Google ဟာ သူတိုရဲ့ Server ကို Update လုပ်ပြီးတဲ့နောက်မှာ Google Play Servie အတွက် Feature အသစ်တခု ထပ်မံထုတ်လုပ်လိုက်ကြောင်းသိရပါတယ်။ အဲ့ဒါကိုတော့ Instant Tethering လို့ခေါ်ပြီး ဒီ Feature ဟာ Mobile Hospot အသုံးပြုတဲ့အခါ Device နဲ့ လွယ်ကူစွာ ချိတ်ဆက်နိုင်ကြောင်းသိရပါတယ်။

Online မှ တစ်ဆင့် သိရတဲ့ သတင်းတွေအရ ကတော့ ဒီFeature ဟာ Google Play Services 10.2 ရဲ့ တစိတ်တပိုင်းဖြစ်ပြီး  အခြေခံအနေနဲ့ ပြောရရင် တကယ်လို့ သင့်မှာ Android ဖုန်း နောက်တစ်ခုရှိသေးတယ်ဆိုရင် Google Account တစ်ခုကို Share ပြီး သုံးတဲ့အခါ Instant Tethering ဟာ Cellular Data ချိတ်ဆက်ထားသူများကို Automatically ချိတ်ဆက်ပြီး Data တွေကို Sharing လုပ်နိုင်ပါတယ်။

Android တစ်မျိုးတည်း မှာသာ သုံးနိုင်မှာဖြစ်ပြီး Android Police’s ရဲ့ သတင်းအရင်းအမြစ်အရကတော့ ဒီFeature ဟာ Nexus 9 နဲ့Pixel C Tablets မှာ ပထမဆုံး ပါဝင်လာမှာဖြစ်ပါတယ်။

ဒီ Feature ဟာ စမတ်ဖုန်း နဲ့ Tablet အသုံးပြုပြီး ခရီးသွားတဲ့သူတွေ အတွက်ပိုမိုအထောက်အကူဖြစ်စေနိုင်ပါတယ်။ Tablet အသုံးပြုတဲ့သူတွေ အနေဲ့ Smartphone’s Data Connection ကို လျင်မြန်စွာ ချိတ်ဆက်အသုံးပြုနိုင်ပြီး Feature မှာ Battery Life အပြင် တခြား ချိတ်ဆက်ထားတဲ့ Device တွေကို ပါ ဖော်ပြပေးထားပါတယ်။

Google ဟာ သူတို့ရဲ့ Feature အသစ် ထွက်လာဖို့ ကြိုးပမ်းလျက်ရှိပြီး Device တွေမှာ အသုံးပြုနိုင်ဖို့အတွက် ရည်အနည်းငယ် ကြာဦးမှာ ဖြစ်ကြောင်းသိရပါတယ်။

 

Ref : Android Authority