Google ရဲ႕ Pixel Series စမတ္ဖုန္းေတြဟာ အျမဲတမ္းအေကာင္းဆံုးေသာ Android စမတ္ဖုန္းေတြအျဖစ္ သတ္မွတ္ခံရေလ့ရွိတာပဲျဖစ္ပါတယ္။ ဒါကလည္း Google က ကိုယ္တုိင္ Pixel Brand ကို ကိုယ္တုိင္ Hardware အျပင္ အေကာင္းဆံုးေသာ Software Optimization ေတြနဲ႔ ထုတ္ေပးေနတာေၾကာင့္လုိ႔ေျပာလို႔ရပါတယ္။

Google Pixel 3

အခုလည္း Google ကေန Pixel 3 စမတ္ဖုန္းေတြကို ျပီးခဲ့တဲ့ ရက္ပိုင္းတုန္းက မိတ္ဆက္ခဲ့ျပီးေတာ့ လာမယ့္ ေအာက္တုိဘာလ ၁၈ ရက္ေန႔ဆိုရင္စတင္ေရာင္းခ်ေတာ့မွာပဲျဖစ္ပါတယ္။ အဆုိပါ Pixel 3 နဲ႔ Pixel 3 XL စမတ္ဖုန္းေတြဆိုရင္လည္း လက္ရွိမွာ အေကာင္းဆံုးေသာ Camera နဲ႔ Software ေတြပါဝင္တဲ့ဖုန္းေတြအျဖစ္သတ္မွတ္ခံေနရျပီပဲျဖစ္ပါတယ္။

ဒါေပမယ့္ Google က သူ႕ရဲ႕ Pixel စမတ္ဖုန္းေတြကို ၾကြားတာကို ဒီေနရာမွာ မရပ္ေသးပါဘူး။ လက္ရွိမွာ ထြက္ရွိထားတဲ့ Pixel စမတ္ဖုန္းေတြရဲ႕ ၇၅ ရာခုိင္ႏႈန္းေက်ာ္က လက္ရွိမွာ Google ရဲ႕ အေကာင္းဆံုးေသာ Operating System တစ္ခုျဖစ္တဲ့ Android 9 Pie ကို အသံုးျပဳေနျပီလုိ႔ Twitter မွာ ေျပာၾကားခဲ့ပါတယ္။ ဒါကလည္း ျပီးခဲ့တဲ့ရက္ပိုင္းက Apple က လက္ရွိ iDevice ေတြရဲ႕ ၅၀ ရာခုိင္ႏႈန္းခန္႔က ေနာက္ဆံုးထြက္ iOS 12 ကို အသံုးျပဳေနတယ္ဆိုတဲ့ သတင္းကို ျပန္ျပီး တုန္႔ျပန္ခဲ့တာလည္းျဖစ္ပါတယ္။

Google Pixel 3

ဒီေနရာမွာ တစ္ခုေတြးစရာျဖစ္လာတာက အခုလုိမ်ိဳး Google Pixel စမတ္ဖုန္းေတြရဲ႕ ၇၅ ရာခုိင္ႏႈန္းေက်ာ္က Android Pie ကို အသံုးျပဳေနႏုိင္ျပီဆိုေပမယ့္ လက္ရွိမွာ Pixel ဖုန္းေတြက ေစ်းကြက္ထဲမွာ ေနရာယူမႈအလြန္နည္းပါးေနေသးတဲ့အတြက္ Android OS ကို အသံုးျပဳမႈအမ်ားဆံုးစာရင္းမွာေတာ့ Android 9 Pie က အခုမွ ၀.၁ ရာခုိင္ႏႈန္းပဲရွိေနတာျဖစ္ပါတယ္။ ဒါကလည္း Google Pixel ဖုန္းေတြကလြဲျပီး တျခားေသာ စမတ္ဖုန္းထုတ္လုပ္သူေတြက Android Update ကို ျမန္ျမန္ဆန္ဆန္မထုတ္ေပးႏုိင္တာလည္းပါပါတယ္။

ေနာက္တစ္ခုကေတာ့ Google က Pixel Brand ကို သာမန္ Android စမတ္ဖုန္းေတြကေန ခြဲထုတ္ေနတာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆုိရင္ လက္ရွိမွာ Android ဖုန္းအမ်ားစုက Google ရဲ႕ Stock Android ကို အသံုးမျပဳဘဲ ကိုယ္ပိုင္ User Interface ကို အသံုးျပဳေနၾကသလုိပဲ Google ကလည္း Pixel ဖုန္းေတြသာ သီးသန္႔အသံုးျပဳႏုိင္မယ့္ Software Feature ေတြ၊ Optimization ေတြကို ထည့္သြင္းေပးထားတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အခုအတိုင္းသာ ဆက္သြားေနမယ္ဆိုရင္ Pixel စမတ္ဖုန္းေတြက Google ရဲ႕ သီးသန္႔ Exclusive Feature ေတြ၊ အျမန္ဆံုး Software Update ေတြေၾကာင့္ တကယ္ကို အေကာင္းဆံုးေသာ Android စမတ္ဖုန္း Brand တစ္ခုျဖစ္လာမွာပါ။

