[Zawgyi]
ကျော်စိုးအောင် (အခရာ)
www.akhayar.com 
[Unicode]
Google မှာ ‘Idiot’ လို့ရှာလိုက်ရင် Donald Trump ပုံကြီးကျလာပြီ
လက်ရှိအချိန်မှာ Google Search Engine မှာ ‘Idiot’ လို့ ရိုက်ရှာလိုက်ရင် ဘယ်သူ့ပုံကျလာမလဲ . . ။ မယုံမရှိနဲ့။ အမေရိကန်သမ္မတကြီး Donald Trump ရဲ့ ဓာတ်ပုံတွေ ထွက်လာမှာပါ။ မယုံရင် ဒီမှာ စမ်းကြည့်။ သက်သေနဲ့တကွ ပြလိုက်ဦးမယ်။
အခုလိုဖြစ်နေတာက တခြားတော့ မဟုတ်ပါဘူး။ ဝက်ဘ်ဆိုက်တစ်ခုခုမှာ ဓာတ်ပုံနဲ့ စာသားနဲ့ တွဲတင်ထားလိုက်ရင် Google မှာ စာသားကို ရိုက်ရှာလိုက်တာနဲ့ ဓာတ်ပုံပါ ကျလာတဲ့သဘောပါ။ Google ရဲ့ Search Algorithm ပေါ့။
ဒီသဘောတရားကို နားလည်နေပြီး သမ္မတကြီးရဲ့မူဝါဒကို မကြိုက်ကြတဲ့ နိုင်ငံရေးတက်ကြွသူတချို့က နာမည်ကျော်သတင်းဝက်ဘ်ဆိုက် Reddit ပေါ်မှာ ‘Donald Trump’ ရဲ့ ဓာတ်ပုံကြီးကို ‘Idiot’ ဆိုတဲ့ စာသားနဲ့ တွဲတင်လိုက်တာပါ။ အသုံးပြုသူတော်တော်များများက အဲဒီလိုတွဲတင်ကြတဲ့အတွက် Google မှာ ‘Idiot’ လို့ရှာလိုက်ရင် Donald Trump ပုံကြီးကျလာတာပဲဖြစ်ပါတယ်။ Google အနေနဲ့ Search Image ကိစ္စကို အချိန်မီဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ကျော်စိုးအောင် (အခရာ)
www.akhayar.com