Google က Smart Display ကို ထုတ်လုပ်လာနိုင်မလား?






Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

အခုခေတ်မှာ Smart Speakers တွေက တဖြည်းဖြည်း ခေတ်စားလာပြီးတော့ အခုဆိုရင် Google Home ၊ Amazon Echo ၊ Apple HomePod တွေအပြင် Xiaomi ၊ LG လိုမျိုး ကုမ္ပဏီတွေကလည်း Smart Speakers တွေကို ထုတ်လုပ်နေကြတာဖြစ်ပါတယ်။ အခု Smart Speakers တွေက သီချင်းနားထောင်နေရင်း Digital Assistant တွေကနေ တစ်ဆင့် အလိုရှိရာခိုင်းစေနိုင်တာက လူတိုင်းအတွက် အကြိုက်တွေ့စေတာပဲဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Google ကနေ Smart Speaker တွေကနေ နောက်ထပ် Smart Product တစ်ခုကို ထုတ်လုပ်ဖို့ စိတ်ကူးနေပုံပါပဲ။ အခု Google ကနေ ပြုလုပ်နေတာကတော့ Google Smart Display ဖြစ်ပြီးတော့ Google Assistant သုံး Smart Speaker တစ်ခုကို Display တစ်ခုအနေနဲ့ပါ ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။

Google ကနေ အခုလိုမျိုး Smart Display တွေကို ပြုလုပ်နေတယ်ဆိုတာက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀၁၇ ခုနှစ်ထဲက သတင်းတွေထွက်လာခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာတော့ Project နာမည်နဲ့ အခြားသော အချက်အလက်တွေကိုပါ သိရှိလာရတာဖြစ်ပါတယ်။

Google က အခု Project နာမည်ကို “Manhattan” လို့ ပေးထားပြီးတော့ 7″ Display အပြင် Google Services တွေဖြစ်တဲ့ YouTube ၊ Google Assistant နဲ့ Google Photos တွေကို အဆိုပါ Smart Display ကနေ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Google ကတော့ Smart Home Market ကို အုပ်စိုးတော့မှာလား?

Zawyè (Akhayar) 

www.akhayar.com