Play Store မှာ Lite နဲ့ Android Go Apps တွေကို Recommend ပေးနေတဲ့ Google





Ref : PhoneArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ကနေ Android Oreo (Go Edition) စမတ်ဖုန်းကို ထုတ်လုပ်ခဲ့တာအချိန်အနည်းငယ်ရှိသွားပြီဖြစ်ပြီးတော့ အခုဆိုရင် Android Go OS ကို အသုံးပြုထားတဲ့စမတ်ဖုန်းတွေလည်း အများအပြားရှိလာပြီပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google ကနေ Android Go ဖုန်းတွေတင်မကပဲ ကိုယ့်ရဲ့ စမတ်ဖုန်းစွမ်းဆောင်ရည်ပေါ်မှုတည်ပြီးတော့ Lite Version ဒါမှမဟုတ် Go Version Applications တွေကို အသုံးပြုဖို့ လိုအပ်တယ်ဆိုရင် Recommend ပေးသွားမှာပဲဖြစ်ပါတယ်။

Android Go OS ဟာ RAM 1GB အောက်ပဲ ရှိတဲ့ Applications တွေအတွက် ရည်ရွယ်တာဖြစ်ပြီးတော့ System Storage ရော၊ RAM စားသုံးမှုရော နည်းပါးအောင် အဓိကရည်ရွယ်ထားတဲ့ OS တစ်ခုဖြစ်ပါတယ်။ လောလောဆယ်မှာ Android Go စမတ်ဖုန်းတွေနည်းပါးနေသေးတဲ့အတွက် အခုလိုမျိုး Processor စွမ်းဆောင်ရည်နိမ့်တဲ့ စမတ်ဖုန်းတွေမှာပါ Go Version နဲ့ Lite Version Applications တွေကို အသုံးပြုဖို့ Recommend ပေးနေတာဖြစ်ဖို့များပါတယ်။

အခုလိုမျိုး ဖုန်းအပေါ်မှုတည်ပြီး ကိုက်ညီတဲ့ Applications တွေကို Recommend ပေးတာက ကောင်းတဲ့အချက်တစ်ခုဖြစ်ပေမယ့် Android Go Version နဲ့ Lite Version Application တွေက ပုံမှန် Application တွေထက် Features တွေပါဝင်မှုပိုနည်းမှာဖြစ်ပါတယ်။

Ref : PhoneArena

Zawyè (Akhayar) 

www.akhayar.com