ပြီးခဲ့တဲ့လပိုင်းတုန်းက The Wall Street Journal ကနေ Google Maps မှာရှိနေတဲ့ Business တွေတော်တော်များများက Fake Address ဖြစ်နေကြောင်း ထောက်ပြခဲ့ပါတယ်။ အဆိုပါ ထောက်ပြချက်အရဆိုရင် တကယ်မရှိတဲ့နေရာတွေကို Business အနေနဲ့ Claim လုပ်ထားတယ်ဆိုပြီးပြောကြားခဲ့တာဖြစ်ပါတယ်။

Google က အဆိုပါ ပြောကြားချက်ကို ပြန်ပြီး ဖြေရှင်းခဲ့ပြီးတော့ The Wall Street Journal က Google Maps မှာ ရှိတဲ့ Business တွေက ၁၁ သန်းလောက်အထိရှိနေပေမယ့် တကယ်တန်း Google က ပြန်လည်ဖြေရှင်းတာကတော့ လက်ရှိ ရှိနေတဲ့ Business Listing တွေရဲ့ ၀.၅ ရာခိုင်နှုန်းလောက်ပဲ Fake ဖြစ်နိုင်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။။

ဒါ့အပြင် Google ကနေ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ဒီလိုမျိုး Google Maps မှာရှိတဲ့ Fake Business Address တွေ ၃ သန်းကျော်ကို ဖျက်ချခဲ့တယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။ ဒီနေရာမှာ ထူးဆန်းတာက Google ကနေ အဆိုပါ Fake Address တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို Maps အသုံးပြုသူတွေမမြင်ရခင်မှာတင် ဖျက်ချနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ ၈၅ ရာခိုင်နှုန်းသော ဖျက်ချမှုတွေကို Internal System ကနေ ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ Fake Address ပေါင်း၂၅၀,၀၀၀ လောက်ပဲ အသုံးပြုသူတွေက Report ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် Google ကနေ အခုလိုမျိုး Fake Business Address ကို ပြုလုပ်နေတယ်လို့ ယူဆရတဲ့ User Account ၁၅၀,၀၀၀ ဝန်းကျင်ကိုလည်း ဖျက်ချခဲ့တယ်လို့ ပြောကြားခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Google Maps မှာ Business Address တိုင်းကို အပြင်မှာ တကယ်ရှိတယ်ဆိုပြီး ယုံကြည်ဖို့ကတော့ နည်းနည်းခက်ခဲဦးမှာပါ။

Ref : 9to5Google