[Zawgyi] 





Ref: The Next Web

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

YouTube Kids မှာပြသမယ့် Video တွေကို Google စစ်ဆေးသွားမယ်

ကလေးတွေအတွက် YouTube ဆိုတဲ့ရည်ရွယ်ချက်နဲ့ YouTube Kids ကို စတင်ခဲ့တာ အခုဆိုရင် သုံးနှစ်ကျော်သွားခဲ့ပါပြီ။ YouTube Kids မှာ ကလေးတွေအတွက် သီးသန့်လုပ်ပေးထားတဲ့ Video တွေကိုပဲကြည့်လို့ရအောင် လုပ်ထားပေးတာကြောင့် တော်တော်လေးအောင်မြင်ခဲ့ပါတယ်။ 

ကလေးတွေအတွက် အကောင်းဆုံး Video Platform

ဒီကြားထဲမှာတော့ YouTube Kids မှာ ကလေးတွေနားမလည်လောက်မယ့် Video တွေနဲ့ အမုန်းစကားအချို့ပါဝင်တဲ့ Video မျိုးတွေကို တွေ့ရတယ်လို့ Google ကသိရှိပြီးတဲ့နောက်မှာတော့ YouTube Kids အတွက်ပိုဂရုစိုက်လာပါတယ်။ YouTube Kids အတွက် ဝန်ထမ်းတွေကိုယ်တိုင် စနစ်တစ်ကျ ကြည့်ရှုလေ့လာပြီးမှ Video တွေကို YouTube Kids မှာပြသပေးတော့မယ်လို့ Google ကထုန်ပြန်လိုက်ပါတယ်။ အခုလိုသေချာလုပ်ပေးမှလည်း YouTube Kids အနေနဲ့ ရည်ရှည်ရပ်တည်နိုင်မှာပဲဖြစ်ပါတယ်။ Google ကတော့ YouTube Kids ကိုပိုမိုကောင်းမွန်လာအောင် စည်းကမ်းချက်တွေကို ပြောင်းလဲသွားမှာဖြစ်ပြီး ကလေးတွေအတွက် အန္တရာယ်ကင်းတဲ့ သင်ကြားရေးအထောက်အကူပြု ဝန်ဆောင်မှုကောင်းတစ်ခုဖြစ်အောင် ဆောင်ရွက်နေပါတယ်။ 

YouTube Kids ရဲ့အဓိကရည်ရွယ်ချက်ကလည်း ကလေးတွေအတွက် အကောင်းဆုံးနဲ့ အန္တရာယ်အကင်းဆုံး Online Video Service တစ်ခုဖြစ်ပေါ်လာဖို့ပါ။ အခုလို သေခြာပြန်ပြင်တာမျိုးက အောင်မြင်တဲ့ဝန်ဆောင်မှု တစ်ခုကိုဖြစ်ပေါ်လာစေမှာ သေခြာပါတယ်။ YouTube Kids မှာ ပညာရေး၊ ဗဟုသုတ၊ သိပ္ပံ၊ နည်းပညာ စတဲ့ Video တွေပါဝင်တဲ့အပြင် ကလေးတွေနားလည်နိုင်ပြီး ပညာတစ်ခုခုရနိုင်မယ့် Video တွေနဲ့အတူ Cartoon ဇာတ်လမ်းတို၊ ပုံပြင်ဇာတ်လမ်းတို အစရှိသဖြင့် အသက်အရွယ်အလိုက် စိတ်ဝင်စားစရာကောင်းတဲ့ Video တွေနဲ့ပြည့်နေမယ့် Online Video Platform ကြီးတစ်ခုအဖြစ် မကြာခင်တွေ့ရတော့မှာပါ။ 

Ref: The Next Web

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။