[Zawgyi] 

နည္းပညာတိုးတက္မႈအရ ႏွစ္တိုင္းေျပာင္းလဲေနတာေတြအမ်ားႀကီးပါ။ အဲ့ဒီလိုအမ်ားႀကီးထဲက Google ရဲ႕  Android OS က လူအမ်ားစိတ္ဝင္စားတဲ့ အရာတစ္ခု့ပါ။ ၂၀၁၈ အတြက္ေတာ့ Google က သူတို႔ရဲ႕ Android Version အသစ္ျဖစ္တဲ့ Android P ကို ဒီေန႔က်င္းပမယ့္ Google I/O မွာ တရားဝင္မိ္တ္ဆက္မွာျဖစ္ပါတယ္။ 

Android P Developer Preview on Pixel 2 XL

Android Version အသစ္ျဖစ္တဲ့အတြက္ Feature အသစ္ေတြ၊ UI အသစ္ေတြပါလာမွာပါ။ Google အသံုးျပဳေနတဲ့ Material Design ရဲ႕ေနာက္ထပ္ Update ျဖစ္တဲ့ Maetrial Design 2 ကို Android P မွာအသံုးျပဳလာမွာျဖစ္ပါတယ္။ သိသာတဲ့ေျပာင္းလဲမႈအေနနဲ႔ Android မွာအမွတ္အသားတစ္ခုလိုျဖစ္ေနတဲ့ Back ၊ Home ၊ Menu ဆိုတဲ့ Navigation Button သံုးခုကို Google ကေျပာင္းလဲလိုက္မွာပါ။ ခလုတ္ေတြအမ်ားႀကီး႐ႈတ္ေနတာမ်ိဳးမဟုတ္ေတာ့ပဲ Home တစ္ခုတည္းကေန Gesture ေတြသံုးလာႏိုင္မွာပါ။

Material Design 2 ကေတာ့ လက္ရွိ Material Design ထက္ပိုၿပီး အျမင္ပိုင္းမွာပိုၿပီး ရွင္းရွင္းလင္းလင္းရွိလာမွာပါ။ UI ထဲက ေလးေထာင့္အနားေတာ္ေတာ္မ်ားမ်ားကို နည္းနည္းစီ ဝိုင္းလိုက္မွာျဖစ္တာေၾကာင့္ ပိုၿပီးလွသြားမွာပါ။ အေရာင္ထည့္တဲ့အပိုင္းေတြမွာလည္း ပိုၿပီးေတာက္ပတဲ့အေရာင္ေတြကို သံုးလာမယ္လို႔သိရပါတယ္။ Google က Android P Developer Preview ကိုထုတ္ေပးထားေပမယ့္ Design အေျပာင္းအလဲက ဒီေန႔ည Google မိတ္ဆက္ေတာ့မွ အတည္ျဖစ္မွာပါ။ Android P ရဲ႕ Feature အသစ္ေတြအားလံုးကို ဖုန္းအားလံုးမွာသံုးႏိုင္မွာမဟုတ္သလို Android P ကို Update လုပ္ႏိုင္မယ့္ဖုန္းကလည္း အမ်ားႀကီးရွိမွာမဟုတ္ပါဘူး။ Android P ကို Google ကထုတ္ေပးတာနဲ႔ အေစာဆံုးသံုးခ်င္ရင္ေတာ့ Nexus ဒါမွမဟုတ္ Pixel ဖုန္းတစ္လံုးရွိမွရမွာပါ။ Google I/O ကို YouTube ကေန တိုက္႐ိုက္ၾကည့္လို႔ရပါတယ္။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Android P ကို Google က ဒီနေ့ညမှာ တရားဝင်ကြေညာတော့မယ်

နည်းပညာတိုးတက်မှုအရ နှစ်တိုင်းပြောင်းလဲနေတာတွေအများကြီးပါ။ အဲ့ဒီလိုအများကြီးထဲက Google ရဲ့  Android OS က လူအများစိတ်ဝင်စားတဲ့ အရာတစ်ခု့ပါ။ ၂၀၁၈ အတွက်တော့ Google က သူတို့ရဲ့ Android Version အသစ်ဖြစ်တဲ့ Android P ကို ဒီနေ့ကျင်းပမယ့် Google I/O မှာ တရားဝင်မိတ်ဆက်မှာဖြစ်ပါတယ်။ 

Android P Developer Preview on Pixel 2 XL

Android Version အသစ်ဖြစ်တဲ့အတွက် Feature အသစ်တွေ၊ UI အသစ်တွေပါလာမှာပါ။ Google အသုံးပြုနေတဲ့ Material Design ရဲ့နောက်ထပ် Update ဖြစ်တဲ့ Maetrial Design 2 ကို Android P မှာအသုံးပြုလာမှာဖြစ်ပါတယ်။ သိသာတဲ့ပြောင်းလဲမှုအနေနဲ့ Android မှာအမှတ်အသားတစ်ခုလိုဖြစ်နေတဲ့ Back ၊ Home ၊ Menu ဆိုတဲ့ Navigation Button သုံးခုကို Google ကပြောင်းလဲလိုက်မှာပါ။ ခလုတ်တွေအများကြီးရှုတ်နေတာမျိုးမဟုတ်တော့ပဲ Home တစ်ခုတည်းကနေ Gesture တွေသုံးလာနိုင်မှာပါ။

Material Design 2 ကတော့ လက်ရှိ Material Design ထက်ပိုပြီး အမြင်ပိုင်းမှာပိုပြီး ရှင်းရှင်းလင်းလင်းရှိလာမှာပါ။ UI ထဲက လေးထောင့်အနားတော်တော်များများကို နည်းနည်းစီ ဝိုင်းလိုက်မှာဖြစ်တာကြောင့် ပိုပြီးလှသွားမှာပါ။ အရောင်ထည့်တဲ့အပိုင်းတွေမှာလည်း ပိုပြီးတောက်ပတဲ့အရောင်တွေကို သုံးလာမယ်လို့သိရပါတယ်။ Google က Android P Developer Preview ကိုထုတ်ပေးထားပေမယ့် Design အပြောင်းအလဲက ဒီနေ့ည Google မိတ်ဆက်တော့မှ အတည်ဖြစ်မှာပါ။ Android P ရဲ့ Feature အသစ်တွေအားလုံးကို ဖုန်းအားလုံးမှာသုံးနိုင်မှာမဟုတ်သလို Android P ကို Update လုပ်နိုင်မယ့်ဖုန်းကလည်း အများကြီးရှိမှာမဟုတ်ပါဘူး။ Android P ကို Google ကထုတ်ပေးတာနဲ့ အစောဆုံးသုံးချင်ရင်တော့ Nexus ဒါမှမဟုတ် Pixel ဖုန်းတစ်လုံးရှိမှရမှာပါ။ Google I/O ကို YouTube ကနေ တိုက်ရိုက်ကြည့်လို့ရပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။