[Zawgyi]

အသားစံု Sandwich နဲ႔ အိမ္လုပ္ေျပာင္းဖူးႏို႔ေအးတို႔ ျမည္းစမ္းခ်င္စရာ ဘိုေတြႀကိဳက္တဲ့ဆိုင္ကေလး

ေန႔လည္ေန႔ခင္း ထမင္းစားခ်ိန္ေတြ Diet လုပ္မယ္ဆိုပါေတာ့။ ထမင္းဟင္းႀကီးလည္းမစားခ်င္ဘူး က်န္းမာေရးနဲ႔ညီၿပီး ဆီမပါ၊ အီဆိမ့္ေနစရာမလိုဘဲ ႏိုင္ငံျခားသားေတြလက္မလည္ေအာင္ႀကိဳက္ၾကတဲ့ ေပါင္မုန္႔အသားညႇပ္ေလးေတြစားရရင္ မမိုက္ဘူးလား?

Sandwich ကိုေလ အသီးအရြက္ႀကိဳက္တဲ့သူေတြေရာ၊ အသားဆို ၾကက္၊ ဝက္၊ အမဲ၊ရွားရွားပါးပါး အသည္းနဲ႔ ဥပါမက်န္ အစံုအလင္ေရာင္းတဲ့ Sandwich ကိုမ်ား စားခ်င္မိၿပီဆို…..

ဒီကိုသာလာလိုက္ေတာ့ အစားတလိုင္းတို႔ေရ။ ဗိုလ္ရာၫြန္႔လမ္း Mr.Wok နဲ႔ ေဘးကပ္ရက္က ေလာေလာလတ္လတ္အသစ္ဖြင့္ထားတဲ့ Sandwich ဆိုင္ေလးက ေသးေသးေလးနဲ႔ လူစည္ေနလို႔ အခရာက သြားေရာက္စားေသာက္ၾကည့္လိုက္တဲ့အခါ….

ဘာေတြရလဲဆို ေတာ္ေတာ္စိတ္ဝင္စားစရာေလးေတြ ေျပာျပမယ္။

(၁) ၾကက္ဘာဘီက်ဳ
(၂) ၾကက္ပ်ားရည္
(၃) ဝက္သားကင္
(၄) အမဲစပါးလင္ အဲ့လိုထူးထူးဆန္းဆန္းအသားအရသာေလးေတြကို Sandwich လုပ္ေပးတာ။ တစ္ခုတစ္ခု ဟဲဗီးခပ္ႀကီးႀကီးကိုမွ ၁၉၀၀ ကစတယ္ဆိုေတာ့…တန္လိုက္တာရယ္လို႔မထင္မိဘူးလား။

သူ႔ Sandwich က တျခားနဲ႔မတူတာဆို အသီးအရြက္မ်ားတယ္၊ ေပါင္မုန္႔သားက ႂကြပ္ၿပီး ေျခာက္တဲ့ဘက္သြားတယ္။ ေစ်းခ်ိဳသေလာက္ ပမာဏလည္း ႀကီးတယ္။ ထုပ္ပိုးမႈေလးကလည္း စကၠဴပတ္ေလးနဲ႔ ဘိုဆန္ဆန္ေလးဆိုေတာ့ Sandwich ေလးတစ္ခုေလာက္မွမမွာရရင္ ဒီဆိုင္ကမျပန္ဘူးျဖစ္မိမွာပဲ။

အခရာက တစ္ေယာက္စာ မွာခဲ့တာေလးကေတာ့ အမဲႀကိတ္သားနဲ႔ Sandwich ေလးပါပဲ။ အသားေတာ္ေတာ္လတ္လတ္ေလးကိုႀကိတ္ထားေတာ့ Juicy ျဖစ္တယ္။ အရသာကေတာ့ ဘိုဆန္တယ္။ အသီးအရြက္နဲ႔ေဆာ့စ္မ်ားမ်ားကို ေပါင္မုန္႔ၾကမ္းနဲ႔ ကိုက္စားရတဲ့အရသာမ်ိဳးေလးေလ။ ဪ..ၿပီးေတာ့ သူက င႐ုတ္သီးစိမ္းတို႔ဘာတို႔လည္းပါေတာ့ အစပ္ဘာညာ လိုသလိုထည့္ပဲ။ Heavy ႀကီးေတာ့ မျဖစ္ဘူးရယ္။ အအီအဆိမ့္ေတြႀကိဳက္တဲ့သူေတာ့ စားတတ္မွာမဟုတ္ဘူး။

အရသာကိုေတာ့ ႀကိဳက္တဲ့သူေရာ၊ မႀကိဳက္တဲ့သူေရာ ကြဲျပားေလာက္မယ္။ အခရာကေတာ့ ၾကယ္သံုးပြင့္ေလာက္ေပးခ်င္ပါတယ္။

