[Zawgyi]



Griezmann

Griezmann


Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်မှာ မှတ်တမ်းကောင်းတစ်ခုကို ရယူနိုင်ခဲ့တဲ့ ဂရစ်ဇ်မန်း Griezmann

အက်သလက်တီကိုအသင်းရဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်း Griezmann ဟာ ချန်ပီယံလိဂ်မှာ မှတ်တမ်းကောင်းတစ်ခုကို ရယူနိုင်ခဲ့ပါတယ်။ ဒါကတော့ ဂရစ်ဇ်မန်း ဟာ ချန်ပီယံလိဂ်သွင်းဂိုး(၂၀)ပြည့်ခဲ့တဲ့ (၅)ယောက်မြောက် ပြင်သစ်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့တာပဲဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းက ဒေါ့မွန်အသင်းကို ( ၂ – ၀ ) အနိုင်ရရိှခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂရစ်ဇ်မန်း ဟာ အသင်းအတွက် တစ်ဂိုးသွင်းယူပေးခဲ့တာကြောင့် ဒီမှတ်တမ်းကိုရရှိခဲ့တာပါ။

Griezmann

Griezmann

ဂရစ်ဇ်မန်း ရဲ့ အရှေ့က ချန်ပီယံလိဂ်မှာ သွင်းဂိုး(၂၀)ပြည့်ခဲ့ကြတဲ့ ကစားသမားတွေကတော့ အွန်နရီ Henry ၊ ထရက်ဇီဂေး Trezeguet ၊ အနယ်ကာ Anelka နဲ့ ဘန်ဇီမာ Benzema တို့ပဲဖြစ်ပါတယ်။ လက်ရှိမှာ အသက်(၂၇)နှစ် အရွယ်ရှိပြီဖြစ်သူ ဂရစ်ဇ်မန်း ဟာ ဒီနှစ်ဘောလုံးရာသီမှာ အက်သလက်တီကိုအသင်းအတွက် လက်ရှိအချိန်ထိ ပြိုင်ပွဲစုံသွင်းဂိုး(၆)ဂိုးသွင်းယူပေးထားသလို Ballon d’Or ဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ ကစားသမားတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။

Ref: Bleacher Report Football
Photo: Stadium Astro , Sport24 – Le Figaro
Ko Kyue(Akhayar)
www.akhayar.com