ကျနော်မှမဟုတ် ဂိမ်းကစားရဝါသနာပါသူအားလုံး စမတ်ဖုန်းကောင်းကောင်း၊ ကွန်ပျူတာကောင်းကောင်း၊ Console ရှယ်နဲ့ ဂိမ်းတွေကို ဂိတ်ဆုံးတင်ပြီး ကစားချင်သူတွေပါပဲ။ ခက်တာက Graphics ရေလည်လန်းတဲ့ Future Game တွေအတွက် ကျနော်တို့ Hardware တွေ မလိုက်နိုင်တဲ့ ပြဿနာက အဓိကဖြစ်နေတာပါ။

Nvidia Graphics Card

လက်ထဲမှာ ဒေါ်လာ ၃၀၀၀ လောက် ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး High End တလုံးဆင်လိုက်ရင်တောင် နောက် ၂ နှစ်အတွက် အာမခံချက်မရှိပါဘူး (အခုပဲကြည့်လေ RTX 2080 နဲ့ GTX 1080 Ti တို့ Ray Tracing ဖွင့်ကစားရင် Pascal ကတ်ရဲ့ Performance က စုတ်ပြတ်နေတာ) ဒီတော့ ဘယ်လိုလည်ပတ်နေလဲဆိုရင် မော်ဒယ်တခုထွက်တာနဲ့ ရှိတဲ့ဟာထုတ်ရောင်း၊ အသစ်ပြန်ဝယ် အဲ့သလိုနဲ့ ပြီးဆုံးနေတာပါပဲ။

Image (Nvidia)

အခုက Cloud Gaming ဖက်သွားမှာဆိုတော့ ကိုယ့်မှာ အင်တာနက် ကောင်းကောင်းနဲ့ Screen Display (PC ၊ Laptop ၊ Tablet နဲ့ Smartphone) တခုရှိတာနဲ့ တမ်းဆော့လို့ရပြီလို့ နားလည်လိုက်ပါ။

Image (Techcrunch) You only need a controller!!

မနေ့တနေ့က GDC (Game Developer Conference) 2019 မှာ Stadia ဆိုတဲ့လက်ရှိအကြီးဆုံး Cloud Gaming ဝန်ဆောင်မှုကို Google ကြေညာသွားခဲ့ပြီမို့ Console ၊ PC Rig Lover တွေရဲ့ အိမ်မက်ဆိုးကြီးလာတော့မယ်။

PlayStation Controller

Google ပြောတဲ့အတိုင်းဆိုရင် ဘာဂိမ်းစက်မှမလိုဘဲ 30Mbps အင်တာနက်မြန်နှုန်းရှိနေရုံနဲ့ 4K မှာ 30fps နဲ့တွယ်လို့ရပြီတဲ့။ ဒီနှစ်ထဲမှာပဲ UK ၊ US တို့မှာ Stadia ပေါ်ထွက်လာမှာမလို့ ဒေါ်လာ ၃၀၀၀ တန် ကွန်ပျူတာနဲ့ Console တွေကို လွင့်ပစ်လိုက်ရမှာလား?

MSI Gaming RIG

ဖြစ်နိုင်ချေက 90% လောက်အထိရှိပါတယ်။ ဘာလို့လဲဆိုရင် ဒေါ်လာ ၆၀ (မြန်မာငွေ ၈သောင်း) ပေးရမယ့်အစား 50Mbps အင်တာနက် ဝယ်လိုက်ရင်ပဲ Triple A Title ဂိမ်းတွေကို 4K Resolution နဲ့ဆော့လို့ရပြီလေး (Full HD ဆိုရင် 15Mbps ပဲလိုမှာမလို့ ပိုသက်သာဦးမှာပါ)

Currently Overpowered Metro Exodus

ဒီတော့ Stadia သာ ကျနော်တို့မြန်မာနိုင်ငံထဲဆင်းလာရင် အကုန်လုံး Ready Player One ဖြစ်ကုန်မှာလား? သေချာတယ်နော် Google သာ Game Developer တွေအားလုံး Stadia ခုံပေါ်ပစ်တင်နိုင်ရင် Steam ၊ Epic Store တို့လို Digital Resller တွေလည်း သေပြီပဲ။

