[Zawgyi]

လိင္ပုိင္းဆုိင္ရာ ထိပါးမႈေၾကာင့္ ဝန္ထမ္း (၄၈) ေယာက္ကုိ အလုပ္ထုတ္ခဲ့တဲ့ Google

လိင္ပုိင္းဆုိင္ရာ ထိပါးမႈေၾကာင့္ Google ဟာ (၂) ႏွစ္အတြင္း ဝန္ထမ္း (၄၈) ေယာက္ကုိ အလုပ္ထုတ္ခဲ့တယ္လုိ႔ CEO ျဖစ္တဲ့ Sundar Pichai က New York Times သတင္းစာကုိ ေျပာဆုိခဲ့ပါတယ္။ အလုပ္ထုတ္ခံရတဲ့ ဝန္ထမ္းေတြထဲမွာ (၁၃) ေယာက္က အႀကီးတန္းရာထူး ဒါမွမဟုတ္ အႀကီးတန္းမန္ေနဂ်ာေတြ ျဖစ္ပါတယ္။ Google ဟာ ဝန္ထမ္းေတြကုိ အေကာင္းဆုံးေထာက္ပံ့ေပးတယ္ဆုိေပမယ့္ လိင္ပုိင္းဆုိင္ရာ ထိပါးခ့ဲတဲ့ ဝန္ထမ္းေတြကုိ အလုပ္ထုတ္ရာမွာ နစ္နာေၾကးမေပးခဲ့ဘူးလုိ႔ အတိအလင္းဆုိထားပါတယ္။

ဒါ့အျပင္ ဝန္ထမ္းေတြအေနနဲ႔ လိင္ပုိင္းဆုိင္ရာ ထိပါးခံရတယ္ဆုိရင္ တိတ္တဆိတ္တုိင္ၾကားႏုိင္ဖုိ႔ Internal Tool တစ္ခု ဖန္တီးေပးထားတယ္လုိ႔ သိရပါတယ္။ ဥကၠဌ၊ ဒုတိယဥကၠဌနဲ႔ အႀကီးတန္းမန္ေနဂ်ာေတြက ဝန္ထမ္းေတြကုိ လိင္ပုိင္းဆုိင္ရာထိပါးလာရင္ တုိင္ၾကားခြင့္ရွိတဲ့ စည္းမ်ဥ္းတစ္ခုကုိ Google က ထုတ္ျပန္ထားပါတယ္။

“Google ဟာ ဝန္ထမ္းေတြအေနနဲ႔ အလုပ္လုပ္ရာမွာ ေဘးကင္းစိတ္ခ်ရတဲ့ ပတ္ဝန္းက်င္တစ္ခုကုိ ဖန္တီးေပးထားပါတယ္။ မေလ်ာ္ကန္တဲ့ အျပဳအမူေတြကုိ က်ဴးလြန္လာရင္ေတာ့ အက်ိဳးဆက္ႀကီးႀကီးမားမား ခံစားရမွာပါ” လုိ႔ Google ရဲ႕ CEO ျဖစ္သူ Sundar Pichai က ေျပာဆုိသြားပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

လိင်ပိုင်းဆိုင်ရာ ထိပါးမှုကြောင့် ဝန်ထမ်း (၄၈) ယောက်ကို အလုပ်ထုတ်ခဲ့တဲ့ Google

လိင်ပိုင်းဆိုင်ရာ ထိပါးမှုကြောင့် Google ဟာ (၂) နှစ်အတွင်း ဝန်ထမ်း (၄၈) ယောက်ကို အလုပ်ထုတ်ခဲ့တယ်လို့ CEO ဖြစ်တဲ့ Sundar Pichai က New York Times သတင်းစာကို ပြောဆိုခဲ့ပါတယ်။ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေထဲမှာ (၁၃) ယောက်က အကြီးတန်းရာထူး ဒါမှမဟုတ် အကြီးတန်းမန်နေဂျာတွေ ဖြစ်ပါတယ်။ Google ဟာ ဝန်ထမ်းတွေကို အကောင်းဆုံးထောက်ပံ့ပေးတယ်ဆိုပေမယ့် လိင်ပိုင်းဆိုင်ရာ ထိပါးခဲ့တဲ့ ဝန်ထမ်းတွေကို အလုပ်ထုတ်ရာမှာ နစ်နာကြေးမပေးခဲ့ဘူးလို့ အတိအလင်းဆိုထားပါတယ်။

ဒါ့အပြင် ဝန်ထမ်းတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးခံရတယ်ဆိုရင် တိတ်တဆိတ်တိုင်ကြားနိုင်ဖို့ Internal Tool တစ်ခု ဖန်တီးပေးထားတယ်လို့ သိရပါတယ်။ ဥက္ကဌ၊ ဒုတိယဥက္ကဌနဲ့ အကြီးတန်းမန်နေဂျာတွေက ဝန်ထမ်းတွေကို လိင်ပိုင်းဆိုင်ရာထိပါးလာရင် တိုင်ကြားခွင့်ရှိတဲ့ စည်းမျဉ်းတစ်ခုကို Google က ထုတ်ပြန်ထားပါတယ်။

“Google ဟာ ဝန်ထမ်းတွေအနေနဲ့ အလုပ်လုပ်ရာမှာ ဘေးကင်းစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားပါတယ်။ မလျော်ကန်တဲ့ အပြုအမူတွေကို ကျူးလွန်လာရင်တော့ အကျိုးဆက်ကြီးကြီးမားမား ခံစားရမှာပါ” လို့ Google ရဲ့ CEO ဖြစ်သူ Sundar Pichai က ပြောဆိုသွားပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com