Google Pixel 3 နဲ႔ Pixel 3XL စမတ္ဖုန္းေတြဟာ လက္ရွိအခ်ိန္မွာ အေကာင္းဆံုးေသာ Android စမတ္ဖုန္းေတြလုိ႔ေတာင္ေျပာလုိ႔ရပါတယ္။ ဒါေပမယ့္ Google Pixel 3 စမတ္ဖုန္းေတြမွာ တျခားေသာ Flagship စမတ္ဖုန္းေတြနဲ႔ မတူညီတဲ့အရာတစ္ခုရွိေနပါတယ္။ ဒါကေတာ့ RAM 4GB ပဲပါဝင္တာျဖစ္ပါတယ္။

Google Pixel 3

လက္ရွိထြက္ရွိထားတဲ့ Android Flagship ေတြအကုန္လံုးနီးပါးက အနည္းဆံုး RAM 6B ကေန RAM 10GB အထိ သံုးစြဲလာၾကေပမယ့္ Pixel 3 ကေတာ့ RAM 4GB နဲ႔ပဲေနေနတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Pixel 3 ရဲ႕ RAM Management ဟာ တျခားေသာ Flagship ဖုန္းေတြေလာက္မေကာင္းဘူးလုိ႔ ေဝဖန္ခံခဲ့ရပါတယ္။

အခုလုိမ်ိဳး RAM Management မေကာင္းတဲ့အေပၚကို ေသခ်ာသြားေစတာက Pixel 3 မွာ Spotify ဖြင့္ထားတုန္း Camera ဖြင့္ျပီးေတာ့ ဓါတ္ပံုရုိက္လုိက္ရင္ ေနာက္ကြယ္က Run ေနတဲ့ Spotify က ပိတ္သြားတာလုိမ်ိဳး Application ၃၊ ၄ ခုထက္ပိုျပီးဖြင့္လုိ႔မရတာမ်ိဳးေတြ ၾကံဳေနခဲ့ရတာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Pixel 3 မွာ RAM 4GB ပါဝင္တာက အားနည္းခ်က္တစ္ခုလုိျဖစ္သြားခဲ့ပါတယ္။

Google Pixel 3 & 3 XL

ဒါေပမယ့္ Google ကေတာ့ သူ႕ရဲ႕ Pixel 3 ဖုန္းေတြမွာ RAM ကို 4GB ထက္ပိုမလိုဘူးလုိ႔ ယူဆထားေသးတဲ့ပံုပါပဲ။ ဘာေၾကာင့္လဲဆိုရင္ အခုလုိမ်ိဳး RAM မလံုေလာက္မႈေၾကာင့္ျဖစ္ပြားေနတဲ့ Application ေတြပိတ္သြားတာကို Software Update နဲ႔ ျပန္ျပီး Fix လုပ္ေပးမယ္လုိ႔ ေျပာၾကားခဲ့တာေၾကာင့္ပါ။ Google ရဲ႕ ေျပာၾကားခ်က္အရေတာ့ အဆိုပါ Fix လုပ္ထားမယ့္ Update ဟာ December Security Patch Update အေနနဲ႔ ရရွိလာမွာျဖစ္ျပီးေတာ့ Background App ေတြကို မပိတ္သြားေအာင္ ေဆာင္ရြက္ေပးထားမယ္လုိ႔ သိရပါတယ္။

Apple က ထုတ္လုပ္ထားတဲ့ iPhone XS လုိမ်ိဳး ဖုန္းေတြလည္း RAM 4GB ပဲပါဝင္တာျဖစ္ေပမယ့္ Android စမတ္ဖုန္းတစ္ခုအတြက္ကေတာ့ RAM 4GB က မလံုေလာက္ဘူးလုိ႔ ယူဆေနၾကတဲ့အေပၚကုိ Google က Software Update နဲ႔ ေျဖရွင္းႏုိင္ဦးမလားဆုိတာကေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google Pixel 3 နဲ့ Pixel 3XL စမတ်ဖုန်းတွေဟာ လက်ရှိအချိန်မှာ အကောင်းဆုံးသော Android စမတ်ဖုန်းတွေလို့တောင်ပြောလို့ရပါတယ်။ ဒါပေမယ့် Google Pixel 3 စမတ်ဖုန်းတွေမှာ တခြားသော Flagship စမတ်ဖုန်းတွေနဲ့ မတူညီတဲ့အရာတစ်ခုရှိနေပါတယ်။ ဒါကတော့ RAM 4GB ပဲပါဝင်တာဖြစ်ပါတယ်။

Google Pixel 3

လက်ရှိထွက်ရှိထားတဲ့ Android Flagship တွေအကုန်လုံးနီးပါးက အနည်းဆုံး RAM 6B ကနေ RAM 10GB အထိ သုံးစွဲလာကြပေမယ့် Pixel 3 ကတော့ RAM 4GB နဲ့ပဲနေနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Pixel 3 ရဲ့ RAM Management ဟာ တခြားသော Flagship ဖုန်းတွေလောက်မကောင်းဘူးလို့ ဝေဖန်ခံခဲ့ရပါတယ်။

အခုလိုမျိုး RAM Management မကောင်းတဲ့အပေါ်ကို သေချာသွားစေတာက Pixel 3 မှာ Spotify ဖွင့်ထားတုန်း Camera ဖွင့်ပြီးတော့ ဓါတ်ပုံရိုက်လိုက်ရင် နောက်ကွယ်က Run နေတဲ့ Spotify က ပိတ်သွားတာလိုမျိုး Application ၃၊ ၄ ခုထက်ပိုပြီးဖွင့်လို့မရတာမျိုးတွေ ကြုံနေခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Pixel 3 မှာ RAM 4GB ပါဝင်တာက အားနည်းချက်တစ်ခုလိုဖြစ်သွားခဲ့ပါတယ်။

Google Pixel 3 & 3 XL

ဒါပေမယ့် Google ကတော့ သူ့ရဲ့ Pixel 3 ဖုန်းတွေမှာ RAM ကို 4GB ထက်ပိုမလိုဘူးလို့ ယူဆထားသေးတဲ့ပုံပါပဲ။ ဘာကြောင့်လဲဆိုရင် အခုလိုမျိုး RAM မလုံလောက်မှုကြောင့်ဖြစ်ပွားနေတဲ့ Application တွေပိတ်သွားတာကို Software Update နဲ့ ပြန်ပြီး Fix လုပ်ပေးမယ်လို့ ပြောကြားခဲ့တာကြောင့်ပါ။ Google ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Fix လုပ်ထားမယ့် Update ဟာ December Security Patch Update အနေနဲ့ ရရှိလာမှာဖြစ်ပြီးတော့ Background App တွေကို မပိတ်သွားအောင် ဆောင်ရွက်ပေးထားမယ်လို့ သိရပါတယ်။

Apple က ထုတ်လုပ်ထားတဲ့ iPhone XS လိုမျိုး ဖုန်းတွေလည်း RAM 4GB ပဲပါဝင်တာဖြစ်ပေမယ့် Android စမတ်ဖုန်းတစ်ခုအတွက်ကတော့ RAM 4GB က မလုံလောက်ဘူးလို့ ယူဆနေကြတဲ့အပေါ်ကို Google က Software Update နဲ့ ဖြေရှင်းနိုင်ဦးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com