တစ္ႏွစ္အတြင္း ငလ်င္ အႀကိမ္ ၇၀ ခန္႔လႈပ္ခတ္ခဲ့သျဖင့္ သတိေပးခ်က္ထုတ္ျပန္

Yangon Overpass

[Zawgyi]

တစ္ႏွစ္အတြင္း ငလ်င္ အႀကိမ္ ၇၀ ခန္႔လႈပ္ခတ္ခဲ့သျဖင့္ သတိေပးခ်က္ထုတ္ျပန္

၂၀၁၇ ခုႏွစ္ ဇန္နဝါရီလ မွ ဒီဇင္ဘာလအတြင္း အင္အားအနည္းငယ္နဲ႔ အင္အားအသင့္အတင့္ရွိ ေျမငလ်င္မ်ား အႀကိမ္ ၇၀ ခန္႔ လႈပ္ခတ္ခဲ့ၿပီး ၿပီးခဲ့ေသာႏိုဝင္ဘာလမွစတင္ကာ ဒီဇင္ဘာလနဲ႔ ယခုဇန္နဝါရီလအတြင္း မၾကာခဏ လႈပ္ခတ္ျခင္းေၾကာင့္ ငလ်င္ေဘးအႏၱရာယ္နဲ႔ပတ္သက္ၿပီး သတိျပဳေနထိုင္ရန္လိုအပ္ေၾကာင္း လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက အသိေပးႏႈိးေဆာ္လိုက္ပါတယ္။

Heineken Beer
Heineken Beer

Heineken Facebook Page သို႔

အဆိုပါအသိေပးႏႈိးေဆာ္ခ်က္ကို ယေန႔ ဇန္နဝါရီလ ၁၂ ရက္ေန႔ မနက္ပိုင္းအခ်ိန္မွာ ထုတ္ျပန္ခဲ့ျခင္းျဖစ္ကာ ယေန႔မနက္ပိုင္း ၁ နာရီခန္႔မွစတင္ၿပီး ျမန္မာႏုိင္ငံအတြင္းရွိ ရန္ကုန္ၿမိဳ႕အပါအဝင္ၿမိဳ႕နယ္အခ်ိဳ႕မွာ အင္အားအသင့္အတင့္ရွိေသာ ေျမငလ်င္အခ်ိဳ႕လႈပ္ခတ္မႈမ်ားျဖစ္ပြားခဲ့ျခင္းေၾကာင့္ ျပည္သူလူထုအေနနဲ႔ သတိျပဳေနထိုင္ရန္ ဝန္ႀကီးဌာနက ယခုလို အသိေပးႏႈိးေဆာ္လိုက္တာျဖစ္ပါတယ္။

ဆက္လက္ၿပီး ငလ်င္ႀကီးလႈပ္ၿပီးေနာက္ ငလ်င္လတ္နဲ႔ ငလ်င္ငယ္မ်ားက နာရီပိုင္း၊ ရက္ပိုင္း၊ သီတင္းပတ္ပိုင္းမွ လပိုင္းအထိ ဆက္လက္ျဖစ္ပြားႏုိင္ၿပီး ကြဲအက္ခ်ိနဲ႔သြားေသာ တိုက္တာအေဆာက္အဦမ်ား၊ လမ္း၊ တံတားမ်ားက ေနာက္ဆက္တြဲေျမငလ်င္မ်ားေၾကာင့္ ထပ္မံပ်က္ဆီးၿပိဳက်တတ္တယ္လို႔လည္း ဆိုပါတယ္။

ဒါ့ေၾကာင့္ အေဆာက္အဦးမ်ားမွာ အုတ္က်ိဳးအုတ္ပဲ့မ်ားၿပိဳက်မႈ၊ လွ်ပ္စစ္ဓာတ္ႀကိဳးမ်ားျပတ္က်မႈနဲ႔ အျခားေဘးအႏၱရာယ္မ်ား ရွိႏုိင္ေၾကာင္းကိုလည္း သတိျပဳရမွာျဖစ္တယ္လုိ႔ ဆိုသလို ျမန္မာႏုိင္ငံအေနနဲ႔ မီးေဘး၊ ေရေဘး၊ ေလေဘး၊ ငလ်င္ေဘး၊ ဆူနာမီေဘး၊ ေျမၿပိဳေဘး စသည့္ သဘာဝမ်ိဳးစံုျဖစ္ပြားႏုိင္ေသာ ႏုိင္ငံတစ္ႏုိင္ငံျဖစ္တယ္လို႔ သတိေပးႏႈိးေဆာ္ခ်က္မွာ ထည့္သြင္းေဖာ္ျပခ်က္အရ သိရပါတယ္။

ယင္းေနာက္ ထိုေဘးအႏၱရာယ္မ်ားအနက္ ငလ်င္ေဘးအႏၱရာယ္မွာ ႀကိဳတင္ခန္႔မွန္း၍မရဘဲ ႀကိဳတင္သိရွိရျခင္းလည္းမရွိျခင္းေၾကာင့္ အလြန္အႏၱရာယ္မ်ားေသာ ေဘးအႏၱရယ္တစ္မ်ိဳးျဖစ္တယ္လို႔ သိရကာ ျပည္သူလူထုအေနနဲ႔ တာဝန္ရွိအဖြဲ႕အစည္းမ်ား၊ ပညာရွင္မ်ားရဲ႕ အသိပညာေပးေဆာင္ရြက္မႈမ်ားအေပၚ လိုက္နာေဆာင္ရြက္ျခင္းျဖင့္ ပူးေပါင္းေဆာင္ရြက္ၾကရန္ ေဖာ္ျပပါရွိပါတယ္။

