[Zawgyi]




Heynckes

Heynckes



Dalglish

Dalglish



Del-Bosque

Del-Bosque



Miguel-Munoz

Miguel-Munoz


(၁) ဇာဂါလို Zagallo

Zagallo

Zagallo



Ref: Sportskeeda
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ကစားသမားဘဝမှာသာမက နည်းပြဘဝမှာပါအောင်မြင်ခဲ့ကြသူများ အပိုင်း(၂)

ပရိသတ်တွေအတွက် ကစားသမားဘဝမှာသာမက နည်းပြဘဝမှာပါအောင်မြင်ခဲ့ကြသူတွေကို အပိုင်း(၁)အနေနဲ့ ဖော်ပြပေးခဲ့ပြီးပါပြီ။ အခုဆက်လက်ပြီး အပိုင်း(၂)ဖော်ပြပေးလိုက်ပါတယ်။

(၅) ဂျက်ဟေးနက်စ် Jupp Heynckes

Heynckes

Heynckes

ကစားသမားဘဝမှာ မိုချန်ဂလာဘတ်အသင်းနဲ့ အတူတောက်ပခဲ့တဲ့ ဂျက်ဟေးနက်စ် Jupp Heynckes ဟာ နည်းပြဘဝမှာတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂန္ထဝင်စာရင်းဝင်နည်းပြဖြစ်ခဲ့ပါတယ်။ ဂျက်ဟေးနက်စ်ဟာ ကစားသမားဘဝမှာ အနောက်ဂျာမနီအသင်းနဲ့အတူ ကမ္ဘာ့ဖလားနဲ့ ယူရိုချန်ပီယံဆုတွေကိုရရှိခဲ့သလို နည်းပြဘဝမှာလည်း ရီးယဲလ် ၊ ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဂျက်ဟေးနက်စ်ဟာ ကစားသမားဘဝမှာ ဆုဖလား(၈)လုံးရရှိခဲ့ပြီး နည်းပြဘဝမှာတော့ ဆုဖလား(၁၂)လုံး ရရှိထားပါတယ်။

(၄) ဒဲဂလစ်ရှ် Kenny Dalglish

Dalglish

Dalglish

ဆဲလ်တစ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ဂန္ထဝင် ဒဲဂလစ်ရှ် Dalglish ဟာ ကစားသမားဘဝမှာသာမက နည်းပြဘဝမှာပါအောင်မြင်ခဲ့သူပါ။ ဒဲဂလစ်ရှ်ဟာ ကစားသမားဘဝမှာ ဆဲလ်တစ် ၊ လီဗာပူးလ်အသင်းတွေနဲ့ အတူ အကြီးအကျယ်အောင်မြင်ခဲ့သလို နည်းပြဘဝမှာလည်း လီဗာပူးလ် ၊ ဆဲလ်တစ် ၊ ဘလက်ဘန်းအသင်းတွေနဲ့ အောင်မြင်ခဲ့ပါတယ်။ ဒဲဂလစ်ရှ်ဟာ ဘလက်ဘန်းအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ကစားသမားဘဝမှာ ဒဲဂလစ်ရှ်ဟာ ဆုဖလား(၂၆)လုံးရရှိခဲ့ပြီး နည်းပြဘဝမှာတော့ ဆုဖလား(၁၂)လုံး ရရှိထားပါတယ်။

(၃) ဒဲလ်ဘော့စကေး Del Bosque

Del-Bosque

Del-Bosque

ရီးယဲလ်အသင်းရဲ့ ဂန္ထဝင် ဒဲလ်ဘော့စကေး Del Bosque ဟာ ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ ရီးယဲလ်အသင်းနဲ့ အောင်မြင်ခဲ့သူပါ။ ဒဲလ်ဘော့စကေးဟာ နည်းပြဘဝမှာစပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားနဲ့ ယူရိုချန်ပီယံဆုတွေကို ရရိှခဲ့သူဖြစ်ပြီး စပိန်အသင်းရဲ့ ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့ပါတယ်။ ဒဲလ်ဘော့စကေးဟာ ကစားသမားဘဝမှာ ဆုဖလား(၉)လုံးရရှိခဲ့ပြီး နည်းပြဘဝမှာတော့ ဆုဖလား(၁၀)လုံး ရရှိထားပါတယ်။

(၂) မီဂွယ်လ်မူနော့ဇ် Miguel Munoz

Miguel-Munoz

Miguel-Munoz

ရီးယဲလ်အသင်းရဲ့ ဂန္ထဝင် မီဂွယ်လ်မူနော့ဇ် Miguel Munoz ဟာ ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ ရီးယဲလ်အသင်းနဲ့ အောင်မြင်ခဲ့သူပါ။ မီဂွယ်လ်မူနော့ဇ်ဟာ ဥရောပဖလား(ချန်ပီယံလိဂ်)ကို ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ ရီးယဲလ်အသင်းနဲ့အတူ ရယူနိုင်ခဲ့သူပဲဖြစ်ပါတယ်။ မီဂွယ်လ်မူနော့ဇ်ဟာ ကစားသမားဘဝမှာ ဆုဖလား(၉)လုံးရရှိခဲ့ပြီး နည်းပြဘဝမှာတော့ ဆုဖလား(၁၄)လုံး ရရှိထားပါတယ်။

(၁) ဇာဂါလို Zagallo

Zagallo

Zagallo

ဘရာဇီးလ် ဂန္ထဝင် ဇာဂါလို Zagallo ဟာ ကလပ်အသင်းမှာရော နိုင်ငံအသင်းမှာပါ ကစားသမားဘဝမှာသာမက နည်းပြဘဝမှာပါအောင်မြင်ခဲ့သူပါ။ ဇာဂါလိုဟာ ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ ကမ္ဘာ့ဖလားချန်ပီယံဆုကိုရရှိခဲ့တဲ့ ပထမဆုံးသူပဲဖြစ်ပါတယ်။ ကစားသမားဘဝမှာ ဇာဂါလိုဟာ ဆုဖလား(၉)လုံးရရှိခဲ့ပြီး နည်းပြဘဝမှာတော့ ဆုဖလား(၆)လုံး ရရှိထားပါတယ်။

ကစားသမားဘဝမှာသာမက နည်းပြဘဝမှာပါအောင်မြင်ခဲ့ကြသူများ အပိုင်း(၁)

Ref: Sportskeeda
Photo: Jornal de Alagoas , El Horizonte , Bundesliga Fanatic , 101 Great Goals , NewsLocker
Ko Kyue(Akhayar)
www.akhayar.com