Google ရဲ႕ ARCore က လက္ရွိမွာ အခ်ိဳ႕ေသာ စမတ္ဖုန္းေတြမွာပဲ Support ျပဳလုပ္ေနေသးတဲ့ နည္းပညာတစ္ခုျဖစ္ျပီးေတာ့ အခုအခ်ိန္မွာေတာ့ အဆုိပါ ARCore Support လုပ္တဲ့ Devices ေတြမွာ တုိင္းတာႏုိင္တဲ့ Measure App ကို ထုတ္ေပးလုိက္ျပီးျဖစ္ပါတယ္။

Google Measure App

အခု Measure App ဟာ အရာဝတၳဳတစ္ခုခုကို တုိင္းတာတဲ့ေနရာမွာအသံုးျပဳဖုိ႔ျဖစ္ျပီးေတာ့ အလင္းေကာင္းေကာင္းရျပီး ျပန္႔ညီေနတဲ့ အရာေတြမွာ အရွည္နဲ႔ အျမင့္ဘယ္ေလာက္ရွိတယ္ဆုိတာကို တုိင္းတာႏုိင္မွာပဲျဖစ္ပါတယ္။

Google Measure App

အခုလုိမ်ိဳး Measure App ကို အသံုးျပဳၾကည့္တဲ့အခ်ိန္မွာလည္း ေကာင္းေကာင္းအလုပ္လုပ္တာကို ေတြ႕ရျပီးေတာ့ ပံုမွန္ ေပတံနဲ႔တိုင္းတာသလိုပဲ တိက်တာကို ေတြ႕ရပါတယ္။ အဲ့ဒီအတြက္ တကယ္လုိ႔ ေပတံမပါလာတဲ့အခ်ိန္မ်ိဳးမွာဆုိရင္ ဒီ App က အသံုးဝင္မွာပါ။

Google က အခုလုိမ်ိဳး တုိင္းတာမႈေတြအတြက္ Measure App ကို ထုတ္ေပးလုိက္သလုိပဲ Apple ကလည္း iOS 12 မွာလည္း တိုင္းတာႏုိင္တဲ့ Feature ကို ထည့္သြင္းေပးလုိက္ျပီဆုိေတာ့ အခု Android နဲ႔ iOS ရဲ႕ ျပိဳင္ဆိုင္မႈက ပိုျပင္းထန္လာတယ္လုိ႔ ေျပာလို႔ရပါတယ္။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google ရဲ့ ARCore က လက်ရှိမှာ အချို့သော စမတ်ဖုန်းတွေမှာပဲ Support ပြုလုပ်နေသေးတဲ့ နည်းပညာတစ်ခုဖြစ်ပြီးတော့ အခုအချိန်မှာတော့ အဆိုပါ ARCore Support လုပ်တဲ့ Devices တွေမှာ တိုင်းတာနိုင်တဲ့ Measure App ကို ထုတ်ပေးလိုက်ပြီးဖြစ်ပါတယ်။

Google Measure App

အခု Measure App ဟာ အရာဝတ္ထုတစ်ခုခုကို တိုင်းတာတဲ့နေရာမှာအသုံးပြုဖို့ဖြစ်ပြီးတော့ အလင်းကောင်းကောင်းရပြီး ပြန့်ညီနေတဲ့ အရာတွေမှာ အရှည်နဲ့ အမြင့်ဘယ်လောက်ရှိတယ်ဆိုတာကို တိုင်းတာနိုင်မှာပဲဖြစ်ပါတယ်။

Google Measure App

အခုလိုမျိုး Measure App ကို အသုံးပြုကြည့်တဲ့အချိန်မှာလည်း ကောင်းကောင်းအလုပ်လုပ်တာကို တွေ့ရပြီးတော့ ပုံမှန် ပေတံနဲ့တိုင်းတာသလိုပဲ တိကျတာကို တွေ့ရပါတယ်။ အဲ့ဒီအတွက် တကယ်လို့ ပေတံမပါလာတဲ့အချိန်မျိုးမှာဆိုရင် ဒီ App က အသုံးဝင်မှာပါ။

Google က အခုလိုမျိုး တိုင်းတာမှုတွေအတွက် Measure App ကို ထုတ်ပေးလိုက်သလိုပဲ Apple ကလည်း iOS 12 မှာလည်း တိုင်းတာနိုင်တဲ့ Feature ကို ထည့်သွင်းပေးလိုက်ပြီဆိုတော့ အခု Android နဲ့ iOS ရဲ့ ပြိုင်ဆိုင်မှုက ပိုပြင်းထန်လာတယ်လို့ ပြောလို့ရပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com