Google ကေန ျပီးခဲ့တဲ့ေမလတုန္းက ျပဳလုပ္ခဲ့တဲ့ Google I/O 2018 မွာ လံုးဝကိုအံ့အားသင့္ဖြယ္ေကာင္းတဲ့ Feature တစ္ခုကို ျပသခဲ့ပါတယ္။ ဒါကေတာ့ Google Duplex လို႔ ေခၚတဲ့ Feature ပဲျဖစ္ျပီးေတာ့ Google Assistant ကေန Restaurant ဒါမွမဟုတ္ တစ္ေနရာရာကို ဖုန္းေခၚဆုိျပီးေတာ့ Reservation ျပဳလုပ္ေပးႏုိင္တာမွာပဲျဖစ္ပါတယ္။ ဒါက လံုးဝကို လူကဖုန္းေခၚေနဖုိ႔မလုိအပ္ေတာ့ဘဲ Google Assistant ကိုေျပာလုိက္တာနဲ႔ အလုိအေလ်ာက္ျပဳလုပ္ေပးသြားမွာပဲျဖစ္ပါတယ္။

Google Duplex on Google I/O 2018

အခုအခ်ိန္မွာေတာ့ Google ကေန အခု Duplex Feature ကို အခ်ိဳ႕ေသာသူေတြဆီမွာ အသံုးျပဳလုိ႔ရေအာင္ Update စတင္ထုတ္ေပးေနျပီျဖစ္ပါတယ္။ ဒါေပမယ့္ ထံုးစံအတိုင္း Google ရဲ႕ Software Feature တစ္ခုျဖစ္ေနတဲ့အတြက္ Google က ကိုယ္တုိင္ထုတ္လုပ္ထားတဲ့ Google Pixel စမတ္ဖုန္းေတြမွာပဲ ရရွိေနေသးတာျဖစ္ပါတယ္။ Google ရဲ႕ ေျပာၾကားခ်က္အရေတာ့ ေလာေလာဆယ္မွာ သတ္မွတ္ထားတဲ့ျမိဳ႕ေတြမွာရွိတဲ့ တခ်ိဳ႕ေသာ Pixel ဖုန္းေတြမွာပဲ Update ေပးရေသးျပီးေတာ့ တျဖည္းျဖည္းနဲ႔ Pixel ဖုန္းတုိင္းကို Update လုပ္ေပးသြားမယ္လုိ႔ သိရပါတယ္။

Google Duplex

အခု Google Duplex ဟာ ေလာေလာဆယ္မွာေတာ့ လုပ္ႏုိင္စြမ္းေတြကို ကန္႔သတ္ထားဦးမွာပဲျဖစ္ျပီးေတာ့ Restaurant ေတြကိုပဲ Booking ျပဳလုပ္ႏုိင္ဦးမွာပါ။ ဒါေပမယ့္လည္း ဒါကအစပဲျဖစ္ျပီးေတာ့ အခုေတာင္မွ Google က Partner အေနနဲ႔ မသတ္မွတ္ထားတဲ့ Restaurant ေတြကိုပါ Google Assistant က ဖုန္းေခၚဆုိျပီး Booking လုပ္ႏုိင္ျပီျဖစ္ပါတယ္။ အဲ့ဒီအတြက္ Google က သရုပ္ျပခဲ့သလုိ Hair Salon ကို Book လုပ္တာမ်ိဳး၊ ပိုျပီး ရႈပ္ေထြးတဲ့ Conversation ေတြကို ေျပာဆုိတာမ်ိဳးကေတာ့ ကန္႔သတ္ထားတုန္းပါ။ ဒါေပမယ့္ အေႏွးနဲ႔အျမန္ကို Google Duplex က အခုထက္ပုိျပီးေတာ့ လုပ္ႏုိင္စြမ္းေတြျမင့္မားလာေတာ့မွာအေသအခ်ာပါပဲ။

ေလာေလာဆယ္မွာေတာ့ စမ္းသပ္ဆဲျဖစ္တဲ့အတြက္ အခုရရွိေနတဲ့ Pixel အသံုးျပဳသူေတြက ေခၚဆုိခုိင္းတဲ့ Duplex Call ေတြအကုန္လံုးကို Google က Record ျပဳလုပ္ထားဦးမွာျဖစ္ျပီး Pixel ဖုန္းေတြအကုန္လံုးမွာရရွိေတာ့မွ Record ျပဳလုပ္တာကို ရပ္ဆုိင္းမယ့္ပံုစံပါပဲ။

