Google က Mid-range Pixel ဖုန္းကို မၾကာခင္ အိႏၵိယမွာမိတ္ဆက္မည္

ျပီးခဲ့တဲ့ႏွစ္တုန္းထဲက Google ကေန US Market နဲ႔ အျခားေသာ ဖြံျဖိဳးျပီးႏုိင္ငံေတြမွာ ေရာင္းခ်မွာမဟုတ္တဲ့ ေစ်းအနည္းငယ္သက္သာတဲ့ Google Pixel ဖုန္းတစ္မ်ိဳးကို ထုတ္လုပ္သြားမယ္လုိ႔ သတင္းေတြထြက္ေပၚခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္တုန္းထဲက ထြက္ေပၚခဲ့တဲ့သတင္းက အခုအခ်ိန္မွာေတာ့ တကယ္ျဖစ္လာေတာ့မယ့္ပံုပါပဲ။

The Economic Times ရဲ႕ ေျပာၾကားခ်က္အရေတာ့ Google ကေန Mid-range Pixel ဖုန္းတစ္ခုကို အိႏၵိယေစ်းကြက္လုိမ်ိဳး ေစ်းႏႈန္းအရျပိဳင္ဆိုင္မႈျပင္းထန္တဲ့ ေစ်းကြက္ေတြထဲကို ေရာင္းခ်ဖုိ႔ စီစဥ္ေနတယ္လုိ႔ သိရပါတယ္။ အဆိုပါ Mid-range Pixel စမတ္ဖုန္းဟာ လာမယ့္ ဇူလုိင္လ ဒါမွမဟုတ္ ၾသဂုတ္လမွာ မိတ္ဆက္လာႏုိင္ပါတယ္။

အခုလုိမ်ိဳး Mid-range Pixel ဖုန္းအျပင္ Google ကေန အျခားေသာ Google Services နဲ႔ Products ေတြျဖစ္တဲ့ Google WiFi ၊ Pixelbook တို႔ကိုလည္း အိႏၵိယေစ်းကြက္အတြက္ ေရာင္းခ်ဖို႔ ရည္ရြယ္ထားတယ္လုိ႔ သိရပါတယ္။

Google ရဲ႕ လက္ရွိထြက္ရွိထားတဲ့ Pixel 1 နဲ႔ Pixel 2 စမတ္ဖုန္းေတြဟာ လက္ရွိအခ်ိန္အထိ အေကာင္းဆံုးေသာ Android စမတ္ဖုန္းေတြျဖစ္ေနေသးျပီးေတာ့ Google အေနနဲ႔ အရင္တုန္းက Nexus ေတြလုိမ်ိဳး ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္၊ လွ်င္ျမန္တဲ့ Software Experience ကို ေစ်းသက္သာတဲ့ Devices ေတြမွာ ထည့္သြင္းႏုိင္ခဲ့ရင္ အဲ့ဒါက ေအာင္ျမင္လာႏုိင္တယ္လုိ႔ ေျပာလုိ႔ရပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

ပြီးခဲ့တဲ့နှစ်တုန်းထဲက Google ကနေ US Market နဲ့ အခြားသော ဖွံဖြိုးပြီးနိုင်ငံတွေမှာ ရောင်းချမှာမဟုတ်တဲ့ ဈေးအနည်းငယ်သက်သာတဲ့ Google Pixel ဖုန်းတစ်မျိုးကို ထုတ်လုပ်သွားမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းထဲက ထွက်ပေါ်ခဲ့တဲ့သတင်းက အခုအချိန်မှာတော့ တကယ်ဖြစ်လာတော့မယ့်ပုံပါပဲ။

The Economic Times ရဲ့ ပြောကြားချက်အရတော့ Google ကနေ Mid-range Pixel ဖုန်းတစ်ခုကို အိန္ဒိယဈေးကွက်လိုမျိုး ဈေးနှုန်းအရပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဈေးကွက်တွေထဲကို ရောင်းချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဆိုပါ Mid-range Pixel စမတ်ဖုန်းဟာ လာမယ့် ဇူလိုင်လ ဒါမှမဟုတ် သြဂုတ်လမှာ မိတ်ဆက်လာနိုင်ပါတယ်။

အခုလိုမျိုး Mid-range Pixel ဖုန်းအပြင် Google ကနေ အခြားသော Google Services နဲ့ Products တွေဖြစ်တဲ့ Google WiFi ၊ Pixelbook တို့ကိုလည်း အိန္ဒိယဈေးကွက်အတွက် ရောင်းချဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Google ရဲ့ လက်ရှိထွက်ရှိထားတဲ့ Pixel 1 နဲ့ Pixel 2 စမတ်ဖုန်းတွေဟာ လက်ရှိအချိန်အထိ အကောင်းဆုံးသော Android စမတ်ဖုန်းတွေဖြစ်နေသေးပြီးတော့ Google အနေနဲ့ အရင်တုန်းက Nexus တွေလိုမျိုး ကောင်းမွန်တဲ့စွမ်းဆောင်ရည်၊ လျှင်မြန်တဲ့ Software Experience ကို ဈေးသက်သာတဲ့ Devices တွေမှာ ထည့်သွင်းနိုင်ခဲ့ရင် အဲ့ဒါက အောင်မြင်လာနိုင်တယ်လို့ ပြောလို့ရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com