[Zawgyi] 

Chromebook ေတြကို ေစ်းကြက္ခ်ဲ႕ဖို႔ Google ႀကိဳးစားေနတာ အခုဆို ေတာ္ေတာ္ခရီးေရာက္ေနပါၿပီ။ Laptop ေစ်းကြက္ကို ပိုၿပီးတိုက္ခိုက္ဖို႔ ႀကိဳးစားေနတာက Chrome OS သံုးထားတဲ့ Chromebook ေတြပါ။ Chromebook ေတြကိုေတာ့ ေက်ာင္းသားေတြနဲ႔ ႐ံုးဝန္ထမ္းေတြၾကားမွာေတြ႕ရတာမ်ားပါတယ္။ 

Google Pixelbook

google start attacking Microsoft and Apple

google start attacking Microsoft and Apple

Chromebook ေတြက တန္ဖိုးသက္သာတာေတြရွိသလို တန္ဖိုးႀကီးတဲ့ အမ်ိဳးအစားေတြလည္း ရွိပါတယ္။ Windows Laptop ေတြလို Software ေတြ စံုေနတာ၊ Mac ေတြလို နာမည္ႀကီးေနတာမ်ိဳးေတာ့ မဟုတ္ေသးေပမယ့္ ေသးငယ္တဲ့ ေစ်းကြက္တစ္ခုကိုေတာ့ ပိုင္ဆိုင္ေနတဲ့ အေနအထားမွာပါ။ အခုေတာ့ Google က Microsoft ရဲ႕ Windows OS နဲ႔ Apple ရဲ႕ macOS ေတြကို တိုက္ခို္က္ထားတဲ့ Chromebook ေၾကာ္ျငာကိုထုတ္ျပလိုက္ပါၿပီ။ 

Pixelbook with Stylus

Video မွာေတာ့ Google ရဲ႕ Chrome OS အေၾကာင္းမေျပာခင္ Windows နဲ႔ macOS မွာေတြ႕ရတဲ့ Loading ေတြ၊ Software Error Message Box ေတြနဲ႔ ေစာင့္ဆိုင္းရတာမ်ိဳးေတြကို မ်က္စိေနာက္ေအာင္ ျပပါတယ္။ ၿပီးတာနဲ႔ Chrome OS မွာ အဲ့ဒီလို ျပႆနာေတြမရွိဘူးဆိုတာမ်ိဳးကို ျပသြားပါတယ္။ ေနာက္ဆံုးမွာမွ Pixelbook ကိုျပရင္း Chromebook ေတြက Laptop ေစ်းကြက္ကို လုယူေတာ့မလိုလိုနဲ႔ ေၾကာ္ျငာကို အဆံုးသတ္ထားပါတယ္။ Video ၾကာခ်ိန္က တစ္မိနစ္တိတိပဲရွိပါတယ္။ 

Chromebook ေတြကိုေတာ့ နာမည္ႀကီး ကုမၸဏီေတြျဖစ္တဲ့ Samsung ၊ Asus ၊ Acer နဲ႔ Lenovo လို ကုမၸဏီေတြက ထုတ္လုပ္ေနၾကတာေၾကာင့္ တန္ဖိုးနည္း Chromebook ေတြကို ေစ်းကြက္ထဲမွာေတြ႔ရပါတယ္။ Samsung နဲ႔ Google က ထုတ္တဲ့ Chromebook ေတြကေတာ့ Stylus လို Feature အပိုေတြပါ ပါတာေၾကာင့္ ေစ်းလည္းမ်ားသလို Display Quality ေတြလည္း သာမန္ Chromebook ေတြထက္ ပိုေကာင္းၾကပါတယ္။ Google ကေတာ့ ေနာက္ Chromebook ေတြအတြက္ စၿပီး ျပင္ဆင္ေနပံုရပါတယ္။ ေၾကာ္ျငာ Video ေတြနဲ႔ ျပန္ၿပီးဇာတ္လမ္းစေနပါၿပီ။ Chromebook ေတြရဲ႕ ေနာက္ဆက္တြဲက စိတ္ဝင္စားစရာေကာင္းလာေတာ့မွာပါ။ 

