[Zawgyi] 

Gmail ကို Design အသစ္ေျပာင္းလဲလိုက္တာ မၾကာေသးပါဘူး။ Gmail ရဲ႕  Design အသစ္ကို စတင္သံုးစြဲသူေတာ္ေတာ္မ်ားမ်ား သေဘာက်ၾကပါတယ္။ ပိုသပ္ရပ္သြားတဲ့ Design က Google ရဲ႕ လက္ရွိ Android OS မွာ အသံုးျပဳထားတဲ့ Material Design နဲ႔ ဆင္ပါတယ္။ 

New Google Drive Design

Gmail ကို Design အေျပာင္းအလဲလုပ္ေပးၿပီးေနာက္ပိုင္း ေနာက္တစ္ခုအေနနဲ႔ Google ရဲ႕ Service ေတြထဲက Google Drive ကို Update လုပ္ေပးလာပါၿပီ။ Gmail မွာသံုးထားတဲ့ Design အတိုင္းပဲ အျမင္ပိုင္းမွာ ပိုၿပီး႐ိုးရွင္းမႈရွိလာသလို ၾကည့္ရတာလည္း သပ္သပ္ရပ္ရပ္ရွိပါတယ္။ လုပ္ငန္းခြင္မွာ ေန႔တိုင္းအသံုးျပဳရတဲ့အထဲ Google Drive ကလည္း တစ္ခုအပါအဝင္ျဖစ္တာေၾကာင့္ အခုလို Desgin အေျပာင္းအလဲက လူေတာ္ေတာ္မ်ားမ်ားရဲ႔ စိတ္အေပၚသက္ေရာက္မႈရွိပါတယ္။ 

Design ပိုင္းမွာ ေျပာင္းလဲသြားေပမယ့္ Google Drive ရဲ႕ Feature ေတြကေတာ့ ေျပာင္းလဲသြားတာမ်ိဳးမရွိပါဘူး။ ပံုမွန္အသံုးျပဳေနတဲ့အတိုင္းပဲ ဆက္လက္အသံုးျပဳလို႔ရပါတယ္။ သိသိသာသာေနရာေရြ႕လိုက္တာဆိုလို႔  ဘယ္ဖက္ အေပၚေထာင့္က Google ဆိုတဲ့ စာႀကီးေပ်ာက္သြားၿပီး Drive ဆိုတဲ့ စာနဲ႔ Icon ပဲက်န္ခဲ့တာပါ။ အျမင္ပိုရွင္းေအာင္ လုပ္ေပးထားတယ္ဆိုတာ သိသာပါတယ္။ အခုလို Design အေျပာင္းအလဲကိုေတာ့ လူတိုင္းရဲ႕ Google Drive မွာျမင္ရဦးမွာမဟုတ္ေသးပါဘူး။ ေနာက္နွစ္ရက္ သံုးရက္ေလာက္ဆိုရင္ေတာ့ အသံုးျပဳသူအားလံုးရဲ႕ Googe Drive မွာ အတူတူျမင္ရႏိုင္မယ္လို႔ သိရပါတယ္။ 

 

Ref: 9to5 Google

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

 

[Unicode] 

Google Drive ရဲ့ UI ကို Update လုပ်ပေးလိုက်ပြီဖြစ်တဲ့ Google

Gmail ကို Design အသစ်ပြောင်းလဲလိုက်တာ မကြာသေးပါဘူး။ Gmail ရဲ့  Design အသစ်ကို စတင်သုံးစွဲသူတော်တော်များများ သဘောကျကြပါတယ်။ ပိုသပ်ရပ်သွားတဲ့ Design က Google ရဲ့ လက်ရှိ Android OS မှာ အသုံးပြုထားတဲ့ Material Design နဲ့ ဆင်ပါတယ်။ 

New Google Drive Design

Gmail ကို Design အပြောင်းအလဲလုပ်ပေးပြီးနောက်ပိုင်း နောက်တစ်ခုအနေနဲ့ Google ရဲ့ Service တွေထဲက Google Drive ကို Update လုပ်ပေးလာပါပြီ။ Gmail မှာသုံးထားတဲ့ Design အတိုင်းပဲ အမြင်ပိုင်းမှာ ပိုပြီးရိုးရှင်းမှုရှိလာသလို ကြည့်ရတာလည်း သပ်သပ်ရပ်ရပ်ရှိပါတယ်။ လုပ်ငန်းခွင်မှာ နေ့တိုင်းအသုံးပြုရတဲ့အထဲ Google Drive ကလည်း တစ်ခုအပါအဝင်ဖြစ်တာကြောင့် အခုလို Desgin အပြောင်း အလဲက လူတော်တော်များများရဲ့ စိတ်အပေါ်သက်ရောက်မှုရှိပါတယ်။ 

Design ပိုင်းမှာ ပြောင်းလဲသွားပေမယ့် Google Drive ရဲ့ Feature တွေကတော့ ပြောင်းလဲသွားတာမျိုးမရှိပါဘူး။ ပုံမှန်အသုံးပြုနေတဲ့အတိုင်းပဲ ဆက်လက်အသုံးပြုလို့ရပါတယ်။ သိသိသာသာနေရာရွေ့လိုက်တာဆိုလို့  ဘယ်ဖက် အပေါ်ထောင့်က Google ဆိုတဲ့ စာကြီးပျောက်သွားပြီး Drive ဆိုတဲ့ စာနဲ့ Icon ပဲကျန်ခဲ့တာပါ။ အမြင်ပိုရှင်းအောင် လုပ်ပေးထားတယ်ဆိုတာ သိသာပါတယ်။ အခုလို Design အပြောင်းအလဲကိုတော့ လူတိုင်းရဲ့ Google Drive မှာမြင်ရဦးမှာမဟုတ်သေးပါဘူး။ နောက် နှစ်ရက် သုံးရက်လောက်ဆိုရင်တော့ အသုံးပြုသူအားလုံးရဲ့ Googe Drive မှာ အတူတူမြင်ရနိုင်မယ်လို့ သိရပါတယ်။ 

 

Ref: 9to5 Google

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။