Google ကေန Pixel စမတ္ဖုန္းေတြကို မိတ္ဆက္ခဲ့တာ ျပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ ေအာက္တုိဘာလမွာ ျဖစ္ပါတယ္။ အခုဆိုရင္ Google ကေန Pixel 2 နဲ႔ Pixel 2 XL စမတ္ဖုန္းေတြကိုလည္း ျပီးခဲ့ႏွစ္ ေအာက္တိုဘာလတုန္းက မိတ္ဆက္ခဲ့ျပီး Google Website မွာ Pixel ဖုန္းေတြေရာ၊ Pixel 2 ဖုန္းေတြကိုေရာ ေရာင္းခ်ေနတာျဖစ္ပါတယ္။

Google Pixel

ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Google Store မွာ Original Pixel စမတ္ဖုန္းေတြကို ဖယ္ရွားလုိက္ျပီျဖစ္ျပီးေတာ့ Google ကိုယ္တုိင္ကလည္း Pixel ဖုန္းေတြကို ကုမၸဏီကေန တုိက္ရုိက္ဝယ္ယူႏုိင္မွာမဟုတ္ေတာ့ဘူးလို႔ အတည္ျပဳခဲ့ပါတယ္။

အခုလုိမ်ိဳး Google ရဲ႕ Web Store မွာ Pixel ဖုန္းေတြကို ေရာင္းခ်ျခင္းမရွိေတာ့ေပမယ့္လည္း Amazon နဲ႔ Best Buy မွာေတာ့ ဝယ္ယူလုိ႔ရရွိေနဦးမွာပါ။ အခုလုိမ်ိဳး Google ကေန Pixel နဲ႔ Pixel XL ဖုန္းေတြကို အခုလုိမ်ိဳး ေရာင္းခ်ျခင္းမလုပ္ေတာ့တာကလည္း အခုအခ်ိန္မွာ အျခားေသာ Flagship စမတ္ဖုန္းေတြထြက္ရွိေနျပီျဖစ္သလုိ Google Pixel ဖုန္းေတြရဲ႕ ဒုတိယေျမာက္မ်ိဳးဆက္ျဖစ္တဲ့ Pixel 2 ဖုန္းေတြကလည္း လက္ရွိအခ်ိန္မွာ အေကာင္းဆံုးဖုန္းေတြထဲမွာပါဝင္ေနဆဲျဖစ္တာေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။

Google Pixel

Google Pixel ဖုန္းေတြက ထြက္ရွိတဲ့အခ်ိန္တုန္းက Android စမတ္ဖုန္းေတြထဲမွာ အေကာင္းဆံုးေသာ စမတ္ဖုန္းေတြအျဖစ္သတ္မွတ္ခံထားခဲ့ရတာျဖစ္ျပီးေတာ့ ေနာက္ပိုင္း Pixel 2 ဖုန္းေတြထြက္လာတဲ့အခ်ိန္မွာလည္း Android စမတ္ဖုန္းေတြရဲ႕ ဘုရင္အျဖစ္ေတာင္ သတ္မွတ္ခံထားရတုန္းပဲျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Original Google Pixel ဖုန္းေတြကို အခုလုိမ်ိဳး ေရာင္းခ်မႈကို ရပ္ဆုိင္းလုိက္တာက Google အေနနဲ႔ Pixel 3 ဖုန္းေတြကို စတင္ထုတ္လုပ္ေနျပီလုိ႔ ယူဆလုိ႔ရပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google ကနေ Pixel စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့တာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ဖြစ်ပါတယ်။ အခုဆိုရင် Google ကနေ Pixel 2 နဲ့ Pixel 2 XL စမတ်ဖုန်းတွေကိုလည်း ပြီးခဲ့နှစ် အောက်တိုဘာလတုန်းက မိတ်ဆက်ခဲ့ပြီး Google Website မှာ Pixel ဖုန်းတွေရော၊ Pixel 2 ဖုန်းတွေကိုရော ရောင်းချနေတာဖြစ်ပါတယ်။

Google Pixel

ဒါပေမယ့် အခုအချိန်မှာတော့ Google Store မှာ Original Pixel စမတ်ဖုန်းတွေကို ဖယ်ရှားလိုက်ပြီဖြစ်ပြီးတော့ Google ကိုယ်တိုင်ကလည်း Pixel ဖုန်းတွေကို ကုမ္ပဏီကနေ တိုက်ရိုက်ဝယ်ယူနိုင်မှာမဟုတ်တော့ဘူးလို့ အတည်ပြုခဲ့ပါတယ်။

အခုလိုမျိုး Google ရဲ့ Web Store မှာ Pixel ဖုန်းတွေကို ရောင်းချခြင်းမရှိတော့ပေမယ့်လည်း Amazon နဲ့ Best Buy မှာတော့ ဝယ်ယူလို့ရရှိနေဦးမှာပါ။ အခုလိုမျိုး Google ကနေ Pixel နဲ့ Pixel XL ဖုန်းတွေကို အခုလိုမျိုး ရောင်းချခြင်းမလုပ်တော့တာကလည်း အခုအချိန်မှာ အခြားသော Flagship စမတ်ဖုန်းတွေထွက်ရှိနေပြီဖြစ်သလို Google Pixel ဖုန်းတွေရဲ့ ဒုတိယမြောက်မျိုးဆက်ဖြစ်တဲ့ Pixel 2 ဖုန်းတွေကလည်း လက်ရှိအချိန်မှာ အကောင်းဆုံးဖုန်းတွေထဲမှာပါဝင်နေဆဲဖြစ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Google Pixel

Google Pixel ဖုန်းတွေက ထွက်ရှိတဲ့အချိန်တုန်းက Android စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးသော စမတ်ဖုန်းတွေအဖြစ်သတ်မှတ်ခံထားခဲ့ရတာဖြစ်ပြီးတော့ နောက်ပိုင်း Pixel 2 ဖုန်းတွေထွက်လာတဲ့အချိန်မှာလည်း Android စမတ်ဖုန်းတွေရဲ့ ဘုရင်အဖြစ်တောင် သတ်မှတ်ခံထားရတုန်းပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Original Google Pixel ဖုန်းတွေကို အခုလိုမျိုး ရောင်းချမှုကို ရပ်ဆိုင်းလိုက်တာက Google အနေနဲ့ Pixel 3 ဖုန်းတွေကို စတင်ထုတ်လုပ်နေပြီလို့ ယူဆလို့ရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com