လက်ရှိမှာ လူသုံးအများဆုံးသော Email Service တစ်ခုဖြစ်တဲ့ Google Mail တဖြစ်လဲ Gmail ဟာ အခုဆိုရင် သက်တမ်း ၁၅ နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ ဒီ Gmail ရဲ့ ၁၅ နှစ်ပြည့် မွေးနေ့မှာ Google ကနေ Feature အသစ်တွေကို ထပ်ပြီးထည့်သွင်းပေးလိုက်ပါတယ်။

Gmail

Google ကနေ အခုထပ်ပြီး ထည့်သွင်းပေးလိုက်တဲ့ Feature တွေကတော့ လက်ရှိ Desktop Version နဲ့ Android Device တွေမှာ ရရှိနေပြီဖြစ်တဲ့ Smart Compose ကို Improved ပြုလုပ်ပေးလိုက်တာနဲ့ အသုံးပြုသူတွေအနေနဲ့ Email တွေကို Schedule လုပ်လို့ရသွားတာပဲဖြစ်ပါတယ်။

Gmail

Gmail ရဲ့ Smart Compose Feature ဟာ ပြီးခဲ့တဲ့ မေလ ၂၀၁၈ ခုနှစ်ထဲက Google က မိတ်ဆက်ခဲ့တာဖြစ်ပြီး Email ရေးသားတဲ့အချိန်မှာ ဆက်ရေးမယ့် စာကြောင်းကို အလိုအလျောက်ခန့်မှန်းပေးတာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Smart Compose Feature က ပိုပြီး Update ဖြစ်လာပြီး ပုံမှန်ဖြစ်လာနိုင်တဲ့ စာကြောင်းကို Suggest လုပ်ပေးတာထက် ကိုယ့်ရဲ့ ရေးသားတတ်တဲ့ ပုံစံအပေါ်မှုတည်ပြီး တစ်ယောက်ချင်းစီအပေါ်ကို မတူညီတဲ့ Suggestion ပြုလုပ်ပေးသွားမှာပါ။

Gmail

Google ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Smart Compose Feature က အသုံးပြုသူတွေကို အပတ်စဉ် စာလုံးရေ ၁ ဘီလီယံကျော် သက်သာအောင်ပြုလုပ်ပေးနိုင်ခဲ့တယ်လို့ လည်း သိရပါတယ်။ Mobile Device တွေအနေနဲ့တော့ အစောပိုင်းတုန်းက Google Pixel ဖုန်းတွေမှာပဲ ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ Android Device တိုင်း အသုံးပြုနေနိုင်ပြီဖြစ်ပြီး iOS Device တွေပါ မကြာခင်ရရှိတော့မယ်လို့ သိရပါတယ်။

နောက်ထပ် Update ကတော့ အသုံးပြုသူတွေအတွက် တကယ်ကိုကောင်းမွန်တဲ့ Update တစ်ခုဖြစ်လာမှာဖြစ်ပြီး အဲ့ဒါကတော့ Mail တွေကို Schedule ပြုလုပ်လို့ရလာတာပဲဖြစ်ပါတယ်။ ဒီ Mail Schedule Feature ကို အသုံးပြုဖို့ကတော့ ပုံမှန် Mail Send မယ့်နေရာမှာ Send အစား ဘေးကမြှားလေးကို နှိပ်ပြီးတော့ ကိုယ်ပို့ချင်တဲ့အချိန်ကို ရွေးပေးလိုက်ရုံပါပဲ။

Gmail

ဘာပဲဖြစ်ဖြစ် Google ကိုယ်တိုင်က Mail တွေကို Schedule ပြုလုပ်ခွင့်ပေးလိုက်တဲ့အတွက် ယခင်ကလိုမျိုး Third-party Extension တွေ၊ Software တွေကို အသုံးပြုစရာမလိုတော့တာကတော့ အားသာချက်ဖြစ်လာမှာပါ။

ဘာပဲဖြစ်ဖြစ် ဒီ Feature အသစ်တွေက သေးငယ်တဲ့ Update တွေဖြစ်ပေမယ့် ဒီလိုမျိုး အလွန်လွယ်ကူနေပြီး အသုံးပြုရအဆင်ပြေနေတဲ့အတွက်ကြောင့် ဒီလိုမျိုး ၁၅ နှစ်သက်တမ်းအထိ အောင်မြင်နေတာကိုတော့ ငြင်းလို့မရပါဘူး။

Ref : The Verge