Google Search မွာ ဓါတ္ပံုရွာတဲ့အခ်ိန္မွာ View Image Button ကို ျဖဳတ္လုိက္တဲ့ Google

Google မွာ ကိုယ္လုိခ်င္တဲ့ ဓါတ္ပံုေတြကို ရွာေဖြတတ္ၾကမွာပါ။ အဲ့ဒီလုိမ်ိဳး ရွာေတာ့မယ္ဆိုရင္ ကိုယ္ရယူခ်င္တဲ့ ဓါတ္ပံုကို View Image ႏွိပ္ျပီး အဆိုပါ ဓါတ္ပံုရဲ႕ Full Resolution Size ကို ၾကည့္ရႈတာပဲျဖစ္ျဖစ္၊ Download ရယူတာပဲျဖစ္ျဖစ္ ျပဳလုပ္ႏိုင္မွာပဲျဖစ္ပါတယ္။

ဒါေပမယ့္ Google က ဒီေန႔ကေန စတင္ျပီးေတာ့ Google Search မွာ ဓါတ္ပံုရွာတဲ့အခ်ိန္မွာ View Image Button ကို ေပးမႏွိပ္ေတာ့ပဲ ျဖဳတ္ထားလုိက္ျပီျဖစ္ပါတယ္။ ဒါဟာ Image Search ေတြအျပင္ images.google.com ကေန ရွာေဖြမယ္ဆိုရင္လည္း ပါဝင္မွာမဟုတ္ေတာ့တာပဲျဖစ္ပါတယ္။

အဲ့ဒီအတြက္ အခုအခ်ိန္မွာ ဓါတ္ပံုတစ္ခုခုကိုလုိခ်င္တယ္ဆိုရင္ ဒီအတိုင္း သာမန္ ဓါတ္ပံုကို ေထာက္ျပီး Preview Image ကို ရယူတာ ဒါမွမဟုတ္ မူရင္း Website ကို ဖြင့္ျပီး Original Website က ဓါတ္ပံုကိုပဲရယူတာ စတဲ့နည္းလမ္းေတြပဲရွိေတာ့မွာျဖစ္ပါတယ္။ Google အေနနဲ႔ ဓါတ္ပံုေတြကို Copyright မရွိပဲ ရယူမွာကို တားဆီးခ်င္တာေၾကာင့္လည္း အခုလုိမ်ိဳးဆံုးျဖတ္ခဲ့ပံုပါပဲ။

ေနာက္ထပ္တစ္ခုကေတာ့ အသံုးဝင္တဲ့ Google Image Search Feature တစ္ခုျဖစ္တဲ့ “Search by Image” Feature ကိုလည္း Google က ျဖဳတ္ပစ္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ အခုအခ်ိန္မွာ တူညီတဲ့ ဓါတ္ပံုေတြကို ရွာေဖြခ်င္တယ္ဆိုရင္ ဓါတ္ပံုတစ္ပံုကို Right Click ေထာက္ျပီး Search Google for this image ကေနပဲ ရွာေဖြႏုိင္ေတာ့မွာပါ။

Copyright Protection ေၾကာင့္ျဖစ္တဲ့အတြက္ ေနာက္ပိုင္းမွာေတာ့ Google ကေန ဓါတ္ပံုရွာတဲ့အခ်ိန္မွာေတာင္ လြယ္လြယ္ကူကူရွာႏုိင္မွာမဟုတ္ေတာ့ပါဘူး။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google မှာ ကိုယ်လိုချင်တဲ့ ဓါတ်ပုံတွေကို ရှာဖွေတတ်ကြမှာပါ။ အဲ့ဒီလိုမျိုး ရှာတော့မယ်ဆိုရင် ကိုယ်ရယူချင်တဲ့ ဓါတ်ပုံကို View Image နှိပ်ပြီး အဆိုပါ ဓါတ်ပုံရဲ့ Full Resolution Size ကို ကြည့်ရှုတာပဲဖြစ်ဖြစ်၊ Download ရယူတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။

ဒါပေမယ့် Google က ဒီနေ့ကနေ စတင်ပြီးတော့ Google Search မှာ ဓါတ်ပုံရှာတဲ့အချိန်မှာ View Image Button ကို ပေးမနှိပ်တော့ပဲ ဖြုတ်ထားလိုက်ပြီဖြစ်ပါတယ်။ ဒါဟာ Image Search တွေအပြင် images.google.com ကနေ ရှာဖွေမယ်ဆိုရင်လည်း ပါဝင်မှာမဟုတ်တော့တာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် အခုအချိန်မှာ ဓါတ်ပုံတစ်ခုခုကိုလိုချင်တယ်ဆိုရင် ဒီအတိုင်း သာမန် ဓါတ်ပုံကို ထောက်ပြီး Preview Image ကို ရယူတာ ဒါမှမဟုတ် မူရင်း Website ကို ဖွင့်ပြီး Original Website က ဓါတ်ပုံကိုပဲရယူတာ စတဲ့နည်းလမ်းတွေပဲရှိတော့မှာဖြစ်ပါတယ်။ Google အနေနဲ့ ဓါတ်ပုံတွေကို Copyright မရှိပဲ ရယူမှာကို တားဆီးချင်တာကြောင့်လည်း အခုလိုမျိုးဆုံးဖြတ်ခဲ့ပုံပါပဲ။

နောက်ထပ်တစ်ခုကတော့ အသုံးဝင်တဲ့ Google Image Search Feature တစ်ခုဖြစ်တဲ့ “Search by Image” Feature ကိုလည်း Google က ဖြုတ်ပစ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုအချိန်မှာ တူညီတဲ့ ဓါတ်ပုံတွေကို ရှာဖွေချင်တယ်ဆိုရင် ဓါတ်ပုံတစ်ပုံကို Right Click ထောက်ပြီး Search Google for this image ကနေပဲ ရှာဖွေနိုင်တော့မှာပါ။

Copyright Protection ကြောင့်ဖြစ်တဲ့အတွက် နောက်ပိုင်းမှာတော့ Google ကနေ ဓါတ်ပုံရှာတဲ့အချိန်မှာတောင် လွယ်လွယ်ကူကူရှာနိုင်မှာမဟုတ်တော့ပါဘူး။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com