[Zawgyi] 

iPhone သတင္းေတြထပ္ေနတဲ့အခ်ိန္မွာ Google ရဲ႕ ထုတ္ကုန္သစ္ေတြကလည္း သိပ္မၾကာခင္မွာ အမွီလိုက္လာေတာ့မွာပါ။ Google အေနနဲ႔ လာမယ့္ ေအာက္တိုလာ ၉ ရက္ေန႔မွာ ပြဲက်င္းပသြားဖို႔ရွိေနပါတယ္။ 

Google မိတ္ဆက္သြားမယ့္ ထုတ္ကုန္သစ္ေတြထဲမွာ Pixel ဖုန္းေတြက စိတ္ဝင္စားဖို႔အေကာင္းဆံုးျဖစ္ေနေပမယ့္ Chrome Book ေတြနဲ႔ Chrome OS ကိုလည္း Google က ဘယ္လိုေျပာင္းလဲမႈေတြယူလာေပးၿပီး ထုတ္ကုန္အသစ္ေတြကို မိတ္ဆက္သြားမလဲဆိုတာကလည္း စိတ္ဝင္စားစရာပါ။ အေၾကာင္းကေတာ့ Google အေနနဲ႔ Android Tablet ေတြကို စိတ္ဝင္စားမႈနည္းသြားၿပီျဖစ္သလို ေစ်းကြက္မွာလည္း Android Tablet ေတြက တျဖည္းျဖည္း ကြယ္ေပ်ာက္စျပဳလာပါၿပီ။ 

Leaked Image of New Chrome OS Device

အဲ့ဒီလို Android Tablet ေတြကြယ္ေပ်ာက္လုလုျဖစ္ေနခ်ိန္မွာပဲ Google က Chrome OS သံုးထားတဲ့ Laptop ေတြကို ေစ်းကြက္တင္ဖို႔ တြန္းအားေပးခဲ့ပါတယ္။ အခုေတာ့ Google ကုိယ္တိုင္ပဲ Chrome OS သံုးထားတဲ့ Tablet တစ္မ်ိဳးကို မၾကာခင္ထုတ္ျပေတာ့မယ္လို႔ ယူဆရပါတယ္။ အဲ့ဒီ Tablet နဲ႔ပတ္သက္လို႔ေတာ့ Bluetooth Keyboard ထုတ္တဲ့ကုမၸဏီတစ္ခုက သတင္းေပါက္ၾကားလာပါတယ္။ 

Fingerprint Scanner on side

Nocturne လို႔ နာမည္ဝွက္ေပးထားတဲ့ Tablet တစ္လံုးကို Keybard Accessory နဲ႔အတူ ေတြ႕ရတာပဲျဖစ္ပါတယ္။ Tablet ကေတာ့ လက္ရွိ Pixel ဖုန္းေတြမွာေတြ႕ရတဲ့ Design အစိတ္အပိုင္းေတြျဖစ္တဲ့ Stereo Speaker ေတြကို ေတြ႕ရပါတယ္။ Pixelbook မွာေတြ႕ရတဲ့ Display Bezel ေတြထက္ ပိုပါးတယ္လို႔ထင္ရတဲ့ Bezel ေတြကိုဒီ Tablet မွာေတြ႕ရပါတယ္။ 

Previous Pixelbook

Tablet ရဲ႕ေဘးေဘာင္မွာလည္း Power Button ကို Fingerprint Scanner နဲ႔တြဲေပးထားတယ္လို႔ ယူဆရပါတယ္။ Tablet ရဲ႕အထူကလည္း သေဘာက်ခ်င္စရာေကာင္းသလို သယ္သြားဖို႔လည္း ေပါ့ေပါ့ပါးပါးရွိမယ့္ပံုပါပဲ။ ဒီပံုထဲကအတိုင္း အတိအက်ထြက္လာမယ္ဆိုရင္ေတာ့ Chrome OS သံုးထားတဲ့ Tablet ေတြက စိတ္ဝင္စားဖို႔ေကာင္းလာဦးမယ္ဆိုတာ ေသခ်ာေနပါၿပီ။ Google အေနနဲ႔လည္း Pixel 2 ဖုန္းေတြနဲ႔ ေစ်းကြက္ကို အရာထင္ေအာင္မ႐ိုက္ႏိုင္ခဲ့ေပမယ့္ Android Flagship ဖုန္းေတြၾကားမွာ လူအမ်ားစိတ္ဝင္စားခံရေလာက္ေအာင္အထိေတာ့ ေအာင္ျမင္မႈႀကီးႀကီးမားမား ရခဲ့ပါတယ္။ ဒီႏွစ္အတြက္လည္း ဘယ္လိုစိတ္ဝင္စားဖို႔ေကာင္းေအာင္ လုပ္ျပလာဦးမလဲဆိုတာ လာမယ့္ ၉ ရက္ေန႔မွာသိရေတာ့မွာပါ။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