Call Screening Feature on Pixel 3

Google ဟာ ျပီးခဲ့တဲ့ ေအာက္တုိဘာမွာ မိတ္ဆက္ခဲ့တဲ့ Google Pixel 3 ဖုန္းမွာလည္း Google Assistant က မသိတဲ့ဖုန္းနံပါတ္ေတြကို ကိုင္ျပီး ကိုယ္စားစကားေျပာေပးႏုိင္တဲ့ Call Screening Feature ကို ထည့္သြင္းေပးခဲ့ျပီးေတာ့ အခုလုိမ်ိဳး Google Duplex ကပါ Pixel စမတ္ဖုန္းေတြမွာ ရရွိလာတဲ့အတြက္ Google Pixel ဖုန္းက လက္ရွိမွာ Smart အျဖစ္ဆံုးေသာ စမတ္ဖုန္းေတြလုိ႔ေတာင္ ေျပာႏုိင္ေနပါျပီ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google ကနေ ပြီးခဲ့တဲ့မေလတုန်းက ပြုလုပ်ခဲ့တဲ့ Google I/O 2018 မှာ လုံးဝကိုအံ့အားသင့်ဖွယ်ကောင်းတဲ့ Feature တစ်ခုကို ပြသခဲ့ပါတယ်။ ဒါကတော့ Google Duplex လို့ ခေါ်တဲ့ Feature ပဲဖြစ်ပြီးတော့ Google Assistant ကနေ Restaurant ဒါမှမဟုတ် တစ်နေရာရာကို ဖုန်းခေါ်ဆိုပြီးတော့ Reservation ပြုလုပ်ပေးနိုင်တာမှာပဲဖြစ်ပါတယ်။ ဒါက လုံးဝကို လူကဖုန်းခေါ်နေဖို့မလိုအပ်တော့ဘဲ Google Assistant ကိုပြောလိုက်တာနဲ့ အလိုအလျောက်ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။

Google Duplex on Google I/O 2018

အခုအချိန်မှာတော့ Google ကနေ အခု Duplex Feature ကို အချို့သောသူတွေဆီမှာ အသုံးပြုလို့ရအောင် Update စတင်ထုတ်ပေးနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း Google ရဲ့ Software Feature တစ်ခုဖြစ်နေတဲ့အတွက် Google က ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Google Pixel စမတ်ဖုန်းတွေမှာပဲ ရရှိနေသေးတာဖြစ်ပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ လောလောဆယ်မှာ သတ်မှတ်ထားတဲ့မြို့တွေမှာရှိတဲ့ တချို့သော Pixel ဖုန်းတွေမှာပဲ Update ပေးရသေးပြီးတော့ တဖြည်းဖြည်းနဲ့ Pixel ဖုန်းတိုင်းကို Update လုပ်ပေးသွားမယ်လို့ သိရပါတယ်။

Google Duplex

အခု Google Duplex ဟာ လောလောဆယ်မှာတော့ လုပ်နိုင်စွမ်းတွေကို ကန့်သတ်ထားဦးမှာပဲဖြစ်ပြီးတော့ Restaurant တွေကိုပဲ Booking ပြုလုပ်နိုင်ဦးမှာပါ။ ဒါပေမယ့်လည်း ဒါကအစပဲဖြစ်ပြီးတော့ အခုတောင်မှ Google က Partner အနေနဲ့ မသတ်မှတ်ထားတဲ့ Restaurant တွေကိုပါ Google Assistant က ဖုန်းခေါ်ဆိုပြီး Booking လုပ်နိုင်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Google က သရုပ်ပြခဲ့သလို Hair Salon ကို Book လုပ်တာမျိုး၊ ပိုပြီး ရှုပ်ထွေးတဲ့ Conversation တွေကို ပြောဆိုတာမျိုးကတော့ ကန့်သတ်ထားတုန်းပါ။ ဒါပေမယ့် အနှေးနဲ့အမြန်ကို Google Duplex က အခုထက်ပိုပြီးတော့ လုပ်နိုင်စွမ်းတွေမြင့်မားလာတော့မှာအသေအချာပါပဲ။

လောလောဆယ်မှာတော့ စမ်းသပ်ဆဲဖြစ်တဲ့အတွက် အခုရရှိနေတဲ့ Pixel အသုံးပြုသူတွေက ခေါ်ဆိုခိုင်းတဲ့ Duplex Call တွေအကုန်လုံးကို Google က Record ပြုလုပ်ထားဦးမှာဖြစ်ပြီး Pixel ဖုန်းတွေအကုန်လုံးမှာရရှိတော့မှ Record ပြုလုပ်တာကို ရပ်ဆိုင်းမယ့်ပုံစံပါပဲ။

Call Screening Feature on Pixel 3

Google ဟာ ပြီးခဲ့တဲ့ အောက်တိုဘာမှာ မိတ်ဆက်ခဲ့တဲ့ Google Pixel 3 ဖုန်းမှာလည်း Google Assistant က မသိတဲ့ဖုန်းနံပါတ်တွေကို ကိုင်ပြီး ကိုယ်စားစကားပြောပေးနိုင်တဲ့ Call Screening Feature ကို ထည့်သွင်းပေးခဲ့ပြီးတော့ အခုလိုမျိုး Google Duplex ကပါ Pixel စမတ်ဖုန်းတွေမှာ ရရှိလာတဲ့အတွက် Google Pixel ဖုန်းက လက်ရှိမှာ Smart အဖြစ်ဆုံးသော စမတ်ဖုန်းတွေလို့တောင် ပြောနိုင်နေပါပြီ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com