[Zawgyi]

ကစားသမားဘ၀မွာသာမက နည္းျပဘ၀မွာပါေအာင္ျမင္ခဲ႔ၾကသူမ်ား အပိုင္း(၁)

ကမၻာ႔ေဘာလံုးေလာကမွာ ကစားသမားဘ၀မွာသာမကပဲ နည္းျပဘ၀မွာပါေအာင္ျမင္မႈရဖို႔ဆိုတာ တကယ္႔ကို ခက္ခဲတဲ႔အရာတစ္ခုပါ။ ဒါေပမဲ႔ ဒီလိုခက္ခဲတဲ႔ အရာကိုျဖစ္ေျမာက္ေအာင္ စြမ္းေဆာင္ျပခဲ႔တဲ႔သူေတြရိွပါတယ္။ ပရိသတ္ေတြအတြက္ ကစားသမားဘ၀မွာသာမက နည္းျပဘ၀မွာပါေအာင္ျမင္ခဲ႔ၾကသူေတြကို အပိုင္း(၁)အေနနဲ႔ ေဖာ္ျပေပးလိုက္ပါတယ္။

(၅) ဇီဒန္း Zidane

Zidane

Zidane

ဒီစာရင္းမွာ ဇီဒန္း Zidane ပါလာတာ သိပ္ျပီးထူးဆန္းတဲ႔အရာေတာ႔မဟုတ္ပါဘူး။ ကစားသမားဘ၀မွာ ေဘာ္ဒိုး ၊ ဂ်ဴဗင္တပ္စ္ ၊ ရီးယဲလ္နဲ႔ ျပင္သစ္အသင္းေတြမွာ ဆုဖလားေအာင္ျမင္မႈေတြရရိွခဲ႔တဲ႔ ဇီဒန္းဟာ နည္းျပဘ၀မွာေတာ႔ ရီးယဲလ္အသင္းကိုကိုယ္တြယ္ခဲ႔ျပီး ခ်န္ပီယံလိဂ္ ခ်န္ပီယံဆုကို (၃)ႏွစ္ဆက္ရရိွခဲ႔ပါတယ္။ ဇီဒန္းဟာ ကစားသမားဘ၀မွာ ဆုဖလား(၁၅)လံုးရရိွခဲ႔ျပီး နည္းျပဘ၀မွာေတာ႔ လက္ရိွအခ်ိန္ထိ ဆုဖလား(၇)လံုး ရရိွထားပါတယ္။

(၄) ဘက္ကင္ေဘာင္၀ါ Beckenbauer

Beckenbauer

Beckenbauer

ဂ်ာမနီ ဂႏၳ၀င္ ဘက္ကင္ေဘာင္၀ါ Beckenbauer ဟာ ကစားသမား ဘ၀မွာသာမကပဲ နည္းျပဘ၀မွာပါေအာင္ျမင္ခဲ႔သူပါ။ ကစားသမားဘ၀မွာ ဘက္ကင္ေဘာင္၀ါဟာ ဆုဖလား(၂၁)လံုးရရိွခဲ႔ျပီး နည္းျပဘ၀မွာေတာ႔ ဆုဖလား(၄)လံုးရရိွခဲ႔ပါတယ္။ ဘက္ကင္ေဘာင္၀ါဟာ ကစားသမားဘ၀မွာေရာ နည္းျပဘ၀မွာပါ ကမၻာ႔ဖလားခ်န္ပီယံဆုကို ရရိွခဲ႔သူပဲျဖစ္ပါတယ္။

(၃) ဂြါဒီယိုလာ Guardiola

Guardiola

Guardiola

ကစားသမားဘ၀မွာ ဘာစီလိုနာအသင္းနဲ႔ ေအာင္ျမင္မႈမ်ားစြာရရိွခဲ႔တဲ႔ ဂြါဒီယိုလာ Guardiola ဟာ နည္းျပဘ၀မွာလည္း ဘာစီလိုနာ ၊ ဘိုင္ယန္ျမဴးနစ္နဲ႔ မန္စီးတီးအသင္းေတြနဲ႔ ေအာင္ျမင္ခဲ႔သူပါ။ ဂြါဒီယိုလာဟာ သူ႔ရဲ႕ နည္းျပ အရည္အခ်င္းေတြကို စပိန္ ၊ ဂ်ာမနီ နဲ႔ အဂၤလန္ႏိုင္ငံေတြမွာ အေကာင္းဆံုးသက္ေသျပခဲ႔သူပဲျဖစ္ပါတယ္။ ဂြါဒီယိုလာဟာ ကစားသမားဘ၀မွာ ဆုဖလား(၁၇)လံုးရရိွခဲ႔ျပီး နည္းျပဘ၀မွာေတာ႔ လက္ရိွအခ်ိန္ထိ ဆုဖလား(၂၁)လံုး ရရိွထားပါတယ္။