ေနာက္တစ္ခု ဒီဆိုင္ေလးရဲ႕ ထူးဆန္းခ်က္က ဘယ္မွာမွမရေသးတဲ့ အိမ္လုပ္ ေျပာင္းဖူးႏို႔ရည္၊ သီဟိုေစ့ႏို႔ရည္၊ ဗာဒံေစ့ႏို႔ရည္နဲ႔ ဗာဒံေခ်ာကလက္ ႏို႔ရည္ေလးေတြရသတဲ့။ ေကာ္ဘူးေသးေသးေလးေတြနဲ႔ ခ်စ္စရာထုပ္ပိုးၿပီးေရာင္းေနတာမ်ား လာပါဝယ္ပါ ေခၚေနသလိုပဲ။

သူ႔ႏို႔ရည္က လတ္လတ္ဆတ္ဆတ္အိမ္လုပ္တာ၊ ႏြားႏို႔လံုးဝမပါဘဲ ေျပာင္းဖူး၊ ဗာဒံ၊ သီဟိုအေစ့ေတြပဲႀကိတ္ၿပီး အခ်ိဳေပါ့ေပါ့ေအးေအးေလး ေဖ်ာ္ထားေပးတာ။ အရသာက တစ္ဘူးေသာက္မိရင္ က်န္းမာေရးနဲ႔ညီၿပီး လတ္ဆတ္တယ္ ခံစားမိမွာ ေသခ်ာတယ္။ ခ်ိဳတယ္ဆိုရံုေလး…ဆိမ့္တယ္ဆိုရံုေလးရယ္။ ေစ်းႏႈန္းကေတာ့ ၁၅၀၀ ကစပါတယ္။  ဆိုင္နာမည္ေလးက “Great” Sandwich တဲ့။ 

လိပ္စာေလးက အမွတ္ ၃၃၊ ဗိုလ္ရာၫြန္႔လမ္း၊ ေယာမင္းႀကီးရပ္ကြက္၊ ဒဂံုုၿမိဳ႕နယ္ေနာ္။ မနက္ ၇နာရီကေန ည ၇နာရီခြဲထိ ဖြင့္ပါသတဲ့ရွင္။

ကဲ…ဒီဆိုင္ေလးကို ဗိုလ္ရာၫႊန္႔လမ္းထဲဝင္တုန္းခနခန ျဖတ္ဖူးေနေပမယ့္ အရသာဘယ္လိုေနလဲသိခ်င္ေနတဲ့သူေတြ ကိုယ့္အႀကိဳက္ေလးမ်ား ပါခဲ့ရင္ သြားျမည္းစမ္းၾကည့္ပါဦးလို႔။ ဪ…ဆိုင္ေလးက ေသးေသးက်ဥ္းက်ဥ္းေလးေပမယ့္ အျပင္ဘက္နားကခံုတန္းေလးက ပန္းအိုးေလးေတြနဲ႔ ဓါတ္ဖမ္းလို႔လည္း လွပါတယ္လို႔ ေမာင္းတီးလိုက္ရပါတယ္ဗ်ိဳ႕။

FoodieEi (Akhayar)

[Unicode]

အသားစုံ Sandwich နဲ့ အိမ်လုပ်ပြောင်းဖူးနို့အေးတို့ မြည်းစမ်းချင်စရာ ဘိုတွေကြိုက်တဲ့ဆိုင်ကလေး

နေ့လည်နေ့ခင်း ထမင်းစားချိန်တွေ Diet လုပ်မယ်ဆိုပါတော့။ ထမင်းဟင်းကြီးလည်းမစားချင်ဘူး ကျန်းမာရေးနဲ့ညီပြီး ဆီမပါ၊ အီဆိမ့်နေစရာမလိုဘဲ နိုင်ငံခြားသားတွေလက်မလည်အောင်ကြိုက်ကြတဲ့ ပေါင်မုန့်အသားညှပ်လေးတွေစားရရင် မမိုက်ဘူးလား?

Sandwich ကိုလေ အသီးအရွက်ကြိုက်တဲ့သူတွေရော၊ အသားဆို ကြက်၊ ဝက်၊ အမဲ၊ရှားရှားပါးပါး အသည်းနဲ့ ဥပါမကျန် အစုံအလင်ရောင်းတဲ့ Sandwich ကိုများ စားချင်မိပြီဆို…..

ဒီကိုသာလာလိုက်တော့ အစားတလိုင်းတို့ရေ။ ဗိုလ်ရာညွန့်လမ်း Mr.Wok နဲ့ ဘေးကပ်ရက်က လောလောလတ်လတ်အသစ်ဖွင့်ထားတဲ့ Sandwich ဆိုင်လေးက သေးသေးလေးနဲ့ လူစည်နေလို့ အခရာက သွားရောက်စားသောက်ကြည့်လိုက်တဲ့အခါ….

