Google ကနေနပြီး Cloud ဂိမ်းမင်း ဝန်ဆောင်မှုတခုဖြစ်တဲ့ Stadia ကို ကြေညာထားတာ မှတ်မိမယ်ထင်ပါတယ်။ ဒီသတင်းလေးက ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေတာမှန်ပေမယ့် ဘယ်ချိန်မှာ ထွက်လာမယ်၊ ဈေးကရော ဘယ်လောက်ရှိမလဲ နောက်ပြီး ဘာဂိမ်းတွေဆော့လို့ရမလဲ စသဖြင့် မေးခွန်းပေါင်း သောင်းခြောက်ထောင်နဲ့ အဆုံးသတ်သွားတဲ့ Platform ကြီးလည်း ဖြစ်ပါတယ်။

Photo: Tech Crunch

ပုံမှန်အတိုင်းဆို ကြေညာချက် မထုတ်ပြန်တတ်တဲ့ Google တယောက် မနေ့တုန်းက XBox ဂိမ်း ၃,၅၀၀ ကို တပြိုင်နက် ကစားခွင့်ပေးမယ့် Project xCloud ကို Microsoft ကြွားလုံးထုတ်လိုက်တဲ့အခါမှာတော့ Stay Tuned ဆိုပြီး ဖြစ်လာပါတယ်။

Credit: Stadia Twitter

ဟုတ်ပါတယ်၊ Stadia ကို ဂိမ်မာတွေ စိတ်ဝင်အစားဆုံးဖြစ်မှာပါ။ အထူးသဖြင့် ဘာဂိမ်းစက်မှမလိုဘဲ စမတ်ဖုန်း၊ TV ရှိနေရုံနဲ့ အလန်းစားဂိမ်းကြီးတွေ ဆော့လို့ရမှာဆိုတော့ Budget ပြန်တွက်လိုက်ရင် ကိုက်တယ်လေး။ 4K 60fps နဲ့ ဆော့ချင်ရင်တောင် 50Mbps Speed ပဲလိုမှာဆိုတော့ အင်တာနက် ကောင်းကောင်းရှိနေရင် အငြိမ်ပဲ။

ဒါထက် ဂိမ်မာတွေ အသိချင်ဆုံးက Stadia ဟာ Free to Play ဖြစ်မလာနိုင်ဘူးဆိုတာပဲ။ Developer တွေအနေနဲ့လည်း AAA ဂိမ်းတွေကို အလကားပေးဆော့ကြမှာ မဟုတ်ဘူး။ ဒီ Platform ထဲမှာပဲ သုံးဦးဆိုင် ထိတွေ့ခွင့်ရမှာ ဖြစ်တဲ့အတွက် ဘာဂိမ်းတွေ ကစားခွင့်ရှိမလဲ? အဲ့အတွက် Price Tag ကရော ဘယ်လောက်လဲ?

နောက်ဆုံး Stadia ကို ဘယ်တော့လောက်မှ Launch လုပ်မလဲ မေးခွန်း ၃ ခု အဖြေကို Google အရိပ်မြွက်ဖြေကြားလိုက်တာပဲ ဖြစ်ပါတယ်။ သိရသလောက်ဆိုရင် Stadia မှာ သီးသန့် Wi-Fi Controller ပါဝင်လာမှာဖြစ်ပြီး xCloud လို Latency နည်းဖို့တွက်ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

Photo: Vox Cdn

အခုလို Google က ပြန် Tease လုပ်ထားတဲ့ ရလာဒ်ကို အစောဆုံးအနေနဲ့ E3 မှာ မြင်ရနိုင်ပြီး ဘာထူးခြားချက်တွေ ပါဝင်ဦးမလဲဆိုတာကိုတော့ ဇွန်လ ၁၁ ရက်နေ့မတိုင်ခင်ထိ စောင့်ကြည့်ရဦးမှာပါ။

Source: Stadia Twitter
2B (Akhayar)
www.akhayar.com