စင်ကာပူအခြေစိုက် Taxi Service တစ်ခုဖြစ်တဲ့ Grab ဟာ မတ်လ ၂၁ရက်နေ့မှာ မြန်မာပြည်ကို စတင်ဝင်ရောက်ပြီး သူတို့ရဲ့ Service ကို စတင်သုံးစွဲနိုင်ဖို့ သူတို့ရဲ့ App ဖြစ်တဲ့ Grab Beta Trial Version ကို သုံးစွဲခွင့်ပေးခဲ့ပါတယ်။ ရန်ကုန်မှာ App အသုံးပြုပြီး စီးရတဲ့ Taxi Services တွေ ရှိနေပြီးသားဖြစ်ပေမယ့် Grab ကတော့ ပထမဆုံး International Company အနေနဲ့ မြန်မာနိုင်ငံကို ဝင်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက အချမ်းသာဆုံး ပုဂ္ဂိုလ်တွေသာ ကားတစ်စီးပိုင်ဆိုင်နိုင်ဖို့ အိပ်မက်မက်ခွင့်ရှိတဲ့ ရန်ကုန်ဟာ ဒီဘက်နှစ်များမှာတော့ ရန်ကုန်မြို့ရဲ့ ကားအစီးရေဟာ ပေါက်ကွဲလုနီးပါး များပြားလာခဲ့ပါတယ်။ လက်ရှိမှာဆိုရင် မြန်မာပြည်အဝှမ်းမှာ မှတ်ပုံတင်ထားတဲ့ ကားအရေအတွက် ၄၃၀,၀၀၀ ခန့် ရှိနေပြီဖြစ်ပြီး စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မှာတော့ ကားတွေ ပြည့်ကျပ်ညပ်နေပြီး လမ်းကြောပိတ်ဆို့မှုတွေ စတင်ဖြစ်ပေါ်နေပါပြီ။ ယခုနှစ် ဇန်နဝါရီလမှာ မြို့တော်အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေက ရန်ကုန်ရဲ့ ဘတ်စ်ကားစနစ်တွေကို အကြီးမားဆုံးပြောင်းလဲမှုလုပ်ခဲ့ပြီး ပြောင်းလဲပြေးဆွဲတဲ့ လမ်းကြောင်းအသစ်တွေ ချမှတ်၊ တချို့ကားအဟောင်းတွေကို ဖယ်ရှားခဲ့ပေမယ့် ခုထိတော့ ရန်ကုန်မြို့နေလူထုဟာ အသားကျသေးတာ မဟုတ်ပါဘူး။ ဒါနဲ့ပဲ ရန်ကုန်လူထုကြီးဟာ တက်စီတွေဘက်ကို အားမကိုးချင်ပေမယ့်လည်း ဆက်လက်အားကိုးရမယ့် အခြေအနေရှိလာပါတယ်။ ဒီတော့ အခရာပရိသတ်ကြီးလည်း Local Company တွေရဲ့ Taxi Services တွေ ရှိပေမယ့်လည်း International Company တစ်ခုဖြစ်တဲ့ Grab ရဲ့ Services ကိုမှ စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ အသုံးပြုပုံဟာ လွယ်ကူပါတယ်။ ၁။ Download လုပ်ဖို့ www.grab.com.mm ကို သွားပြီး အဲဒီမှာ iOS အတွက်ရော၊ Android အတွက်ပါ Download လုပ်ယူလို့ ရပါတယ်။ Android အတွက်ဆိုလည်း Google Play Store မှာ Grab လို့သာ ရိုက်ချလိုက်ပါ။ ဒီပေါ်လာတဲ့ App ကို Download ပြုလုပ်ရုံပါပဲ။ Grab on Google Play Store   ၂။ Grab App ကို စဖွင့်လိုက်တာနဲ့ UI ကလည်း ရိုးရှင်းပါတယ်။ အောက်ကပုံထဲကလို LOG IN WITH GOOGLE ၊ LOG IN WITH FACEBOOK ၊ LOG IN WITH FACEBOOK ဆိုပြီး စတင်တွေ့ရမှာပါ။ Grab UI   ၃။ LOG IN WITH GOOGLE ဆို ကိုယ့်ဖုန်းနဲ့ ချိတ်ထားတဲ့ Google Account တွေကို ပြပေးမှာ ဖြစ်ပြီး ချိတ်မယ့် အကောင့်ကို ရွေးချယ်ရုံပါပဲ။ ပြီးရင် Sign Up Successful ပြပေးပြီး ဖုန်းနံပါတ်ဖြည့်ခိုင်းပါလိမ့်မယ်။ ဖြည့်ပေးလိုက်ရင် Grab ကနေ Confirmation Code ပို့ပေးမှာ ဖြစ်ပြီး အဲ့ဒီ Code ကို ရိုက်ဖြည့်လိုက်တာနဲ့ စတင်သုံးစွဲလို့ ရပြီ ဖြစ်ပါတယ်။ LOG IN WITH GOOGLE ၄။ LOG IN WITH FACEBOOK ကို ရွေးရင်တော့ Grab က ခင်ဗျားရဲ့ Facebook Account Profile,