Oppo ဟာသူတို့ထုတ်ကုန်ဖြစ်တဲ့ R9s ကိုအရောင်အသစ်နဲ့ထုတ်လုပ်လိုက်တယ်လို့သိရပါတယ်။ အသစ်ထွက်လာမယ့်အရောင်ကတော့ အစိမ်းရောင်ဖြစ်ပြီး ဧပရယ်၁ရက်မှာစတင်မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Oppo R9s ကို အောက်တိုဘာ ၂၀၁၆မှာ စတင်ထုတ်လုပ် လိုက်တာဖြစ်ပြီး အရင်က ထွက်ခဲ့တဲ့ စမတ်ဖုန်းအရောင်တွေကတော့ Black ၊ Gold ၊ Rose Gold ၊ Red တို့ဖြစ်ပါတယ်။ Oppo R9s ရဲ့ မျက်နှာပြင်အကျယ်အ၀န်းဟာ ၅.၅လက်မရှိပြီး Resolution ကတော့ 1080×1920 Pixels ရှိပါတယ်။ တစ်လက်မမှာ ပါဝင်တဲ့ Pixel သိပ်သည်းဆကတော့ 401ppi ဖြစ်ပါတယ်။ လက်ဆယ်ချောင်းလုံး အသုံးပြုနိုင်တဲ့ Multitouch စနစ်ပါဝင်ပြီး မျက်နှာပြင်ကို Corning Gorrila Glass 5 နဲ့ ကာကွယ်ပေးထားပါတယ်။

အသုံးပြူထားတဲ့ Android Version ကတော့ 6.0.1 Marshmallow ဖြစ်ပြီး Chipset ကတော့ Qualcomm MSM8953 Snapdragon 625 အထောက်အပံ့ပေးထားပါတယ်။ အသုံးပြုထားတဲ့ CPU ကတော့ Octa-Core 2.0 GHz Cortex-A53 ဖြစ်ပါတယ်။ GPU ကတော့ Adreno 506 ပါ။ Ram 4GB ၊ Internal Memory 64GB ရှိပြီး မှတ်ဥာဏ်ထပ်တိုး အသုံးပြုချင်တယ်ဆိုရင်တော့ 256GB ထိတိုးချဲ့ အသုံးပြုနိုင်ပါတယ်။ အဓိကကင်မရာ 16MP ရှိပြီး 1/2.8″ Sensor Size ၊ Geo-Tagging ၊ Touch Focus Features တွေပါဝင်ပါတယ်။ ရှေ့ဘက်ကင်မရာ 16MP ရှိပြီး ပါဝင်တဲ့ focus ကတော့ 2.0 ဖြစ်ပါတယ်။ ဗီဒီယို ရိုက်ကူးနိုင်တဲ့စွမ်းရည်ကတော့ 1080p ရှိပြီး တစ်စက္ကန့်မှာ ဖရိန် ၃၀ခန့်ရိုက်ကူးနိုင်တယ်လို့သိရပါတယ်။ MicroUSB Version 2.0 သုံးထားတာကြောင့် အချက်အလက်တွေကူးယူတဲ့အခါ မြန်ဆန်စေမှာပါ။ အသုံးပြုထားတဲ့ Battery ကတော့ Li-Po 3010 mAh Battery ဖြစ်ပါတယ်။ အရောင်အသစ်နဲ့ထွက်ရှိမယ့် စမတ်ဖုန်းရဲ့ ဈေးနှုန်းကို တရားဝင်ကြေငြာခြင်းမရှိသေးပေမယ့် အရင်ထွက်ရှိခဲ့တဲ့ ဖုန်းဈေးနှုန်းနဲ့ တူညီမယ်လို့ ခန့်မှန်းထားကြောင်း သတင်းများအရ သိရပါတယ်။

Jan (Akhayar)

Ref : Gsmarena