(၂) အန္ဆယ္ေလာ႔တီ Ancelotti

Ancelotti

Ancelotti

လက္ရိွ နာပိုလီအသင္းနည္းျပ အန္ဆယ္ေလာ႔တီ Ancelotti ဟာ ကစားသမားဘ၀မွာ ဆုဖလား(၁၂)လံုးရရိွခဲ႔ျပီး နည္းျပဘ၀မွာေတာ႔ ဆုဖလား(၁၉)လံုးရရိွခဲ႔သူပါ။ အန္ဆယ္ေလာ႔တီဟာ ပရီးမီးယားလိဂ္ ၊ စီးရီးေအ ၊ ဘြန္ဒစ္လီဂါနဲ႔ လီဂူး စတဲ႔ ထိပ္တန္းလိဂ္(၄)ခုရဲ႕ အမွတ္ေပးခ်န္ပီယံဆုေတြကို ရရိွခဲ႔တဲ႔ ရွားရွားပါးပါး နည္းျပတစ္ဦးပဲ ျဖစ္ပါတယ္။

(၁) ယုိဟန္ခ႐ုိက္ဖ္ Johan Cruyff

Johan-Cruyff

Johan-Cruyff

ေအဂ်က္စ္ နဲ႔ ဘာစီလိုနာတို႔ရဲ႕ ဂႏၳ၀င္ယုိဟန္ခ႐ုိက္ဖ္ Johan Cruyff ဟာ ေအဂ်က္စ္၊ ဘာစီလိုနာ ႏွစ္သင္းလံုးနဲ႔ ကစားသမားဘ၀မွာေရာ နည္းျပဘ၀မွာပါ ေအာင္ျမင္ခဲ႔႔ပါတယ္။ ယုိဟန္ခ႐ုိက္ဖ္ ဟာ ကစားသမားဘ၀မွာ ဆုဖလား(၂၃)လံုးရရိွခဲ႔ျပီး နည္းျပဘ၀မွာဆုဖလား(၁၄)လံုးရရိွခဲ႔ပါတယ္။

Ref: Sportskeeda
Photo: The Times , Sporting News , Football Rants , Squawka , Pundit Arena , Daily Post Nigeria
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ကစားသမားဘဝမှာသာမက နည်းပြဘဝမှာပါအောင်မြင်ခဲ့ကြသူများ အပိုင်း(၁)

ကမ္ဘာ့ဘောလုံးလောကမှာ ကစားသမားဘဝမှာသာမကပဲ နည်းပြဘဝမှာပါအောင်မြင်မှုရဖို့ဆိုတာ တကယ့်ကို ခက်ခဲတဲ့အရာတစ်ခုပါ။ ဒါပေမဲ့ ဒီလိုခက်ခဲတဲ့ အရာကိုဖြစ်မြောက်အောင် စွမ်းဆောင်ပြခဲ့တဲ့သူတွေရှိပါတယ်။ ပရိသတ်တွေအတွက် ကစားသမားဘဝမှာသာမက နည်းပြဘဝမှာပါအောင်မြင်ခဲ့ကြသူတွေကို အပိုင်း(၁)အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၅) ဇီဒန်း Zidane

Zidane

Zidane

ဒီစာရင်းမှာ ဇီဒန်း Zidane ပါလာတာ သိပ်ပြီးထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ ကစားသမားဘဝမှာ ဘော်ဒိုး ၊ ဂျူဗင်တပ်စ် ၊ ရီးယဲလ်နဲ့ ပြင်သစ်အသင်းတွေမှာ ဆုဖလားအောင်မြင်မှုတွေရရှိခဲ့တဲ့ ဇီဒန်းဟာ နည်းပြဘဝမှာတော့ ရီးယဲလ်အသင်းကိုကိုယ်တွယ်ခဲ့ပြီး ချန်ပီယံလိဂ် ချန်ပီယံဆုကို (၃)နှစ်ဆက်ရရှိခဲ့ပါတယ်။ ဇီဒန်းဟာ ကစားသမားဘဝမှာ ဆုဖလား(၁၅)လုံးရရှိခဲ့ပြီး နည်းပြဘဝမှာတော့ လက်ရှိအချိန်ထိ ဆုဖလား(၇)လုံး ရရှိထားပါတယ်။

