This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားခ်န္ပီယံအိပ္မက္ကုိ အေကာင္အထည္ေဖာ္ရမယ့္ နာမည္ေက်ာ္မ်ား

ႏွစ္ေပါင္း(၈၈)ႏွစ္အထိ ၾကာျမင့္ေနၿပီျဖစ္တဲ့ ကမၻာ႔ဖလားၿပိဳင္ပဲြ သမုိင္းတစ္ေလွ်ာက္မွာ ခ်န္ပီယံျဖစ္ခဲ့တဲ့အသင္းက (၈)သင္းရွိခဲ့ၿပီး ဒီဆုဖလားကုိ ကုိင္ေျမႇာက္ခြင့္ရခဲ့တဲ့ ကစားသမားေတြကလည္း အေျမာက္အျမားရွိခဲ့တယ္။ ဒါေပမဲ့ နာမည္ေက်ာ္ကစားသမားေတြထဲမွာ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ထိေတြ႕ခြင့္မရခဲ့ဘဲ ေဘာလုံးသမားဘ၀ အဆုံးသတ္ခဲ့ရတဲ့သူေတြ အမ်ားႀကီးရွိသလုိ ကမၻာ႔ဖလားအိပ္မက္အတြက္ ဆက္လက္တိုက္ပဲြ၀င္ေနတဲ့ လက္ရွိေဘာလုံးေလာကရဲ႕ ထိပ္သီးကစားသမားေတြလည္း က်န္ရွိေနဆဲပါ။ ဂႏၱ၀င္ေတြထဲမွာဆုိရင္ စပိန္နဲ႔ အာဂ်င္တီးနား ဂႏၱ၀င္တိုက္စစ္မွဴးႀကီး ဒီစတီဖာႏုိ Di Stefano၊ ဒတ္ခ်္ဂႏၱ၀င္ ယုိဟန္ခ႐ုိက္ဖ္ Johan Cruyff ၊ ျပင္သစ္က ပလာတီနီ Platini၊ အီတလီေနာက္ခံလူေဟာင္း မာလ္ဒီနီ Maldini တို႔အပါအ၀င္ အမ်ားႀကီးရွိခဲ့ဖူးတယ္။

ဘာလုံးေလာကရဲ႕ လက္ရွိထိပ္တန္းကစားသမားေတြထဲမွာ ကမၻာ႔ဖလားခ်န္ပီယံအိပ္မက္ကုိ အေကာင္အထည္ေဖာ္ဖုိ႔ ႀကိဳးစားေနတဲ့သူေတြ အမ်ားႀကီးရွိေနဆဲျဖစ္ၿပီး အဲဒီထဲကမွ စီေရာ္နယ္လ္ဒုိ C.Ronaldo ၊ မက္ဆီ Mess ၊ ေနမာ Neymar တု႔ိကုိ ဦးစားေပးအျဖစ္ သတ္မွတ္ရမွာပါ။

Cristiano-Ronaldo

Cristiano-Ronaldo

စီေရာ္နယ္လ္ဒုိ၊ မက္ဆီတို႔ဟာ ကလပ္အသင္းေတြနဲ႔အတူ အဓိက ဆုဖလားေပါင္းမ်ားစြာ ရယူခ့ဲသလုိ တစ္ဦးခ်င္းအေကာင္းဆုံးဆုေတြကလည္း မနည္းမေနာပါပဲ။ စီေရာ္နယ္လ္ဒုိရဲ႕ ဆုဖလားမွတ္တမ္းထဲမွာ လက္ေရြးစင္အသင္းနဲ႔အတူ ယူ႐ုိဖလား ရရွိခဲ့ဖူးေပမယ့္ မက္ဆီအတြက္ေတာ့ လက္ေရြးစင္ေအာင္ျမင္မႈက ေ၀းကြာေနဆဲပါ။ လာမယ့္ ကမၻာ႔ဖလားၿပိဳင္ပဲြမွာေတာ့ သူတို႔ရဲ႕ အိပ္မက္ေတြကုိ အေကာင္အထည္ေဖာ္ႏုိင္ဖုိ႔အတြက္ အစြမ္းကုန္ႀကိဳးပမ္းၾကေတာ့မွာျဖစ္ပါတယ္။