ယေန႔ ဇန္နဝါရီလ ၁၂ ရက္ေန႔မွာ လႈပ္ခတ္သြားေသာ ေျမငလ်င္သည္ ကမၻာေအးေျမငလ်င္စခန္းမွ ေျမာက္ဘက္ (၁၀၃) မိုင္ခန္႔ကြာေဝးေသာ ျဖဴးၿမိဳ႕ရဲ႕ အေနာက္ေတာင္ဘက္ (၂၁) မိုင္ခန္႔အကြာကို ဗဟိုျပဳၿပီး အင္အားရက္ခ်္တာ စကး (၄.၆) အဆင့္ရိွ အင္အားအနည္းငယ္ရွိေသာ ေျမငလ်င္တစ္ခု လႈပ္ရွားသြားတာျဖစ္တယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားတာျဖစ္ပါတယ္။

photo credit-www.geniusjourney.com

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

တစ်နှစ်အတွင်း ငလျင် အကြိမ် ၇၀ ခန့်လှုပ်ခတ်ခဲ့သဖြင့် သတိပေးချက်ထုတ်ပြန်

၂၀၁၇ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလအတွင်း အင်အားအနည်းငယ်နဲ့ အင်အားအသင့်အတင့်ရှိ မြေငလျင်များ အကြိမ် ၇၀ ခန့် လှုပ်ခတ်ခဲ့ပြီး ပြီးခဲ့သောနိုဝင်ဘာလမှစတင်ကာ ဒီဇင်ဘာလနဲ့ ယခုဇန်နဝါရီလအတွင်း မကြာခဏ လှုပ်ခတ်ခြင်းကြောင့် ငလျင်ဘေးအန္တရာယ်နဲ့ပတ်သက်ပြီး သတိပြုနေထိုင်ရန်လိုအပ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်လိုက်ပါတယ်။

Heineken Beer
Heineken Beer

Heineken Facebook Page သို့

အဆိုပါအသိပေးနှိုးဆော်ချက်ကို ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းအချိန်မှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ယနေ့မနက်ပိုင်း ၁ နာရီခန့်မှစတင်ပြီး မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်မြို့အပါအဝင်မြို့နယ်အချို့မှာ အင်အားအသင့်အတင့်ရှိသော မြေငလျင်အချို့လှုပ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူလူထုအနေနဲ့ သတိပြုနေထိုင်ရန် ဝန်ကြီးဌာနက ယခုလို အသိပေးနှိုးဆော်လိုက်တာဖြစ်ပါတယ်။

ဆက်လက်ပြီး ငလျင်ကြီးလှုပ်ပြီးနောက် ငလျင်လတ်နဲ့ ငလျင်ငယ်များက နာရီပိုင်း၊ ရက်ပိုင်း၊ သီတင်းပတ်ပိုင်းမှ လပိုင်းအထိ ဆက်လက်ဖြစ်ပွားနိုင်ပြီး ကွဲအက်ချိနဲ့သွားသော တိုက်တာအဆောက်အဦများ၊ လမ်း၊ တံတားများက နောက်ဆက်တွဲမြေငလျင်များကြောင့် ထပ်မံပျက်ဆီးပြိုကျတတ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့ကြောင့် အဆောက်အဦးများမှာ အုတ်ကျိုးအုတ်ပဲ့များပြိုကျမှု၊ လျှပ်စစ်ဓာတ်ကြိုးများပြတ်ကျမှုနဲ့ အခြားဘေးအန္တရာယ်များ ရှိနိုင်ကြောင်းကိုလည်း သတိပြုရမှာဖြစ်တယ်လို့ ဆိုသလို မြန်မာနိုင်ငံအနေနဲ့ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး စသည့် သဘာဝမျိုးစုံဖြစ်ပွားနိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ သတိပေးနှိုးဆော်ချက်မှာ ထည့်သွင်းဖော်ပြချက်အရ သိရပါတယ်။

ယင်းနောက် ထိုဘေးအန္တရာယ်များအနက် ငလျင်ဘေးအန္တရာယ်မှာ ကြိုတင်ခန့်မှန်း၍မရဘဲ ကြိုတင်သိရှိရခြင်းလည်းမရှိခြင်းကြောင့် အလွန်အန္တရာယ်များသော ဘေးအန္တရယ်တစ်မျိုးဖြစ်တယ်လို့ သိရကာ ပြည်သူလူထုအနေနဲ့ တာဝန်ရှိအဖွဲ့အစည်းများ၊ ပညာရှင်များရဲ့ အသိပညာပေးဆောင်ရွက်မှုများအပေါ် လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ဖော်ပြပါရှိပါတယ်။

ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ လှုပ်ခတ်သွားသော မြေငလျင်သည် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် (၁၀၃) မိုင်ခန့်ကွာဝေးသော ဖြူးမြို့ရဲ့ အနောက်တောင်ဘက် (၂၁) မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရက်ချ်တာ စကး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတာဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

photo credit-www.geniusjourney.com

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။