(၄) ဘက်ကင်ဘောင်ဝါ Beckenbauer

Beckenbauer

Beckenbauer

ဂျာမနီ ဂန္ထဝင် ဘက်ကင်ဘောင်ဝါ Beckenbauer ဟာ ကစားသမား ဘဝမှာသာမကပဲ နည်းပြဘဝမှာပါအောင်မြင်ခဲ့သူပါ။ ကစားသမားဘဝမှာ ဘက်ကင်ဘောင်ဝါဟာ ဆုဖလား(၂၁)လုံးရရှိခဲ့ပြီး နည်းပြဘဝမှာတော့ ဆုဖလား(၄)လုံးရရှိခဲ့ပါတယ်။ ဘက်ကင်ဘောင်ဝါဟာ ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိခဲ့သူပဲဖြစ်ပါတယ်။

(၃) ဂွါဒီယိုလာ Guardiola

Guardiola

Guardiola

ကစားသမားဘဝမှာ ဘာစီလိုနာအသင်းနဲ့ အောင်မြင်မှုများစွာရရှိခဲ့တဲ့ ဂွါဒီယိုလာ Guardiola ဟာ နည်းပြဘဝမှာလည်း ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတွေနဲ့ အောင်မြင်ခဲ့သူပါ။ ဂွါဒီယိုလာဟာ သူ့ရဲ့ နည်းပြ အရည်အချင်းတွေကို စပိန် ၊ ဂျာမနီ နဲ့ အင်္ဂလန်နိုင်ငံတွေမှာ အကောင်းဆုံးသက်သေပြခဲ့သူပဲဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ကစားသမားဘဝမှာ ဆုဖလား(၁၇)လုံးရရှိခဲ့ပြီး နည်းပြဘဝမှာတော့ လက်ရှိအချိန်ထိ ဆုဖလား(၂၁)လုံး ရရှိထားပါတယ်။

(၂) အန်ဆယ်လော့တီ Ancelotti

Ancelotti

Ancelotti

လက်ရှိ နာပိုလီအသင်းနည်းပြ အန်ဆယ်လော့တီ Ancelotti ဟာ ကစားသမားဘဝမှာ ဆုဖလား(၁၂)လုံးရရှိခဲ့ပြီး နည်းပြဘဝမှာတော့ ဆုဖလား(၁၉)လုံးရရှိခဲ့သူပါ။ အန်ဆယ်လော့တီဟာ ပရီးမီးယားလိဂ် ၊ စီးရီးအေ ၊ ဘွန်ဒစ်လီဂါနဲ့ လီဂူး စတဲ့ ထိပ်တန်းလိဂ်(၄)ခုရဲ့ အမှတ်ပေးချန်ပီယံဆုတွေကို ရရှိခဲ့တဲ့ ရှားရှားပါးပါး နည်းပြတစ်ဦးပဲ ဖြစ်ပါတယ်။

(၁) ယိုဟန်ခရိုက်ဖ် Johan Cruyff

Johan-Cruyff

Johan-Cruyff

အေဂျက်စ် နဲ့ ဘာစီလိုနာတို့ရဲ့ ဂန္ထဝင်ယိုဟန်ခရိုက်ဖ် Johan Cruyff ဟာ အေဂျက်စ်၊ ဘာစီလိုနာ နှစ်သင်းလုံးနဲ့ ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ အောင်မြင်ခဲ့ပါတယ်။ ယိုဟန်ခရိုက်ဖ် ဟာ ကစားသမားဘဝမှာ ဆုဖလား(၂၃)လုံးရရှိခဲ့ပြီး နည်းပြဘဝမှာဆုဖလား(၁၄)လုံးရရှိခဲ့ပါတယ်။

Ref: Sportskeeda
Photo: The Times , Sporting News , Football Rants , Squawka , Pundit Arena , Daily Post Nigeria
Ko Kyue(Akhayar)
www.akhayar.com