Ref: Businesses Insider

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Microsoft နဲ့ Apple တို့ရဲ့ Laptop တွေကို တိုက်ခိုက်လိုက်ပြန်တဲ့ Google

Chromebook တွေကို ဈေးကွက်ချဲ့ဖို့ Google ကြိုးစားနေတာ အခုဆို တော်တော်ခရီးရောက်နေပါပြီ။ Laptop ဈေးကွက်ကို ပိုပြီးတိုက်ခိုက်ဖို့ ကြိုးစားနေတာက Chrome OS သုံးထားတဲ့ Chromebook တွေပါ။ Chromebook တွေကိုတော့ ကျောင်းသားတွေနဲ့ ရုံးဝန်ထမ်းတွေကြားမှာတွေ့ရတာများပါတယ်။ 

Google Pixelbook

google start attacking Microsoft and Apple

google start attacking Microsoft and Apple

Chromebook တွေက တန်ဖိုးသက်သာတာတွေရှိသလို တန်ဖိုးကြီးတဲ့ အမျိုးအစားတွေလည်း ရှိပါတယ်။ Windows Laptop တွေလို Software တွေ စုံနေတာ၊ Mac တွေလို နာမည်ကြီးနေတာမျိုးတော့ မဟုတ်သေးပေမယ့် သေးငယ်တဲ့ ဈေးကွက်တစ်ခုကိုတော့ ပိုင်ဆိုင်နေတဲ့ အနေအထားမှာပါ။ အခုတော့ Google က Microsoft ရဲ့ Windows OS နဲ့ Apple ရဲ့ macOS တွေကို တိုက်ခိုက်ထားတဲ့ Chromebook ကြော်ငြာကိုထုတ်ပြလိုက်ပါပြီ။ 

Pixelbook with Stylus

Video မှာတော့ Google ရဲ့ Chrome OS အကြောင်းမပြောခင် Windows နဲ့ macOS မှာတွေ့ရတဲ့ Loading တွေ၊ Software Error Message Box တွေနဲ့ စောင့်ဆိုင်းရတာမျိုးတွေကို မျက်စိနောက်အောင် ပြပါတယ်။ ပြီးတာနဲ့ Chrome OS မှာ အဲ့ဒီလို ပြဿနာတွေမရှိဘူးဆိုတာမျိုးကို ပြသွားပါတယ်။ နောက်ဆုံးမှာမှ Pixelbook ကိုပြရင်း Chromebook တွေက Laptop ဈေးကွက်ကို လုယူတော့မလိုလိုနဲ့ ကြော်ငြာကို အဆုံးသတ်ထားပါတယ်။ Video ကြာချိန်က တစ်မိနစ်တိတိပဲရှိပါတယ်။ 

Chromebook တွေကိုတော့ နာမည်ကြီး ကုမ္ပဏီတွေဖြစ်တဲ့ Samsung ၊ Asus ၊ Acer နဲ့ Lenovo လို ကုမ္ပဏီတွေက ထုတ်လုပ်နေကြတာကြောင့် တန်ဖိုးနည်း Chromebook တွေကို ဈေးကွက်ထဲမှာတွေ့ရပါတယ်။ Samsung နဲ့ Google က ထုတ်တဲ့ Chromebook တွေကတော့ Stylus လို Feature အပိုတွေပါ ပါတာကြောင့် ဈေးလည်းများသလို Display Quality တွေလည်း သာမန် Chromebook တွေထက် ပိုကောင်းကြပါတယ်။ Google ကတော့ နောက် Chromebook တွေအတွက် စပြီး ပြင်ဆင်နေပုံရပါတယ်။ ကြော်ငြာ Video တွေနဲ့ ပြန်ပြီးဇာတ်လမ်းစနေပါပြီ။ Chromebook တွေရဲ့ နောက်ဆက်တွဲက စိတ်ဝင်စားစရာကောင်းလာတော့မှာပါ။ 

Ref: Businesses Insider

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။