This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ခ႐ုိေအးရွားနဲ႔ပဲြမွာ ေျခစြမ္းေကာင္းဖုိ႔ထက္ အႏုိင္ရဖုိ႔သာ ပုိအေရးႀကီးတယ္လုိ႔ ဆုိလုိက္တဲ့ Griezmann

ျပင္သစ္အသင္းရဲ႕တိုက္စစ္မွဴး ဂရစ္ဇ္မန္း Griezmann က ခ႐ုိေအးရွားနဲ႔ကစားမယ့္ ကမၻာ႔ဖလားဗုိလ္လုပဲြက်ရင္ အသင္းေျခစြမ္း ေကာင္း၊ မေကာင္းဆုိတာထက္ အႏုိင္ရဖုိ႔က ပုိအေရးႀကီးတယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံကုိ အႏုိင္ရခ့ဲတဲ့ ဆီမီးဖုိင္နယ္ပဲြတုန္းက ျပင္သစ္အသင္းဟာ ခံစစ္အသားေပးကစားခဲ့တာေၾကာင့္ ဘယ္လ္ဂ်ီယံကစားသမားေတြျဖစ္တဲ့ ဟာဇက္ Hazard ၊ ေကာ္တုိအာ Courtois တို႔က ျပင္သစ္အသင္းရဲ႕ကစားပုံကုိ ေ၀ဖန္ျပစ္တင္ခ့ဲၾကတယ္။ ဒါေပမဲ့ ဂရစ္ဇ္မန္းကေတာ့ ေ၀ဖန္မႈေတြကုိ ဂ႐ုစုိက္ေနမွာ မဟုတ္ဘဲ ဒုတိယအႀကိမ္ေျမာက္ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ကုိင္ေျမႇာက္ႏုိင္ဖုိ႔က ပုိအေရးႀကီးတယ္လုိ႔ ဆုိခဲ့တာပါ။

France-vs-Belgium1

France-vs-Belgium1

ဂရစ္ဇ္မန္းက”ေကာ္တိုအာဟာ အက္သလက္တီကုိမွာ ကစားခဲ့ဖူးၿပီး လာလီဂါခ်န္ပီယံဆုကုိ ရရွိခဲ့ပါတယ္။ ေနာက္ၿပီး ခ်ယ္လ္ဆီးအသင္းမွာလည္း ပရီးမီးယားလိဂ္ဖလားကုိ ရယူခဲ့သူပါ။ သူကစားခဲ့တဲ့အသင္းေတြဟာ ဘာစီလုိနာလုိ ကစားတယ္လုိ႔ ထင္ေနတာလား။ ကၽြန္ေတာ္ကေတာ့ ဘာမွ ဂ႐ုမစုိက္ပါဘူး။ ကၽြန္ေတာ့္ဆႏၵက ျပင္သစ္အသင္းနဲ႔အတူ ေအာင္ျမင္မႈရဖုိ႔ပါပဲ။ တကယ္လုိ႔ ေအာင္ျမင္မႈရမယ္ဆုိရင္ အသင္းရဲ႕ေျခစြမ္း ေကာင္း မေကာင္းကုိ ကၽြန္ေတာ္ စိတ္၀င္စားေနမွာ မဟုတ္ပါဘူး”လုိ႔ ေျပာၾကားခဲ့တယ္။ ျပင္သစ္အသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားဗုိလ္လုပဲြအျဖစ္ တနဂၤေႏြေန႔ က်ရင္ ခ႐ုိေအးရွားအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ၁၉၉၈ ေနာက္ပုိင္းေ၀းကြာေနတဲ့ ခ်န္ပီယံဆုကုိ ရယူဖုိ႔ ႀကိဳးစားရမွာပါ။

REF:Sky Sports
Photo:Yahoo Sport ,Le Republicain Lorrain
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ခရိုအေးရှားနဲ့ပွဲမှာ ခြေစွမ်းကောင်းဖို့ထက် အနိုင်ရဖို့သာ ပိုအရေးကြီးတယ်လို့ ဆိုလိုက်တဲ့ Griezmann

ပြင်သစ်အသင်းရဲ့တိုက်စစ်မှူး ဂရစ်ဇ်မန်း Griezmann က ခရိုအေးရှားနဲ့ကစားမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲကျရင် အသင်းခြေစွမ်း ကောင်း၊ မကောင်းဆိုတာထက် အနိုင်ရဖို့က ပိုအရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ ဘယ်လ်ဂျီယံကို အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲတုန်းက ပြင်သစ်အသင်းဟာ ခံစစ်အသားပေးကစားခဲ့တာကြောင့် ဘယ်လ်ဂျီယံကစားသမားတွေဖြစ်တဲ့ ဟာဇက် Hazard ၊ ကော်တိုအာ Courtois တို့က ပြင်သစ်အသင်းရဲ့ကစားပုံကို ဝေဖန်ပြစ်တင်ခဲ့ကြတယ်။ ဒါပေမဲ့ ဂရစ်ဇ်မန်းကတော့ ဝေဖန်မှုတွေကို ဂရုစိုက်နေမှာ မဟုတ်ဘဲ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်နိုင်ဖို့က ပိုအရေးကြီးတယ်လို့ ဆိုခဲ့တာပါ။

France-vs-Belgium1

France-vs-Belgium1

ဂရစ်ဇ်မန်းက”ကော်တိုအာဟာ အက်သလက်တီကိုမှာ ကစားခဲ့ဖူးပြီး လာလီဂါချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ နောက်ပြီး ချယ်လ်ဆီးအသင်းမှာလည်း ပရီးမီးယားလိဂ်ဖလားကို ရယူခဲ့သူပါ။ သူကစားခဲ့တဲ့အသင်းတွေဟာ ဘာစီလိုနာလို ကစားတယ်လို့ ထင်နေတာလား။ ကျွန်တော်ကတော့ ဘာမှ ဂရုမစိုက်ပါဘူး။ ကျွန်တော့်ဆန္ဒက ပြင်သစ်အသင်းနဲ့အတူ အောင်မြင်မှုရဖို့ပါပဲ။ တကယ်လို့ အောင်မြင်မှုရမယ်ဆိုရင် အသင်းရဲ့ခြေစွမ်း ကောင်း မကောင်းကို ကျွန်တော် စိတ်ဝင်စားနေမှာ မဟုတ်ပါဘူး”လို့ ပြောကြားခဲ့တယ်။ ပြင်သစ်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် တနင်္ဂနွေနေ့ ကျရင် ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ၁၉၉၈ နောက်ပိုင်းဝေးကွာနေတဲ့ ချန်ပီယံဆုကို ရယူဖို့ ကြိုးစားရမှာပါ။

REF:Sky Sports
Photo:Yahoo Sport ,Le Republicain Lorrain
Naing Linn(Akhayar)
www.akhayar.com