iPhone သတင်းတွေထပ်နေတဲ့အချိန်မှာ Google ရဲ့ ထုတ်ကုန်သစ်တွေကလည်း သိပ်မကြာခင်မှာ အမှီလိုက်လာတော့မှာပါ။ Google အနေနဲ့ လာမယ့် အောက်တိုလာ ၉ ရက်နေ့မှာ ပွဲကျင်းပသွားဖို့ရှိနေပါတယ်။ 

Google မိတ်ဆက်သွားမယ့် ထုတ်ကုန်သစ်တွေထဲမှာ Pixel ဖုန်းတွေက စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်နေပေမယ့် Chrome Book တွေနဲ့ Chrome OS ကိုလည်း Google က ဘယ်လိုပြောင်းလဲမှုတွေယူလာပေးပြီး ထုတ်ကုန်အသစ်တွေကို မိတ်ဆက်သွားမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ အကြောင်းကတော့ Google အနေနဲ့ Android Tablet တွေကို စိတ်ဝင်စားမှုနည်းသွားပြီဖြစ်သလို ဈေးကွက်မှာလည်း Android Tablet တွေက တဖြည်းဖြည်း ကွယ်ပျောက်စပြုလာပါပြီ။ 

Leaked Image of New Chrome OS Device

အဲ့ဒီလို Android Tablet တွေကွယ်ပျောက်လုလုဖြစ်နေချိန်မှာပဲ Google က Chrome OS သုံးထားတဲ့ Laptop တွေကို ဈေးကွက်တင်ဖို့ တွန်းအားပေးခဲ့ပါတယ်။ အခုတော့ Google ကိုယ်တိုင်ပဲ Chrome OS သုံးထားတဲ့ Tablet တစ်မျိုးကို မကြာခင်ထုတ်ပြတော့မယ်လို့ ယူဆရပါတယ်။ အဲ့ဒီ Tablet နဲ့ပတ်သက်လို့တော့ Bluetooth Keyboard ထုတ်တဲ့ကုမ္ပဏီတစ်ခုက သတင်းပေါက်ကြားလာပါတယ်။ 

Fingerprint Scanner on side

Nocturne လို့ နာမည်ဝှက်ပေးထားတဲ့ Tablet တစ်လုံးကို Keybard Accessory နဲ့အတူ တွေ့ရတာပဲဖြစ်ပါတယ်။ Tablet ကတော့ လက်ရှိ Pixel ဖုန်းတွေမှာတွေ့ရတဲ့ Design အစိတ်အပိုင်းတွေဖြစ်တဲ့ Stereo Speaker တွေကို တွေ့ရပါတယ်။ Pixelbook မှာတွေ့ရတဲ့ Display Bezel တွေထက် ပိုပါးတယ်လို့ထင်ရတဲ့ Bezel တွေကိုဒီ Tablet မှာတွေ့ရပါတယ်။ 

Previous Pixelbook

Tablet ရဲ့ဘေးဘောင်မှာလည်း Power Button ကို Fingerprint Scanner နဲ့တွဲပေးထားတယ်လို့ ယူဆရပါတယ်။ Tablet ရဲ့အထူကလည်း သဘောကျချင်စရာကောင်းသလို သယ်သွားဖို့လည်း ပေါ့ပေါ့ပါးပါးရှိမယ့်ပုံပါပဲ။ ဒီပုံထဲကအတိုင်း အတိအကျထွက်လာမယ်ဆိုရင်တော့ Chrome OS သုံးထားတဲ့ Tablet တွေက စိတ်ဝင်စားဖို့ကောင်းလာဦးမယ်ဆိုတာ သေချာနေပါပြီ။ Google အနေနဲ့လည်း Pixel 2 ဖုန်းတွေနဲ့ ဈေးကွက်ကို အရာထင်အောင်မရိုက်နိုင်ခဲ့ပေမယ့် Android Flagship ဖုန်းတွေကြားမှာ လူအများစိတ်ဝင်စားခံရလောက်အောင်အထိတော့ အောင်မြင်မှုကြီးကြီးမားမား ရခဲ့ပါတယ်။ ဒီနှစ်အတွက်လည်း ဘယ်လိုစိတ်ဝင်စားဖို့ကောင်းအောင် လုပ်ပြလာဦးမလဲဆိုတာ လာမယ့် ၉ ရက်နေ့မှာသိရတော့မှာပါ။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com