ဘာတွေရလဲဆို တော်တော်စိတ်ဝင်စားစရာလေးတွေ ပြောပြမယ်။

(၁) ကြက်ဘာဘီကျု
(၂) ကြက်ပျားရည်
(၃) ဝက်သားကင်
(၄) အမဲစပါးလင် အဲ့လိုထူးထူးဆန်းဆန်းအသားအရသာလေးတွေကို Sandwich လုပ်ပေးတာ။ တစ်ခုတစ်ခု ဟဲဗီးခပ်ကြီးကြီးကိုမှ ၁၉၀၀ ကစတယ်ဆိုတော့…တန်လိုက်တာရယ်လို့မထင်မိဘူးလား။

သူ့ Sandwich က တခြားနဲ့မတူတာဆို အသီးအရွက်များတယ်၊ ပေါင်မုန့်သားက ကြွပ်ပြီး ခြောက်တဲ့ဘက်သွားတယ်။ ဈေးချိုသလောက် ပမာဏလည်း ကြီးတယ်။ ထုပ်ပိုးမှုလေးကလည်း စက္ကူပတ်လေးနဲ့ ဘိုဆန်ဆန်လေးဆိုတော့ Sandwich လေးတစ်ခုလောက်မှမမှာရရင် ဒီဆိုင်ကမပြန်ဘူးဖြစ်မိမှာပဲ။

အခရာက တစ်ယောက်စာ မှာခဲ့တာလေးကတော့ အမဲကြိတ်သားနဲ့ Sandwich လေးပါပဲ။ အသားတော်တော်လတ်လတ်လေးကိုကြိတ်ထားတော့ Juicy ဖြစ်တယ်။ အရသာကတော့ ဘိုဆန်တယ်။ အသီးအရွက်နဲ့ဆော့စ်များများကို ပေါင်မုန့်ကြမ်းနဲ့ ကိုက်စားရတဲ့အရသာမျိုးလေးလေ။ ဪ..ပြီးတော့ သူက ငရုတ်သီးစိမ်းတို့ဘာတို့လည်းပါတော့ အစပ်ဘာညာ လိုသလိုထည့်ပဲ။ Heavy ကြီးတော့ မဖြစ်ဘူးရယ်။ အအီအဆိမ့်တွေကြိုက်တဲ့သူတော့ စားတတ်မှာမဟုတ်ဘူး။

အရသာကိုတော့ ကြိုက်တဲ့သူရော၊ မကြိုက်တဲ့သူရော ကွဲပြားလောက်မယ်။ အခရာကတော့ ကြယ်သုံးပွင့်လောက်ပေးချင်ပါတယ်။

နောက်တစ်ခု ဒီဆိုင်လေးရဲ့ ထူးဆန်းချက်က ဘယ်မှာမှမရသေးတဲ့ အိမ်လုပ် ပြောင်းဖူးနို့ရည်၊ သီဟိုစေ့နို့ရည်၊ ဗာဒံစေ့နို့ရည်နဲ့ ဗာဒံချောကလက် နို့ရည်လေးတွေရသတဲ့။ ကော်ဘူးသေးသေးလေးတွေနဲ့ ချစ်စရာထုပ်ပိုးပြီးရောင်းနေတာများ လာပါဝယ်ပါ ခေါ်နေသလိုပဲ။

သူ့နို့ရည်က လတ်လတ်ဆတ်ဆတ်အိမ်လုပ်တာ၊ နွားနို့လုံးဝမပါဘဲ ပြောင်းဖူး၊ ဗာဒံ၊ သီဟိုအစေ့တွေပဲကြိတ်ပြီး အချိုပေါ့ပေါ့အေးအေးလေး ဖျော်ထားပေးတာ။ အရသာက တစ်ဘူးသောက်မိရင် ကျန်းမာရေးနဲ့ညီပြီး လတ်ဆတ်တယ် ခံစားမိမှာ သေချာတယ်။ ချိုတယ်ဆိုရုံလေး…ဆိမ့်တယ်ဆိုရုံလေးရယ်။ ဈေးနှုန်းကတော့ ၁၅၀၀ ကစပါတယ်။  ဆိုင်နာမည်လေးက “Great” Sandwich တဲ့။ 

လိပ်စာလေးက အမှတ် ၃၃၊ ဗိုလ်ရာညွန့်လမ်း၊ ယောမင်းကြီးရပ်ကွက်၊ ဒဂုံမြို့နယ်နော်။ မနက် ၇နာရီကနေ ည ၇နာရီခွဲထိ ဖွင့်ပါသတဲ့ရှင်။

ကဲ…ဒီဆိုင်လေးကို ဗိုလ်ရာညွှန့်လမ်းထဲဝင်တုန်းခနခန ဖြတ်ဖူးနေပေမယ့် အရသာဘယ်လိုနေလဲသိချင်နေတဲ့သူတွေ ကိုယ့်အကြိုက်လေးများ ပါခဲ့ရင် သွားမြည်းစမ်းကြည့်ပါဦးလို့။ ဪ…ဆိုင်လေးက သေးသေးကျဉ်းကျဉ်းလေးပေမယ့် အပြင်ဘက်နားကခုံတန်းလေးက ပန်းအိုးလေးတွေနဲ့ ဓါတ်ဖမ်းလို့လည်း လှပါတယ်လို့ မောင်းတီးလိုက်ရပါတယ်ဗျို့။

FoodieEi (Akhayar)