messi

messi

သူတို႔ႏွစ္ဦးလုိပဲ ဘရာဇီးလ္အသင္းရဲ႕ နာမည္ေက်ာ္တိုက္စစ္မွဴး ေနမာအတြက္လည္း ဘရာဇီးလ္ႏုိင္ငံရဲ႕ ဂုဏ္ကုိ ေဆာင္ဖုိ႔ တာ၀န္ရွိေနပါတယ္။ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ (၅)ႀကိမ္ အထိရခဲ့တဲ့ ဘရာဇီးလ္အသင္းဟာ ၂၀၀၂ ခုႏွစ္ေနာက္ပုိင္း ခ်န္ပီယံဆုနဲ႔ ေ၀းကြာေနသလုိ ၿပီးခဲ့တဲ့ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပဲြမွာလည္း ဂ်ာမနီကုိ အရွက္တကဲြ႐ႈံးနိမ့္ၿပီး ဆီမီးဖုိင္နယ္အဆင့္ကေန ထြက္ခဲ့ရတယ္။ ေနမာအေနနဲ႔ စီေရာ္နယ္လ္ဒုိ၊ မက္ဆီတို႔နဲ႔ ရင္ေဘာင္တန္းႏုိင္ဖုိ႔၊ ဘရာဇီးလ္အသင္းအတြက္ (၆)ႀကိမ္ေျမာက္ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ရယူႏုိင္ဖုိ႔ ၂၀၁၈ ကမၻာ႔ဖလားကုိ ကုိင္ေျမႇာက္ႏုိင္ေအာင္ ႀကိဳးစားရေတာ့မွာပါ။

Neymar

Neymar

ကမၻာ႔ဖလားခ်န္ပီယံဆု ကုိင္ေျမႇာက္ခြင့္မရခဲ့တဲ့ နာမည္ေက်ာ္ကစားသမားမ်ား

ယိုဟန္ခ႐ုိက္ဖ္
ႏုိင္ငံ: နယ္သာလန္
ကမၻာ႔ဖလားအျမင့္ဆုံးေအာင္ျမင္မႈ – ဒုတိယ(၁၉၇၄)

ပြတ္ရွ္ကပ္စ္
ႏုိင္ငံ : ဟန္ေဂရီ
ကမၻာ႔ဖလားအျမင့္ဆုံးေအာင္ျမင္မႈ – ဒုတိယ(၁၉၅၄)

အူစီဘီယုိ
ႏုိင္ငံ : ေပၚတူဂီ
ကမၻာ႔ဖလားအျမင့္ဆုံးေအာင္ျမင္မႈ – တတိယ(၁၉၆၆)

ပလာတီနီ
ႏုိင္ငံ : ျပင္သစ္
ကမၻာ႔ဖလားအျမင့္ဆုံးေအာင္ျမင္မႈ – တတိယ (၁၉၈၆)

အုိလီဗာခန္း
ႏုိင္ငံ : ဂ်ာမနီ
ကမၻာ႔ဖလားအျမင့္ဆုံးေအာင္ျမင္မႈ – ဒုတိယ(၂၀၀၂)

မာလ္ဒီနီ
ႏုိင္ငံ : အီတလီ
ကမၻာ႔ဖလားအျမင့္ဆုံးေအာင္ျမင္မႈ – ဒုတိယ (၁၉၉၄)

REF:usatoday.com
Photo: Goal,Independent,AS
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားချန်ပီယံအိပ်မက်ကို အကောင်အထည်ဖော်ရမယ့် နာမည်ကျော်များ

နှစ်ပေါင်း(၈၈)နှစ်အထိ ကြာမြင့်နေပြီဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာ ချန်ပီယံဖြစ်ခဲ့တဲ့အသင်းက (၈)သင်းရှိခဲ့ပြီး ဒီဆုဖလားကို ကိုင်မြှောက်ခွင့်ရခဲ့တဲ့ ကစားသမားတွေကလည်း အမြောက်အမြားရှိခဲ့တယ်။ ဒါပေမဲ့ နာမည်ကျော်ကစားသမားတွေထဲမှာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ထိတွေ့ခွင့်မရခဲ့ဘဲ ဘောလုံးသမားဘ၀ အဆုံးသတ်ခဲ့ရတဲ့သူတွေ အများကြီးရှိသလို ကမ္ဘာ့ဖလားအိပ်မက်အတွက် ဆက်လက်တိုက်ပွဲဝင်နေတဲ့ လက်ရှိဘောလုံးလောကရဲ့ ထိပ်သီးကစားသမားတွေလည်း ကျန်ရှိနေဆဲပါ။ ဂန္တဝင်တွေထဲမှာဆိုရင် စပိန်နဲ့ အာဂျင်တီးနား ဂန္တဝင်တိုက်စစ်မှူးကြီး ဒီစတီဖာနို Di Stefano၊ ဒတ်ချ်ဂန္တဝင် ယိုဟန်ခရိုက်ဖ် Johan Cruyff ၊ ပြင်သစ်က ပလာတီနီ Platini၊ အီတလီနောက်ခံလူဟောင်း မာလ်ဒီနီ Maldini တို့အပါအဝင် အများကြီးရှိခဲ့ဖူးတယ်။

