
Google Pixel 3


Google Pixel 3


Google Pixel 3


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google ကနေ နောက်ဆုံးထုတ်လုပ်ထားတဲ့စမတ်ဖုန်းတွေက လက်ရှိအချိန်မှာ အကောင်းဆုံးသော စမတ်ဖုန်းကင်မရာတွေအဖြစ်သတ်မှတ်ခံထားရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးမီက Google Pixel ဖုန်းတွေမှာ ပြဿနာတစ်ခုတက်ခဲ့ပါသေးတယ်။

Google Pixel 3

အဆိုပါ ပြဿနာကတော့ ဓါတ်ပုံရိုက်ပြီးတဲ့အချိန်မှာ အဲ့ဒီရိုက်လိုက်တဲ့ ဓါတ်ပုံတွေက Save မဖြစ်သွားဘဲ ပျောက်သွားတာဖြစ်ပါတယ်။ အခု ပြဿနာက Google Pixel 3 ဖုန်းတွေမှာ အဓိကဖြစ်နေပြီးတော့ အချို့သော Google Pixel 2 ဖုန်းတွေမှာလည်းဖြစ်နေတယ်လို့ ပြန်လည်သိရပါတယ်။

Google Pixel 3

ဒီပြဿနာအတွက်ကို Google ကနေ လာမယ့်ရက်သတ္တပတ်အတွင်းမှာ Software Update ထုတ်ပေးပြီး ပြန်လည်ဖြေရှင်းပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ အခုလိုမျိုးဖြစ်ပွားရတာကလည်း ဓါတ်ပုံရိုက်ပြီးတဲ့အချိန်မှာ HDR+ က Process လုပ်နေတုန်း Photos App ထဲကို ဝင်လိုက်တာကြောင့်ဖြစ်ပြီးတော့ တကယ်လို့ လောလောဆယ် Software Update မရခင်အချိန်အတွင်းမှာ ဒီပြဿနာကို ကြုံနေရတယ်ဆိုရင် Camera ကို HDR+ Process လုပ်ပြီးတဲ့အချိန်အထိ စောင့်ဖို့နဲ့ ဒါမှမဟုတ် HDR+ Function ကို အသုံးမပြုမှပဲရဦးမယ်လို့ သိရပါတယ်။

Google Pixel 3

ဘာပဲဖြစ်ဖြစ် Google Pixel 3 နဲ့ Pixel 3 XL ဖုန်းတွေက Single 12.2MP Back Camera ပဲ ပါဝင်ပေမယ့် လောလောဆယ်မှာ အကောင်းဆုံးသော ကင်မရာပါဝင်တဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ Apple iPhone XS နဲ့ Samsung Galaxy Note 9 တွေထက် ပိုပြီး ကင်မရာကောင်းတယ်လို့ သတ်မှတ်ခံနေရတာပဲဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com