URL Shortener “goo.gl” ကို ဖျက်သိမ်းတော့မယ့် Google





Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Website Address တစ်ခုခုကို Share ပေးဖို့ Copy ယူတဲ့အချိန်မှာ Website Address က အရမ်းရှည်နေပြီး Share တဲ့အချိန်မှာ အဆင်မပြေမှုတွေကို အနည်းနဲ့အများကြုံဖူးကြမှာပါ။

အဲ့ဒီအတွက် Website Address ကို အတိုချူံ့ပေးနိုင်တဲ့ URL Shortener တွေ ခေတ်စားလာပြီးတော့ စာလုံးရေ ၁၀ လုံးလောက်ပဲရှိတဲ့ Website Address တွေအဖြစ်ပြောင်းလဲပေးတာတဲ့ Service တွေပေါ်ထွက်လာပါတယ်။ အဲ့ဒီ URL Shortener တွေထဲမှာ Google ရဲ့ “goo.gl” Service က Google Account နဲ့ ချိတ်ဆက်ထားပြီး Click ပြုလုပ်တဲ့အရေအတွက်ကို ပြန်လည်ကြည့်ရှုနိုင်တဲ့အတွက် အခုလက်ရှိမှာ လူသုံးအများဆုံးသော URL Shortener တစ်ခုဖြစ်နေတာပဲဖြစ်ပါတယ်။

ဒါပေမယ့် Google ကနေ အခုလိုမျိုး အသုံးဝင်တဲ့ URL Shortner “goo.gl” ကို လာမယ့် ဧပြီလ ၁၃ ရက်နေ့က စတင်ပြီးတော့ iOS ၊ Android နဲ့ Web Apps တွေကို ပေးပို့နိုင်တဲ့ Firebase Dynamic Links Smart URL တွေနဲ့ အစားထိုးသွားတော့မှာဖြစ်ပါတယ်။

အဲ့ဒီအတွက် Google ရဲ့ URL Shortener ကိုတော့ အသုံးပြုနိုင်မှာမဟုတ်တော့ပဲ အခြားသော URL Shortening Services တွေဖြစ်တဲ့ Bit.ly နဲ့ Ow.ly တို့ကိုပဲ ပြောင်းလဲသုံးရတော့မှာပါ။

Zawyè (Akhayar) 

www.akhayar.com