ဘာလုံးလောကရဲ့ လက်ရှိထိပ်တန်းကစားသမားတွေထဲမှာ ကမ္ဘာ့ဖလားချန်ပီယံအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့သူတွေ အများကြီးရှိနေဆဲဖြစ်ပြီး အဲဒီထဲကမှ စီရော်နယ်လ်ဒို C.Ronaldo ၊ မက်ဆီ Mess ၊ နေမာ Neymar တု့ိကို ဦးစားပေးအဖြစ် သတ်မှတ်ရမှာပါ။

Cristiano-Ronaldo

Cristiano-Ronaldo

စီရော်နယ်လ်ဒို၊ မက်ဆီတို့ဟာ ကလပ်အသင်းတွေနဲ့အတူ အဓိက ဆုဖလားပေါင်းများစွာ ရယူခဲ့သလို တစ်ဦးချင်းအကောင်းဆုံးဆုတွေကလည်း မနည်းမနောပါပဲ။ စီရော်နယ်လ်ဒိုရဲ့ ဆုဖလားမှတ်တမ်းထဲမှာ လက်ရွေးစင်အသင်းနဲ့အတူ ယူရိုဖလား ရရှိခဲ့ဖူးပေမယ့် မက်ဆီအတွက်တော့ လက်ရွေးစင်အောင်မြင်မှုက ဝေးကွာနေဆဲပါ။ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးပမ်းကြတော့မှာဖြစ်ပါတယ်။

messi

messi

သူတို့နှစ်ဦးလိုပဲ ဘရာဇီးလ်အသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူး နေမာအတွက်လည်း ဘရာဇီးလ်နိုင်ငံရဲ့ ဂုဏ်ကို ဆောင်ဖို့ တာဝန်ရှိနေပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံဆုကို (၅)ကြိမ် အထိရခဲ့တဲ့ ဘရာဇီးလ်အသင်းဟာ ၂၀၀၂ ခုနှစ်နောက်ပိုင်း ချန်ပီယံဆုနဲ့ ဝေးကွာနေသလို ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဂျာမနီကို အရှက်တကွဲရှုံးနိမ့်ပြီး ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရတယ်။ နေမာအနေနဲ့ စီရော်နယ်လ်ဒို၊ မက်ဆီတို့နဲ့ ရင်ဘောင်တန်းနိုင်ဖို့၊ ဘရာဇီးလ်အသင်းအတွက် (၆)ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ဖို့ ၂၀၁၈ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်အောင် ကြိုးစားရတော့မှာပါ။

Neymar

Neymar

ကမ္ဘာ့ဖလားချန်ပီယံဆု ကိုင်မြှောက်ခွင့်မရခဲ့တဲ့ နာမည်ကျော်ကစားသမားများ

ယိုဟန်ခရိုက်ဖ်
နိုင်ငံ: နယ်သာလန်
ကမ္ဘာ့ဖလားအမြင့်ဆုံးအောင်မြင်မှု – ဒုတိယ(၁၉၇၄)

ပွတ်ရှ်ကပ်စ်
နိုင်ငံ : ဟန်ဂေရီ
ကမ္ဘာ့ဖလားအမြင့်ဆုံးအောင်မြင်မှု – ဒုတိယ(၁၉၅၄)

အူစီဘီယို
နိုင်ငံ : ပေါ်တူဂီ
ကမ္ဘာ့ဖလားအမြင့်ဆုံးအောင်မြင်မှု – တတိယ(၁၉၆၆)

ပလာတီနီ
နိုင်ငံ : ပြင်သစ်
ကမ္ဘာ့ဖလားအမြင့်ဆုံးအောင်မြင်မှု – တတိယ (၁၉၈၆)

အိုလီဗာခန်း
နိုင်ငံ : ဂျာမနီ
ကမ္ဘာ့ဖလားအမြင့်ဆုံးအောင်မြင်မှု – ဒုတိယ(၂၀၀၂)

မာလ်ဒီနီ
နိုင်ငံ : အီတလီ
ကမ္ဘာ့ဖလားအမြင့်ဆုံးအောင်မြင်မှု – ဒုတိယ (၁၉၉၄)

REF:usatoday.com
Photo: Goal,Independent,AS
Naing Linn(Akhayar)
www.akhayar.com