ်စု(က)မှာ မြန်မာ၊ ဗီယက်နမ်၊ မလေးရှား၊ အုပ်စု(ခ)မှာ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူတို့ ဆီမီးဖိုင်နယ် အိပ်မက် မက်ခွင့်ရဖို့အတွက် အကြိတ်အနယ်ကစားရတော့မှာပါ။ ဒီနေရာမှာ ကျွန်တော်တို့ မြန်မာအသင်း ပါဝင်နေတဲ့ အုပ်စု(က)ရဲ့ အနေအထားကိုပဲ ဦးစားပေးပြောချင်ပါတယ်။ ပထမဆုံးအနေနဲ့ အုပ်စုတွင်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖော်ပြလိုက်ပါရစေ . .

၁ . အမှတ်အများဆုံး (၂)သင်း
၂ . ဂိုးကွာခြားချက်
၃ .သွင်းဂိုး

Myanmar-vs-Vietnam

Myanmar-vs-Vietnam

တကယ်လို့ (၂)သင်း ဒါမှမဟုတ် (၃)သင်းဟာ ဒီစည်းမျဉ်း(၃)ခုနဲ့ တူညီနေတယ်ဆိုရင်တော့ နောက်ထပ် ဆုံးဖြတ်မယ့်စည်းမျဉ်းတွေက . .
၁ .သက်ဆိုင်ရာအသင်းတွေ တွေ့ဆုံခဲ့တဲ့ ရလဒ်
၂.ဒီအသင်းတွေရဲ့ ပယ်နယ်တီဧရိယာအတွင်း ဂိုးပေါက်ကန်သွင်းမှု
၃.Fair Play စည်းမျဉ်းမှာ အမှတ်အနည်းဆုံး
၄.ဆူဇူကီးပြိုင်ပွဲ တာဝန်ခံတွေရဲ့ မဲခွဲမှု တွေပဲဖြစ်ပါတယ်။ အုပ်စု(က)ရပ်တည်မှု ဇယားကို ကြည့်ရအောင် .

Myanmar-Group-Standing

Myanmar-Group-Standing

ဒီစာရင်းအရတော့ ဗီယက်နမ်အသင်းဟာ ဆီမီးဖိုင်နယ်ကို တက်ဖို့ ရာနှုန်းပြည့်သေချာနေပြီလို့ ဆိုရမှာပါ။ မလေးရှားနဲ့ မြန်မာ သရေကျခဲ့ရင် ဗီယက်နမ်အသင်းဟာ ကမ္ဘာဒီးယားကို အနည်းဆုံး(၅)ဂိုးပြတ် ရှုံးမှ အုပ်စုက ထွက်ရမယ့်အနေအထားပါပဲ။ မလေးရှားနဲ့ မြန်မာတို့ဟာ ဆီမီးဖိုင်နယ်တစ်နေရာကို အသည်းအသန်လုရမှာဖြစ်ပါတယ်။ မလေးရှားအသင်းက အနိုင်ရမှတက်မယ်ဆိုပေမယ့် မြန်မာအသင်းကတော့ သရေတစ်မှတ်ဆိုရင် အခြေအနေကောင်းသွားပါပြီ။ အားရစရာတစ်ခုက မြန်မာအသင်းဟာ မလေးရှားနဲ့ စီနီယာအဆင့် နောက်ဆုံး(၄)ပွဲဆက် တွေ့ဆုံမှုမှာ တစ်ပွဲမှ မရှုံးခဲ့ဘဲ (၂)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့တယ်။ ကဲ .. ပရိသတ်ကြီးရေ ..မလေးရှားနဲ့ မြန်မာတွေ့ဆုံမှုမှာ ဘယ်သူနိုင်မလဲ၊ ဆီမီးဖိုင်နယ်တစ်နေရာကို ဘယ်အသင်း ရယူသွားမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်လိုက်ရအောင်လား . .

REF:foxsportsasia
Photo:The Myanmar Times,FOX Sports Asia,Goal
Naing Linn(Akhayar)
www.akhayar.com