Image (Imgur)

နောက်ပြီး All-in-one Platform ဖြစ်သွားတဲ့အတွက် PC ၊ PS4 ဘာညာကွဲမနေတော့ဘဲ ဂိမ်း Developer တွေအတွက် Micro Transaction မတရားသက်သာသွားပြီလေး။ Platform တခုချင်းစီအတွက် Foundation ထပ်ချနေစရာမလိုသလို တသက်လုံး လုပ်စားဖို့ဂွင်လည်းတည့်သွားပြီလေး။

Tencent Games and PUBG Corp for example

အဲ့ဒီတော့ မေးစရာက ဒေါ်လာ ၃၀၀၀ တန် ဂိမ်းမင်း PC တွေလိုသေးလား? XBox နဲ့ PlayStation တွေလည်း အလုပ်ဖြစ်ဦးမလား? ဒီမေးခွန်းကို အချက် ၂ ချက်နဲ့ပဲ ဖြေရပါလိမ့်မယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတောင် အင်တာနက် ကောင်းကောင်း သုံးနိုင်နေပြီမို့ Strong Connection ရှိနေသရွေ့ ကစားဖို့က Ready ပါပဲ။

They are still your Lovely Machine

နောက်တချက်က Digital Reseller တွေရှိနေသရွေ့Console Gaming မပျောက်နိုင်ပါဘူး။ ဒီနေရာမှာ Cloud Gaming အားနည်းချက်ဖြစ်လာမှာက ကစားရမယ့် Feel ချင်းကွာနေမှာပဲ။ ကိုယ့်ရှေ့မှာ ဒေါ်လာ ၅၀၀၀ တန် Battle Station ကြီးချပြီး ကစားရတာနဲ့ ဘာမှမဆိုင်တာမလို့ လွယ်ကူသက်သာစေတဲ့ Cloud Gaming က ဝန်ဆောင်မှုတခုပဲဖြစ်လာနိုင်မယ်။

ROG Gaming Phone?

ဆိုလိုတာ DOTA 2 ၊ CS:GO လို eSports Title တွေကို Stadia မကျော်နိုင်ဘူး၊ Triple A Title ဘက်ပဲသွားမယ်ဆိုရင်ပါ။ တည့်ပြောရရင် Console ၊ PC Gaming ကိုဘယ်လိုနည်းနဲ့မှ သေအောင်သတ်လို့မရပါဘူး။ ဂိမ်းတွေမှာလည်း Franchise ၊ Reboot နဲ့ Remake အများကြီးကွဲနေသလို ဂိမ်မာတွေမှာလည်း Old Fans ၊ New Fans ၊ PC Fans နဲ့ Console Fans ထပ်ကွဲနေပါတယ်။ ဒါကိုမှ Action ၊ RPG ၊ Strategy ထုပ်ရှုပ်နေသလို Electronic Arts ၊ Ubisoft ၊ Activision လို တကယ့် Developer တွေလည်း အများကြီး။

Stadia will be the best for Entire Macbook Family

အခုပြောတဲ့ အရှုပ်တော်ပုံကြီးကို Stadia “Unite” လုပ်ပစ်လိုက်ရင်တော့ Console တွေကို Kiss their Freedom လုပ်ပေးရမှာပါ။ ဒါကြောင့် မမြင်ရသေးတဲ့ Cloud Gaming ဆိုတာကြီးကို တွေးတောစရာမလိုသလို Cloud Gaming ဘက် Shifting လုပ်မယ်ဆိုရင်တောင် ဘယ်သူမှ PlayStation ၊ PC တွေကို Rip လုပ်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ Stadia က Streaming အနေနဲ့ပဲ Ready to Play ဂိမ်းတွေကို ကစားခွင့်ပေးမှာမလို့ ပရိတ်သတ်ကြီးရော ဘယ်လိုမြင်လဲ? ကျနော်ကတော့ Gaming Desktop ၊ Laptop မဝယ်ရသေးသူတွေ MacBook သုံးနေသူအတွက် Stadia ရှိနေရင် အလုပ်ဖြစ်တယ်လို့ပဲတွေးမိပါတယ်။

Credit: Nick Fernandez (Android Authority)
2B (Akhayar)