သိန္းငါးေထာင္ထီဆုေပါက္တယ္ဆိုၿပီး ထီလက္မွတ္အတုနဲ႔လာထုတ္သူကိုအမႈဖြင့္ထား

Fake Lottery

[Zawgyi]

သိန္းငါးေထာင္ထီဆုေပါက္တယ္ဆိုၿပီး ထီလက္မွတ္အတုနဲ႔လာထုတ္သူကိုအမႈဖြင့္ထား

ယေန႔ႏိုဝင္ဘာလ၈ရက္မွာ ေအာင္ဘာေလသိန္းဆု ေငြက်ပ္သိန္းငါးေထာင္ဆုမဲေပါက္တယ္ဆိုၿပီး လာေရာက္ထုတ္ယူသူရဲ႕ ထီလက္မွတ္ကိုစစ္ေဆးၾကည့္လိုက္တဲ့အခါ အတုျဖစ္ေနတာေၾကာင့္ လိမ္လည္သူကို အမႈဖြင့္အေရးယူထားတယ္လို႔ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက သိရပါတယ္။

“ဆုမဲလာေရာက္ထုတ္တဲ့ ထီလက္မွတ္တိုင္းကို စစ္ေဆးမႈေတြျပဳလုပ္ပါတယ္။ အခုလည္း က်ပ္သိန္းငါးေထာင္လာထုတ္တဲ့ထီလက္မွတ္ကို ရံုးမွာစစ္ေဆးၾကည့္တဲ့အခါမွာ အတုျဖစ္ေနတာေတြ႔ရတာေၾကာင့္ ရဲစခန္းကိုအေၾကာင္းၾကားေတာ့ သူတို႔လာေခၚသြားတယ္။ အခုေတာ့ အမႈဖြင့္ထားပါတယ္” လို႔ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းထြဋ္က ေျပာပါတယ္။

က်ပ္သိန္းငါးေထာင္ကို ထီလက္မွတ္အတုနဲ႔ လာေရာက္ထုတ္ယူသူမွာ ရန္ကုန္တိုင္းေဒသႀကီး ေတာင္ဥကၠလာပၿမိဳ႕နယ္မွာေနထိုင္တဲ့ အသက္၆၀ေက်ာ္အမ်ဳိးသမီးတစ္ဦးျဖစ္ၿပီး ေက်ာက္တံတားၿမိဳ႕နယ္တရားရံုးမွာ ရာဇသတ္ႀကီး ပုဒ္မ ၄၆၈(အတုျပဳလုပ္မႈ)နဲ႔ တရားစြဲေပးဖို႔ ေလွ်ာက္ထာားတယ္လို႔ သိရပါတယ္။

“က်ပ္သိန္းငါးေထာင္ အမွန္တကယ္ေပါက္သူက အၾကမ္းဖ်င္းသိရတာကေတာ့ မႏၱေလးဘက္ကလို႔ သိရပါတယ္။ အခုခ်ိန္ထိေတာ့ ထီရံုးနဲ႔ အဆက္အသြယ္မရေသးပါဘူး” လို႔ ၄င္းက ဆိုပါတယ္။ ေျခာက္ႀကိမ္ေျမာက္ ေအာင္ဘာေလထီဆုမဲ က်ပ္သိန္းငါးေထာင္ရဲ႕နံပါတ္ကေတာ့ ကခ-၂၀၁၁၈၃ ျဖစ္ပါတယ္။

www.akhayar.com

[Unicode]

သိန်းငါးထောင်ထီဆုပေါက်တယ်ဆိုပြီး ထီလက်မှတ်အတုနဲ့လာထုတ်သူကိုအမှုဖွင့်ထား

ယနေ့နိုဝင်ဘာလ၈ရက်မှာ အောင်ဘာလေသိန်းဆု ငွေကျပ်သိန်းငါးထောင်ဆုမဲပေါက်တယ်ဆိုပြီး လာရောက်ထုတ်ယူသူရဲ့ ထီလက်မှတ်ကိုစစ်ဆေးကြည့်လိုက်တဲ့အခါ အတုဖြစ်နေတာကြောင့် လိမ်လည်သူကို အမှုဖွင့်အရေးယူထားတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက သိရပါတယ်။

“ဆုမဲလာရောက်ထုတ်တဲ့ ထီလက်မှတ်တိုင်းကို စစ်ဆေးမှုတွေပြုလုပ်ပါတယ်။ အခုလည်း ကျပ်သိန်းငါးထောင်လာထုတ်တဲ့ထီလက်မှတ်ကို ရုံးမှာစစ်ဆေးကြည့်တဲ့အခါမှာ အတုဖြစ်နေတာတွေ့ရတာကြောင့် ရဲစခန်းကိုအကြောင်းကြားတော့ သူတို့လာခေါ်သွားတယ်။ အခုတော့ အမှုဖွင့်ထားပါတယ်” လို့ ပြည်တွင်းအခွန်များဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောပါတယ်။

ကျပ်သိန်းငါးထောင်ကို ထီလက်မှတ်အတုနဲ့ လာရောက်ထုတ်ယူသူမှာ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်မှာနေထိုင်တဲ့ အသက်၆၀ကျော်အမျိုးသမီးတစ်ဦးဖြစ်ပြီး ကျောက်တံတားမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီး ပုဒ်မ ၄၆၈(အတုပြုလုပ်မှု)နဲ့ တရားစွဲပေးဖို့ လျှောက်ထာားတယ်လို့ သိရပါတယ်။

“ကျပ်သိန်းငါးထောင် အမှန်တကယ်ပေါက်သူက အကြမ်းဖျင်းသိရတာကတော့ မန္တလေးဘက်ကလို့ သိရပါတယ်။ အခုချိန်ထိတော့ ထီရုံးနဲ့ အဆက်အသွယ်မရသေးပါဘူး” လို့ ၎င်းက ဆိုပါတယ်။ ခြောက်ကြိမ်မြောက် အောင်ဘာလေထီဆုမဲ ကျပ်သိန်းငါးထောင်ရဲ့နံပါတ်ကတော့ ကခ-၂၀၁၁၈၃ ဖြစ်ပါတယ်။

www.akhayar.com