Google Pixel 3

ဒါေပမယ့္လည္း Pixel ဖုန္းေတြက ဒီထက္ပိုျပီး ေအာင္ျမင္လာဖုိ႔အတြက္က အေကာင္းဆံုး Android ဖုန္းတစ္ခုျဖစ္ေနဖို႔တင္မဟုတ္ဘဲ ေရာင္းအားအေနနဲ႔လည္း ယခုထက္ပိုျပီး တုိးလာဖုိ႔လုိအပ္ေနပါျပီ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google ရဲ့ Pixel Series စမတ်ဖုန်းတွေဟာ အမြဲတမ်းအကောင်းဆုံးသော Android စမတ်ဖုန်းတွေအဖြစ် သတ်မှတ်ခံရလေ့ရှိတာပဲဖြစ်ပါတယ်။ ဒါကလည်း Google က ကိုယ်တိုင် Pixel Brand ကို ကိုယ်တိုင် Hardware အပြင် အကောင်းဆုံးသော Software Optimization တွေနဲ့ ထုတ်ပေးနေတာကြောင့်လို့ပြောလို့ရပါတယ်။

Google Pixel 3

အခုလည်း Google ကနေ Pixel 3 စမတ်ဖုန်းတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက မိတ်ဆက်ခဲ့ပြီးတော့ လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့ဆိုရင်စတင်ရောင်းချတော့မှာပဲဖြစ်ပါတယ်။ အဆိုပါ Pixel 3 နဲ့ Pixel 3 XL စမတ်ဖုန်းတွေဆိုရင်လည်း လက်ရှိမှာ အကောင်းဆုံးသော Camera နဲ့ Software တွေပါဝင်တဲ့ဖုန်းတွေအဖြစ်သတ်မှတ်ခံနေရပြီပဲဖြစ်ပါတယ်။

ဒါပေမယ့် Google က သူ့ရဲ့ Pixel စမတ်ဖုန်းတွေကို ကြွားတာကို ဒီနေရာမှာ မရပ်သေးပါဘူး။ လက်ရှိမှာ ထွက်ရှိထားတဲ့ Pixel စမတ်ဖုန်းတွေရဲ့ ၇၅ ရာခိုင်နှုန်းကျော်က လက်ရှိမှာ Google ရဲ့ အကောင်းဆုံးသော Operating System တစ်ခုဖြစ်တဲ့ Android 9 Pie ကို အသုံးပြုနေပြီလို့ Twitter မှာ ပြောကြားခဲ့ပါတယ်။ ဒါကလည်း ပြီးခဲ့တဲ့ရက်ပိုင်းက Apple က လက်ရှိ iDevice တွေရဲ့ ၅၀ ရာခိုင်နှုန်းခန့်က နောက်ဆုံးထွက် iOS 12 ကို အသုံးပြုနေတယ်ဆိုတဲ့ သတင်းကို ပြန်ပြီး တုန့်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

Google Pixel 3

ဒီနေရာမှာ တစ်ခုတွေးစရာဖြစ်လာတာက အခုလိုမျိုး Google Pixel စမတ်ဖုန်းတွေရဲ့ ၇၅ ရာခိုင်နှုန်းကျော်က Android Pie ကို အသုံးပြုနေနိုင်ပြီဆိုပေမယ့် လက်ရှိမှာ Pixel ဖုန်းတွေက စျေးကွက်ထဲမှာ နေရာယူမှုအလွန်နည်းပါးနေသေးတဲ့အတွက် Android OS ကို အသုံးပြုမှုအများဆုံးစာရင်းမှာတော့ Android 9 Pie က အခုမှ ၀.၁ ရာခိုင်နှုန်းပဲရှိနေတာဖြစ်ပါတယ်။ ဒါကလည်း Google Pixel ဖုန်းတွေကလွဲပြီး တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေက Android Update ကို မြန်မြန်ဆန်ဆန်မထုတ်ပေးနိုင်တာလည်းပါပါတယ်။

နောက်တစ်ခုကတော့ Google က Pixel Brand ကို သာမန် Android စမတ်ဖုန်းတွေကနေ ခွဲထုတ်နေတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိမှာ Android ဖုန်းအများစုက Google ရဲ့ Stock Android ကို အသုံးမပြုဘဲ ကိုယ်ပိုင် User Interface ကို အသုံးပြုနေကြသလိုပဲ Google ကလည်း Pixel ဖုန်းတွေသာ သီးသန့်အသုံးပြုနိုင်မယ့် Software Feature တွေ၊ Optimization တွေကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် အခုအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် Pixel စမတ်ဖုန်းတွေက Google ရဲ့ သီးသန့် Exclusive Feature တွေ၊ အမြန်ဆုံး Software Update တွေကြောင့် တကယ်ကို အကောင်းဆုံးသော Android စမတ်ဖုန်း Brand တစ်ခုဖြစ်လာမှာပါ။

Google Pixel 3

ဒါပေမယ့်လည်း Pixel ဖုန်းတွေက ဒီထက်ပိုပြီး အောင်မြင်လာဖို့အတွက်က အကောင်းဆုံး Android ဖုန်းတစ်ခုဖြစ်နေဖို့တင်မဟုတ်ဘဲ ရောင်းအားအနေနဲ့လည်း ယခုထက်ပိုပြီး တိုးလာဖို့လိုအပ်နေပါပြီ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com